အပိုင်း ၂၈

1.2K 137 30
                                    

Unicode

I Belonged To You

" ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကဲ ..မာမီ့သား အချစ်တုံးလေးလည်း မျက်လုံးလေးမှိတ်ပြီး အိပ်ပါတော့နော် "

[ လွန်ခဲ့သော ၁၉ နှစ်ကျော်ခန့်က ]

" ဟင်းး နောက်တစ်ပုဒ် ပြောပြ .."

သူ့ရင်ဘတ်လေးပေါ် ဖွဖွပုပ်ပေးပြီး ချော့သိပ်နေသည့် မာမီ့လက်ကို အတင်းဆွဲထားကာ ၅ နှစ်သားလေး Lee Mark ဂျီကျနေသည်။

" နောက်တစ်ပုဒ် နောက်တစ်ပုဒ်နဲ့ ၁၁ နာရီကျော်ပြီ ခြင်္သေ့ပေါက်ကလေးရဲ့။ မနက်ဖြန် ကျောင်းလည်း သွားရမှာကို အိပ်တော့ "

" အာ့ဆို မာမီ သားနဲ့ အိပ် "

" ဂျီကျလိုက်တာရှင် ..။ မာမီက သားဒယ်ဒီ အိမ်ပြန်မလာသေးလို့ စောင့်ရအုံးမယ် သားရဲ့ "

" ဒယ်ဒီက ဘာလို့ပြန်မလာသေးတာလဲ "

" ဒယ်ဒီ အလုပ်ရှုပ်နေလို့ပေါ့ သားရယ် ..။အိပ်တော့နော် .."

ထိုစဉ် ခြံထဲ ကား‌ဝင်လာသံ ကြားရ၏ ။

" ဟော ပြန်လာပြီ။ မာမီ သွားကြိုလိုက်အုံးမယ်။ သားသားက အိပ်နှင့်တော့နော် "

" ဟုတ် "

" မွ ..Goodnight ‌မာမီ့သားချောလေး "

Markeu နဖူးလေးကို နမ်းခဲ့ကာ စောင် သေချာခြုံ အခန်းမီးတွေ ပိတ်ပြီး ထွက်လာခဲ့သည်။

" ကို ဒီနေ့ အရမ်းနောက်ကျ ..."

တအီးအီး အော်ငိုနေသည့် ကလေးတစ်ယောက်ကိုချီလျက် အိမ်ထဲဝင်လာသည့် ခင်ပွန်းကြောင့် သူမစကားတွေ ရပ်တန့်ပြတ်တောင်းသွား၏ ။ သူမ အမျိုးသားမှာ အရက်မူးနေဟန်ရှိပြီး လက်ပေါ်က ငိုနေသည့် ကလေးလေးကို တဖွဖွ နမ်းရှုံ့နေသည်။ ထို့နောက် ..

" ဖေ့သားလေး..။ ဖေဖေ့သားလေး " ဟုလည်း တတွတ်တွတ် မြည်တမ်းရွတ်ဆိုနေ၏ ။

" ကို ..အဲ့တာ ဘယ်သူ့ကလေးလေးလဲ "

သူမ ကြောင်အ,လျက်သားဖြင့် အမျိုးသားကို မေးမိသည်။

" ဘယ်သူ့ကလေးကမှာလဲ Lee Suyoung ...။ ငါ့ကလေးလေ ဒါ ငါ့ကလေး...ငါ့သား .."

I Belonged To You [ Season 1 ]Where stories live. Discover now