Part-2

235 40 12
                                    

                     တရားရုံးကနေအိမ်ပြန်ရောက်တော့ချန်းယောလ်ရဲ့စိတ်တွေကလွတ်လပ်ပေါ့ပါးနေသလိုပဲ! အခုဆိုသူကလူလွတ်ဖြစ်သွားပြီ။ တဂယ့်ကိုလူလွတ်ဖြစ်သွားပြီ! ဒီလိုအတွေးတွေးမိပြန်တော့လည်း ခုနကလိုမပြုံးနိုင်တော့ဘူး ဘာလို့လဲ? ခုနကရယ်ပြုံးနေတာနဲ့အခုနဲ့ကတစ်မိနစ်တောင်မကြာဘူးလေ ဒီအချိန်လေးအတွင်းမှာဘယ်လိုတောင်စိတ်ကပြောင်းလဲနေရတာလဲ?

                      အပြင်ကပြန်လာတော့ရေသောက်ရအောင်မီးဖိုခန်းထဲဝင်တော့လည်းရေခွက်ထားတဲ့စင်ပေါ်မှာအရင်ကနှစ်ယောက်ဆင်တူဝယ်ထားတဲ့ရေခွက်လေးတစ်စုံကနေရာတစ်ကျရှိနေတယ်! ပိုင်ရှင်မဲ့သွားရတဲ့ခွက်လေးအတွက်တော့စိတ်မကောင်းပါဘူး.....
                         ဘာကြောင့်မှန်းမသိပေမယ့် ဆင်တူရေခွက်လေးကိုချန်းယောလ်ပြန်ချလိုက်ပြီးတခြားခွက်နဲ့ပဲရေသောက်လိုက်မိတယ်! ရေသောက်ပြီးတော့ခဏတဖြုတ်နားဖို့အတွက်အပေါ်ထပ်အိပ်ခန်းကိုတက်သွားတော့လည်း အခန်းထဲရောက်တော့ နှစ်ယောက်အတူအိပ်ခဲ့တဲ့နှစ်ယောက်အိပ်အိပ်ယာလေး! ဘတ်ဟျွန်းအိပ်တဲ့ဘက်ခြမ်းကပြန့်ပြန့်ပြူးပြူးလေးနဲ့......သူဖတ်လက်စစာအုပ်လေးကတောင်ခေါင်းအုံးပေါ်မှာမှောက်ရက်လေး။ ဘတ်ဟျွန်းနီကတော့လေ ကိုယ့်စာအုပ်ကိုယ်မယူသွားဘူး အသစ်ပြန်ဝယ်ရတော့မှာပဲ!
    
                            ဘတ်ဟျွန်းနီ? သူဘတ်ဟျွန်းကိုအဲ့လိုခေါ်ဖို့သင့်တော်ပါတော့မလား? မသိဘူး သင့်တော်တာမသင့်တော်တာသူမသိပေမယ့်ဒီတိုင်းဆယ်နှစ်တာလောက်ခေါ်ခဲ့တာမို့အကျင့်ဖြစ်ပြီးခေါ်မိသွားတာ!

                            ဘာအကြောင်းမှမတွေးချင်တော့ဘူး သူ့အကြောင်းလည်းမတွေးချင်ဘူး ဘတ်ဟျွန်းဘယ်လိုဖြစ်နေမလဲဆိုတာလည်းမတွေးချင်တော့ဘူး သူတို့နှစ်ယောက်အကြောင်းလည်းမတွေးချင်တော့ဘူး ခဏတော့အိပ်မှဖြစ်တော့မှာ သူအရမ်းပင်ပန်းနေပြီ!

                        လူပျိုတုန်းကနေခဲ့တဲ့အရင်အိမ်လေးကိုပြန်ရောက်တော့ဘတ်ဟျွန်းရဲ့စိတ်တွေပါနုပျိုနေရော။ ကောင်းလိုက်တာ အခုမှစိတ်တွေပေါ့ပါးလွတ်လပ်နေတာပဲ အရင်တုန်းကလို ဘာအပူအပင်မှမရှိတဲ့ လူငယ်လေးတစ်ယောက်လိုပျော်ပျော်ပဲပြန်နေမယ် ညကျရင် မသွားရတာကြာတဲ့ club ကိုပြန်သွားမယ် အကြိုက်ကမယ် အကြိုက်သောက်မယ်!!အားး စိတ်ရောလူရောလွတ်လပ်ပေါ့ပါးနေတာပဲ နေရထိုင်ရအဆင်ပြေလို​က်တာ!

FarthestTempat cerita menjadi hidup. Temukan sekarang