Unicode
ကျနော်သိတဲ့ လက်ထပ်ခြင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် အများကြီးသဘောကျပြီးမှ ဖြစ်တည်လာတာမျိုးလေ။ ဒီလိုမလွယ်ကူတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်မိတာ နောင်တရလားမေးရင် ဖြေစရာအဖြေက တစ်ခုထဲပဲ။ကျနော်ချစ်ရတဲ့သူတွေအတွက် တစ်နေရာကနေ ထောက်ပံ့ပေးနိုင်တဲ့သူအဖြစ် နေသွားခွင့်ရရင် တစ်သက်လုံး မပျော်ရွှင်ရရင်တောင် ဒါကတန်ပါတယ်.....။
" အသဲအစားထိုးခွဲစိတ်မှု အောင်မြင်ပါတယ် ခဏနေရင်လူနာကို ဝင်တွေ့လို့ရပါပြီ"
" ကျေးဇူးတင်ပါတယ် ဆရာ "
ဟူးး ....တော်သေးတာပေါ့ ရယ်ဂျီရာ ~
ရင်ထဲမှာပိတ်ဆို့နေတဲ့ နာကျင်မှုတွေနဲ့အတူ စိုးရိမ်နေရတဲ့ တစ်ခုတည်းသော အရာလေး အန္တရာယ်ကင်းတယ် ကြားရတော့ အတိုင်းမသိ ဝမ်းသာပြီး ငိုမိပြန်သည်။"အိမ်မှာဖြစ်ဖြစ် ပြန်နားလိုက်ပါလား ~ "
ပခုံးပေါ်လာတင်တဲ့ လက်တစ်စုံကို ကြည်ကြည်ဖြူဖြူ လက်ခံဖို့မပြောနဲ့ ကြုံတုန်းအချောင်ရလို့ ယောကျ်ားတစ်ယောက်ကို လက်ထပ်လိုက်ပြီး မျက်နှာပြောင်တိုက်လို့ကောင်းနေတာ ဘယ်နည်းနဲ့မှ လူကောင်းဖြစ်နိုင်စရာအကြောင်းမရှိပေ။
"မင်းရဲ့ ညစ်ပတ်တဲ့လက်တွေ ငါ့ပခုံးပေါ်က ဖယ်စမ်း ! "
ချက်ချင်း လက်တွေကိုပြန်ရုတ်လိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ကျနော့်အနားမှာ အချိန်အနည်းငယ်ကြာသည်အထိ တုပ်တုပ်မလှုပ်ပဲ ထိုင်နေသည်။
" ဘာဖြစ်ချင်နေတာလဲ မင်းအိမ် မင်းပြန်တော့ "
" ငါစောင့်လိုက်ပါ့မယ် မင်းတစ်နေကုန်ပင်ပန်းထားတာမှတ်လား "
" ငါ့အကြောင်းသိပ်သိနေတဲ့ ပုံစံ လုပ်မနေနဲ့ မင်းဘာကြောင့်ငါ့ကိုလက်ထပ်ချင်လဲ မသိပေမယ့် ငါတော့ မင်းကို ပိုက်ဆံတစ်ခုထဲကြောင့် လက်ထပ်ခဲ့တာ နောက်ပြီး ငါချစ်ရတဲ့သူတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက်ပဲ ငါ့ဆီက တခုခုမျှော်လင့်နေတယ်ဆိုရင် အခုထဲက ရှေ့တစ်လှမ်းထပ်မတိုးခဲ့နဲ့ ဒါ ငါမင်းကို ပထမဆုံးနဲ့ နောက်ဆုံးသတိပေးခြင်းပဲ "
YOU ARE READING
ℍ𝕖'𝕤 𝕞𝕚𝕟𝕖
Romance"အကယ်သို့သာ မင်းက ကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်လေးတစ်ပွင့်ဆိုရင် ..... အဲ့ကြယ်လေးပိုပြီးတောက်ပလာအောင် ဆုတောင်းပေးနိုင်မယ့်သူက ငါသာဖြစ်ခွင့် ရပါစေ ....။" #Jakehoon #Fanfiction