He's mine -3 ~

1.5K 187 18
                                    

Unicode

တီ ~ တီ ~

" ပြန်လာပါပြီဗျာ ဒီတခါလည်း ဘယ်ကကောင်မလေးပါလာအုံးမလဲ မသိဘူး " ~

မူးလာတာ ထင်တယ် လမ်းလျှောက်တာတောင် ယိုင်နေတာ ။ဒိီလ်ိုပုံစံမျိုးနဲ့ သူများကားပေါ်လျှောက်လိုက်နေတာ တခုခုယုတ်မာသွားရင် ဘယ်လ်ိုလုပ်မလဲ ဆောင်းဟွန်းရာ ။

တံခါးအမြန်သွားဖွင့်ပေးပြီး ထိုမိန်းကလေး လက်ထဲမှ ဆောင်းဟွန်းကို ကျနော့်ဆီရောက်အောင် တဖြည်းဖြည်းတွဲယူလိုက်သည်။

" ကျေးဇူးတင်ပါတယ် ကျနော့် ကောင်လေးကို အိမ်အထိလိုက်ပို့ပေးတာ "

" ငါဘယ်ကို ရောက်နေတာလဲ ....ဒီက မှုန်ဝါးဝါးနဲ့ကောင်ကရော ဘယ်လိုလုပ်ပြီး...."

" ဆောင်းဟွန်း အဲ့လိုမလုပ်နဲ့လေ "

မျက်နှာကိုသေချာလက်နဲ့ကိုင်ပြီး တစိမ့်စိမ့်ကြည့်နေတဲ့ ဆောင်းဟွန်းကြောင့် နေရခက်လာတာအမှန်ပင်။သူမူးရင် ဒီလိုပဲ လူတစ်ကာကို လျှောက်လုပ်နေတာလား။

" ဟမ် .... ခဏနေပါအုံး ဆောင်းဟွန်းက ဘယ်လိုလုပ်ပြီး "

ပါးနှစ်ဖက်ကို မူးမူးရူးရူးနဲ့ အတင်းဆွဲညှစ်တာကြောင့် ဆောင်းဟွန်းကို လိုက်ပ်ို့ပေးတဲ့မိန်းကလေးမှာ ကြောင်အန်းအန်း ဖြစ်သွားပုံပေါ်သည်။

"အာ ပါးလေးတွေက အိနေတာပဲ ...."

" ဖယ်တော့ ဘာတွေလျှောက်လုပ်နေလဲမသိဘူး "

"ဘာကိုပြောချင်တာလဲဗျ သူနဲ့ကျနော်ကလက်ထပ်ထားတာ သိပ်မကြာသေးဘူးလေ"

" အော် အမကို သူတခါမှမပြောဖူးလို့ပါ "

အမ ! ဘယ်က အမတုန်း ဆောင်းဟွန်းမှာ အမရှိတယ်လို့လည်း မကြားဖူးပါဘူး ။

" ဒီက အမက ဆောင်းဟွန်းနဲ့ရင်းနှိီးတာလား "

" ဟုတ်တယ် မောင်လေးရဲ့ ဆောင်းဟွန်းအိမ်ဘေးမှာ နေတာလေ အခုလဲ အမနဲ့ bar တစ်ခုမှာတွေ့လို့ သောက်ကြရင်း သူအရမ်းမူးနေတာနဲ့ အိမ်လိပ်စာမရမကမေးပြီး လိုက်ပို့ပေးတာ "

" အားနာလိုက်တာဗျာ ဆောင်းဟွန်းက အဲ့ လိုပဲ သူလုပ်ချင်ရာလုပ်တာ "

ℍ𝕖'𝕤 𝕞𝕚𝕟𝕖 Where stories live. Discover now