He's mine -8 ~

1.5K 175 72
                                    

Unicode

Jay ပြောတဲ့ကောင်လေးက ဘယ်သူဘယ်ဝါမှန်းမသိတာတောင် ဆောင်းဟွန်းစိတ်လှုပ်ရှားနေမိသည်...။

ဘာကြောင့်မှန်းမသိ ဒီနေ့စိတ်လေးနေတာ မနက်ထဲက...ဂျယ်ယွန်းမျက်နှာလေးကြည့်ပြီး အမောဖြေချင်ပေမယ့် အလုပ်ထဲလိုက်သွားလို့ကလည်း မကောင်း။ စိတ်ရှုပ်ရှုပ်နဲ့ခြေဦးတည့်ရာ ထွက်လာပြီးမှ Jay နဲ့တန်းတိုးတာပဲ ....။

"မင်းသူ့ကို ဘယ်အချိန်ထဲက သဘောကျခဲ့တာလဲ "

" ငါလဲမသိဘူး ဘယ်အချိန်ထဲကစပြီး သဘောကျမိလဲဆိုတာ ပြောရမယ်ဆိုရင်ကွာ သူငယ်ချင်းသံယောဇဥ်ကလဲ အတော် ရှိခဲ့တာ .... "

လေးလေးနက်နက်ပြောနေတဲ့ Jay ကိုကြည့်ရင်း အတိတ်ကသဘောကျခဲ့ရတဲ့ လူတစ်ယောက်ကို မျက်လုံးထဲပြန်မြင်လာတယ် ....။အခုချိန်မှာ သူဘယ်သူပဲဖြစ်ဖြစ် ဆောင်းဟွန်းစိတ်ဝင်စားနေမှာတော့ မဟုတ်ပါဘူး ။ဘာလို့ဆို အခုချိန်မှာ ဂျယ်ယွန်း တစ်ယောက်ထဲရှိနေရုံနဲ့တင် လုံလောက်တာမို့လို့ ...."

" ဆောင်းဟွန်း ငါပြောတာ နားထောင်နေရဲ့လား "

" အော် အေး နားထောင်နေပါတယ် "

" သူရောက်မလာခဲ့ဘူး အဲ့နေ့က .... ငါအရမ်းလွမ်းနေခဲ့တာ ဒါပေမယ့်ကွာ ဖြစ်ချင်တော့ သူထွက်သွားပြီးမကြာဘူးသြဇီမှာ ပြန်တွေ့ဖြစ်ကြတယ် သူ့အမေနဲ့ ငါ့အမေကလဲ သူငယ်ချင်းအရင်းကြီးတွေလေ "

" မင်းနဲ့ ရေစက်ပါလာတယ် ဆိုပါတော့ ..."

" အဲ့လိုပြောလို့ရကြေးဆိုရင် ငါသူ့ကိုတစ်သက်လုံး စောင့်ရှောက်ပေးချင်တယ် ဆောင်းဟွန်း ~ "

" မင်းကလည်း အဲ့ဒါတွေကနောက်တော့ ဖြစ်လာမှာပေါ့ကွာ အခုဖွင့်ပြောဖို့ အရင်ကြိုးစားပါအုံးလား "

" ငါ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ .... "

" ငါရအောင်ကူညီပေးမယ် Jay ကုန်ကုန်ပြောမယ်ကွာ သူ့မှာရည်းစားရှိနေရင်တောင် မင်းအတွက်မရရအောင် ကူညီပေးမှာမို့လို့ စိတ်ချလိုက် အဲ့ဒါအတွက် "

" အဲ့လောက်ကြီးလဲမလုပ်ပါနဲ့ကွာ သူ့မှာရည်းစားရှိတယ်လို့တော့လည်း ငါမကြားမိပါဘူး ဒါပေမယ့် ရှိလာခဲ့ရင်တောင် ငါလက်ခံနိုင်ရမယ် ဘာလို့ဆို ငါချစ်ရတဲ့သူကို စိတ်ညစ်အောင်မထားချင်ဘူး သူပျော်ရင်ပြီးရောကွာ .... "

ℍ𝕖'𝕤 𝕞𝕚𝕟𝕖 Where stories live. Discover now