"Park Jimin သတိထား"
ဘေးမှာရှိတဲ့ Tae hyungက လှမ်းအော်ပေမယ့်လည်း အချိန်မမှီတော့
ဒုတ်!!
"အ့"
သူ့ခေါင်းသို့ ဘောလုံးတစ်လုံးလာမှန်ခြင်း
"အား..နာလိုက်တာ ဘယ်ကောင်ပစ်တာလဲဟ!!"
ထို့နောက်သူ့ရှေ့သို့ရောက်လာသော ကောင်လေးတစ်ယောက်
သူ့ဘောလုံးသူကောက်ကာပြန်လှည့်သွားသောကြောင့် ဒေါသထွက်မိသည်"ဒီမှာ ကိုယ်လုပ်ပြီးရင် ပြန်တောင်းပန်ရမယ်ဆိုတာမသိဘူးလား!!"
"ဘာလို့တောင်းပန်ရမှာလဲ မင်မှားတာလေ"
တစ်ဖက်ကပြန်ဖြေတဲ့ကောင်လေးရဲ့အသံသည် သူ့လိုဒေါသသံတွေပါပဲ တည်တည်ငြိမ်ငြိမ်ပင်
ထိုသို့ဆက်ဆံခြင်းသည် JIMINကိုပို၍ပင်ဒေါသထွက်စေသည်
"မင်းပဲငါ့ခေါင်းကိုဘောလုံးနဲ့ပစ်တာလေ မင်းတောင်းပန်ရမှာပေါ့!!"
ဒေါသသံပါနေသောကြောင့် အသံသည် အနည်းငယ်ကျယ်သွားကာ ဖြတ်သွားဖြတ်လာများမှာလည်းဝိုင်းကြည့်လာကြသည်
အခုကျွန်တော်ရောက်နေတဲ့နေရာက ဘက်(စ်)ဘောကွင်းမှာ Taeက ကြည့်ချင်ပါတယ်ဆိုလို့ မလိုက်ချင်လိုက်ချင်နဲ့လိုက်လာရတာ ခုတော့ ပြသနာဖြစ်ပြီမလား Park Jiminရေ
ကိုယ့်ကိုကိုယ်ကျိန်ဆဲရင်းသာ
"ငါကတော့မတောင်းပန်နိုင်ဘူး မင်းမှားတာလေ ထိုင်နေတဲ့နေရာကိုလဲကြည့်ဉီး သူများတွေလို ဆော့နေတဲ့နေရာနဲ့ လွတ်တဲ့နေရာမှာထိုင်ပါလား ဖြစ်တာနည်းနည်းတောင်နည်းသေးတယ်"
ထိုသို့အသံငြိမ်ငြိမ်နဲ့ပြောကာ ထွက်သွားသောကောင်လေး
"ဘာ မင်း!!"
"jiminတော်တော့ လာ လာအတန်းပြန်ရအောင်နော်"
ထိုကောင်လေးနောက်လိုက်မယ်ကြံတုန်းလှမ်းဆွဲထားတော့ tae hyungကြောင့် ကိုယ်ကပဲစိတ်လျော့လိုက်သည်
ဟူးးးစိတ်လျော့ Park Jimin စိတ်လျော့ ငါက သမာဓိအားပြည့်ဝတဲ့မို့ ငါကပဲ အလျော့ပေးရမယ်စိတ်လျော့ ကိုယ့်ကိုကိုယ် သတိပေးရင်း အတန်းလည်း ဆက်မတက်ချင်တော့တာနဲ့ အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်