Chapter 2

44 7 6
                                    

ဘယ်မှာလဲ ..ဘယ်မှာလဲ?ဘယ်ကိုရောက်နေတာလဲ?

အံဆွဲတွေကော ဗီရိုတွေကော အကုန်နှံ့အောင် မွှေနှောက်ရှာဖွေ လှန်လှောပြီးသည့်နောက်တွင် အနီးရှိဆိုဖာပေါ်သို့ စိတ်ပျက်လက်ပျက်ပင် သူထိုင်ချလိုက်မိသည်။

သူသုံးနေကြ ကလိုရိုမော်ဖင်းဘူးကိုဘယ်မှာမှ ရှာမတွေ့ဖြစ်နေသည် ။ တကယ့်ကိုသတင်းဆိုးကြီး။

ကလိုရိုမော်ဖိန်းများသည် ဆေးရုံများတွင် အနာသက်သာစေရန် အရေးပေါ်ထိုးပေးရသည့်ဆေးများဖြစ်ပြီး လူတစ်ယောက်ကို၁၅မီလီလောက်ထိုးပေးရုံမျှဖြင့် ၅မိနစ်အတွင်းတွင် ဘာမှနာကျင်မှုမရှိပဲသေစေနိုင်သည့်အထိကို အစွမ်းထက်သည်ဖြစ်လေရာ မိုးဇက်သဘောကျရသည့်ဆေး။

လူတစ်ယောက်ကို သတ်လိုက်ရသည်ဆိုပေမယ့် သူတို့ကို မနာမကျင်စေပဲ ဘဝကူးကောင်းအောင်တော့လုပ်ပေးသင့်သည်မဟုတ်လား။

တစ်ဆိုင်ထဲကနေ ကလိုရိုမော်ဖိန်းကိုအများကြီး ဝယ်လျှင်ရဲများက သံသယဝင်နိုင်သည်ဖြစ်လေရာ ဆေးဆိုင်ငါးဆိုင်လောက်ချိတ်ကာ လက်လီပင်ဝယ်ယူရသည်။

အခုများတော့ဖြင့် ဝယ်ထားခဲ့သည် ကလိုရိုမော်ဖိန်းဘူးက ပျောက်ခြင်းမလှ ပျောက်ပါဘိခြင်း။ကလိုရိုမော်ဖိန်းကို မနက်၆နာရီလောက် ဆေးဆိုင်ဖွင့်မှဝယ်လို့ရမည်ဖြစ်သည်။အခုနာရီကိုကြည့်မိတော့ ၁၁နာရီစွန်းစွန်းလေးပဲရှိသေးသည်။

သူဗိုက်ဆာနေသည် ဗိုက်ဆာလွန်း၍ခေါင်းပင်ကိုက်လာပြီး အသက်ရှူရသည်မှာခက်ခဲလာသလိုဖြစ်နေသည် ကျန်သည့်အချိန်တွေမှာ ဒီလိုမဖြစ်ဖူး။

အံဆွဲထဲတွင်ရှိသည့် သေနတ်ကိုဆွဲထည့်ပြီး ကျည်ခြောက်တောင့်ထိုးကာ မြေအောက်ခန်းထဲသို့သွားရန်ပြင်လိုက်ရသည်။

နည်းနည်းတော့နာမယ် ကောင်လေးရယ်!မင်းကဒီအချိန်ကြီးမှကံဆိုးပြီး ရောက်လာတာကိုး။

___...___

သောက်ကျိုးနည်း ..ငါမေ့ဆေးအပေးခံလိုက်ရတာလား?

မူးဝေနေသော ခေါင်းကို ပြန်လည်ထောင်မတ်ပြီး လက်ကိုလှုပ်ရှားဖို့ကြိုးစားဖို့ကြိုးစားလိုက်သော်လည်း တစ်စုံတစ်ခုက ဆွဲထိန်းထားသလိုဖြစ်နေသည့်အတွက် ရိုဟန်ခေါင်းထောင်ကြည့်လိုက်မိသည်။

Side Effects Of ToxicityWhere stories live. Discover now