အပိုင်း ၁၀

1K 110 11
                                    

Unicode

I Belonged To You

 
      " ဟင့်အင်းး ..ငါမင်းကို မချစ်ဘူး RenJun "

        အချစ်တွေဖွက်သိမ်းပြီး အမုန်းတွေကို ကျေ‌ကျေ နပ်နပ်ကြီး ပွေ့ပိုက်သွားတဲ့ သူ .....။

       လွမ်းစရာတွေကို နာစရာနဲ့ ဖြေရအောင်လည်း ထိုကျောခိုင်းသွားသူအား နည်းနည်းလေးတောင် မမုန်းရက်ခဲ့ပြန်တော့...။

       ပိုချစ်တဲ့သူက ရှုံးကြေးဆို ဒီနေ့မှာ အလဲလဲအပြိုပြို ရှုံးနိမ့်သွားတဲ့သူဟာ ငါပါပဲ Jaemin ...။

                       ⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛

       * ကျွန်တော် အဖြေပေးပါ့မယ် * ဆိုလို့ Lee Mark မျှော်လင့်ချက်တွေနဲ့ ပန်းခြံလေးဆီ ရောက်နေခဲ့သည် ။ အရာအားလုံးကို ထပ်အဆုံးရှုံးခံနိုင်တယ် သူ သိပ်ချစ်တဲ့ RenJun လေးတော့ မဖြစ်ရဘူး ။

      အခုတော့ သိပ်ချစ်ရတဲ့ ကောင်ငယ်လေးကပဲ သူ့ရင်ခွင်အစုံကို လိမ်ညာမှုတွေနဲ့ အချက်ပေါင်းမနည်း ထိုးစိုက်သွားခဲ့သည်...။

      RenJun...Jaemin ကို ချစ်နေတာလို့ သူမရိပ်မိလောက်တဲ့ထိ အ ခဲ့မိပါသည် ။ အကြောင်းက RenJun ရဲ့ *မဟုတ်ပါဘူး* လို့ ငြင်းထားတဲ့ မုသားတစ်ခုကို သူ ပုံအပ်ယုံကြည်ထားမိလို့လေ ။

      တစ်ခါတစ်လေ ကံကြမ္မာဇာတ်ဆရာက သိပ်ကြောက်ဖို့ကောင်း၏ ။ ရှုံးနေပြီးသား သူ့ကို ထပ်ထပ်ရှုံးခိုင်းရလောက်တဲ့ထိ..မျက်နှာလိုက်လွန်းတယ် မဟုတ်လား ။

      " ကိုယ့်ကို အဖြေပေးမယ် ဆိုတာက လိမ်ညာခဲ့တာလား ..!? သူ မင်းကို ဖွင့်ပြောအောင်လို့ တမင် အသုံးချခဲ့တာတော့ မဟုတ်ဘူးမလား "

      Lee Mark ..သူ့ကို လက်ထပ်ခွင့်လည်း မတောင်းထားသေးပါဘူး ။ Lee Mark ပြောသလို သူ့ကို Jaemin အချစ်တွေ ထုတ်ပြလာအောင် တမင်လှည့်စားလိုက်တဲ့ စကားလုံး သက်သက်တွေပါ ။

      " ကျွန်တော် တောင်းပန်ပါတယ် "

      Mark ရဲ့ ထုတ်မပြနိုင်တဲ့ ရင်တွင်းတစ်နေရာက စူးစူးအောင့်အောင့် နာကျင်နေလေသည် ။ ချစ်ရတဲ့ ကောင်ငယ်လေးက သူ့အချစ်တွေကို ခုတုံးလုပ်တဲ့ထိ သိပ်ရက်စက်လွန်းတယ် ။

I Belonged To You [ Season 1 ]Wo Geschichten leben. Entdecke jetzt