မိုး..
သူအနှစ်သက်ဆုံးရာသီလေး..သူပြောခဲ့တဲ့ဒဏ္ဍာရီလေးက
"မိုးကိုကြိုက်ပေမဲ့မိုးခြိမ်းရင်ကောအရမ်းကြောက်တာပဲလောင်ဝမ်"တဲ့.......
မိုးရာသီမှာတွေ့ခဲ့ဆုံခဲ့..ချစ်ခဲ့ကြင်နာခဲ့...လမ်းခွဲခဲ့...မိုးရာသီမှာပဲသူကျွန်တော့်ကိုအပြီးပိုင်တယောက်ထဲထားသွားခဲ့တယ်.....
...................................................................
ဒိန်း...ဂျိမ်း..!!!!!!!
စူးရှနေတဲ့အသံကြောင့်အိပ်မက်ဆိုးကနေလန့်နိုးလာခဲ့တယ်...ရိပေါ်အတွက်မက်နေကြအိပ်မက်လေးဆိုပေမဲ့ဘယ်တော့မှရိုးမသွား..
ဒါကိုမြင်မက်တိုင်းသူနာကျင်စွာငိုနေမိတုန်း...
ဆက်အိပ်၍မရတော့သည်မို့အောက်ထပ်ကိုသာဆင်းလာခဲ့သည်.....
"သား..လာလေ..မားသားကြိုက်တဲ့ကြက်သားအုန်းနို့လေးချက်ထားတယ်.....
"မား..ခုဘယ်နှနာရီလဲဟင်...
"အင်း...7နာရီထိုးပြီလေ...
"အ့ဆိုဘာလို့အရမ်းမှောင်နေတာလဲ...
"အော်..သားမသိဘူးလား...ဒီနေ့မုန်တိုင်းဝင်မယ်တဲ့...သတင်းကအတိအလင်းကြေညာထားတယ်ကွဲ့..သားလဲဆိုင်ကယ်သွားမစီးနဲ့တော့.......
"အော်..ဗျာ...!!!!
"ဟဲ့ဘာဖြစ်တာလဲအလန့်တကြား.....
သူမားစကားကိုဆုံးအောင်နားမထောင်..အိမ်ပြင်အမြန်ထွက်ကြည့်လိုက်မိ၏......
ကောင်းကင်မှာမိုးသားတိမ်တိုက်များကမည်းမှောင်နေပြီး...လျှပ်နွယ်ပန်းခက်များကကြောက်စဖွယ်လက်ထနေကြတယ်....
သူကောင်းကင်ကြီးကိုကြည့်ပြီးရင်ထဲမှာပူပင်လာမိတယ်....
"ကော ကမိုးခြိမ်းတာကြောက်တယ်..မဖြစ်ဘူး..သူအခုကြောက်နေရှာတော့မှာပဲ...
....စိုးရိမ်စိတ်များဖြင့်ထီးကိုဆွဲကာချစ်သူရှိရာဆီအပြေးလေးသွားနေမိတော့တယ်..မားရဲ့လှမ်းအော်သံကိုလဲမကြားမိတော့...သူ့ရင်ထဲမှာသူ့ချစ်သူလေးခုလောက်ဆိုကြောက်နေရှာတော့မလားဆိုတဲ့ပူပန်မှုသာရှိတော့တယ်....
YOU ARE READING
..မနိုးပါစေနဲ့မိုးရယ်..One Shot
AcakOne shot Seနော်..ကြိုပြောတာ..one shortမို့seလိုက်တာ..အကုန်heပဲရေးပါတယ်နော်