အပိုင်း ၃၃ ( ဇာတ်သိမ်းပိုင်း )

1.6K 142 25
                                    

Unicode

I Belonged To You

" ခွပ် "

ပါးရိုးပေါ် ရောက်လာသည့် လက်သီးတစ်ချက်ကို Jaemin ဒီတိုင်း ခံယူသည်။

" တောက် ...။ Lee Mark အစစ် မဟုတ်ပါဘူးဆို။ ဒဏ်ရာတွေ မရှိပါဘူးဆို။ အခု ဆေးရုံတင်လိုက်ရတဲ့ ဒဏ်ရာနဲ့သူက ဘယ်သူလဲ အဲ့တာဆို ..."

Lee Leo တစ်ယောက် သူ စီစဉ်ထားတာတွေလည်း ဖြစ်မလာရော အနှစ်နှစ်အလလက ဟန်ဆောင်အချိုသပ်ထားတဲ့ မျက်နှာဖုံးက ကွာကျတော့တာပါပဲ။

" အဲ့တာတွေ ကျွန်တော်မသိဘူး။ စိတ်လည်း မဝင်စားဘူး။ RenJun ဘယ်မှာလဲ ..။ ခင်ဗျားခိုင်းတဲ့အတိုင်း လုပ်ရင် ပေးတွေ့မယ်ဆိုပြီး အခု RenJun က ဘယ်မှာလဲ .."

Jaemin ကိုယ်တိုင်လည်း ဒီကိစ္စတွေကို စိတ်ကုန်နေခဲ့ပြီ။ အခမ်းအနားမှာတုန်းက ဒဏ်ရာတစ်စွန်းတစ်စမျှ ရှိမနေတဲ့ အကောင်းပကတိ Lee Mark နဲ့ ဆုံပြီး မနက်ရောက်တော့ Haechan လာခေါ်လို့ လိုက်ကြည့်ချိန် ဒဏ်ရာဗရပွနဲ့ သတိမေ့နေတဲ့ Lee Mark ကို မျက်လှည့်ပြခံလိုက်ရသလို သူ ပြန်တွေ့ရပြန်သည်။ Lee Mark က တကယ်ပဲ နှစ်ယောက်ရှိတာလား ..တစ်ယောက်တည်းလား သူ စိတ်မဝင်စားတော့ပါ။ ဖြစ်နိုင်လျှင် RenJun ကို ဒီအခြေနေက ကယ်ထုတ်ပြီး အဝေးဆုံးတစ်နေရာမှာသာ အတူသွားပုန်းနေလိုက်ချင်တော့သည်။

" လုပ်ရမဲ့ တာဝန်ကျ ပြီးပြတ်အောင် မလုပ်နိုင်ခဲ့ပဲ တွေ့ဖို့ စိတ်မကူးနဲ့ .."

" တာဝန် ဟုတ်လား ..။ ခင်ဗျားခိုင်းတဲ့ ယုတ်ညံ့တဲ့ကိစ္စက တာဝန်တဲ့လား ..။ တကယ်တော့ ခင်ဗျားက ခင်ဗျားရဲ့ လူသတ်လက်နက်အဖြစ် ကျွန်တော့်ကို မွေးစားခဲ့တာပဲ "

" Jaemin ...မင်း ငါ့စေတနာ ..."

သူ့အင်္ကျီ‌ကော်လံကို ဆွဲဆုပ်လာသည့် Lee Leo လက်တွေကို Jaemin စိတ်တိုစွာ ပြန်ဖြေချသည်။

" ခင်ဗျား ကျုပ်အသားကို ထပ်ထိရဲ ထိကြည့် ..။ ခင်ဗျား Lee Mark ကို လုပ်ကြံခိုင်းတဲ့ကိစ္စတွေ ဖိုဖိုး Lee Jay ကို သွားပြောပစ်မှာ .."

" အဟားး ..ငါ့ကို ခြိမ်းခြောက်နေတာလား ငါ့သားက .."

" ကျုပ်က ခင်ဗျားရဲ့သား မဟုတ်ဘူး Lee Leo ..။ ခင်ဗျား ပါးစပ်က ကျုပ်ကို သားလို့ ထပ်မခေါ်လာနဲ့ "

I Belonged To You [ Season 1 ]Where stories live. Discover now