Unicode
"ညနေခင်းအထူးအစီအစဥ်မှသတင်းတင်ဆက်ပါတော့မယ်ရှင် အသက်၂၃နှစ်အရွယ်ရှိမိန်းကလေးငယ်တစ်ဦးဟာ လွန်ခဲ့တဲ့သုံးရက်လောက်က ဗာဆေးဘူတာအနီးတွင်ပျောက်ဆုံးသွားကြောင်းသိရပါတယ် "
အင်း..ပျောက်မှာပေါ့ သူကငါ့ရဲ့ဟင်းအိုးထဲမှာလေ။
သတင်းကြေငြာနေတဲ့အမျိုးသမီးကို ဒီလိုမှတ်ချက်ပေးလိုက်ရင်း ဆိုဖာပေါ်ကနေ မိုးဇက်လူးလဲထလိုက်မိသည်။သူအိပ်နေသည်မှာ ကြာပြီထင်သည် ဒီနေ့တော့ အမဲမလိုက်ချင်၍လှိမ့်ပိမ့်အိပ်နေမိသော်လည်း ဆာလောင်မှုကအသာမနေနိုင်။
နာရီကိုကြည့်တော့အခုမှ ည၇နာရီသာရှိသေးသည် ဒီအတိုင်းဆို တစ်ခုခုမှမစားရလျှင်တစ်ညလုံးဗိုက်အောင့်နေပေလိမ့်မည်။
ဒါပေမယ့်အချိန်ခဏတော့ ရသေးသည်။ သားကောင်ကိုဘယ်မှာရှာရမလဲဆိုတာကတော့သေချာတွေးရပေမည် နေရာစိတ်သွားလျှင်မကောင်း ရဲများကစုံစမ်းထောက်လှမ်း၍ရသွားနိုင်သည်။
"အိုခေ အိုခေ ငါတကယ်ထပြီ !"
တီဗီရှေ့က စားပွဲပေါ်တွင်ရှိနေသော ပူရှီးးးးကိုလှမ်းအော်ပြောလိုက်ပြီး မိုးဇက်ထလိုက်မိသည်။ပူရှီးးးးကတော့ ဖြူဖွေးကာသန့်ရှင်းနေလေသည်။
ပူရှီးးးးးမှာသူ့ဘေးတွင် အမြဲရှိနေပေးသည်ကြောင်ဖြူရုပ်လေး ။လူတွေထက်အများကြီး သစ္စာရှိကော လိမ္မာသည်ဖြစ်၍ အလွန်ချစ်ပေးရသည်။တကယ်တော့ သူကကမ္ဘာပေါ်မှာ အလိမ္မာဆုံးကြောင်မလေးဖြစ်ပြီး လူတွေကတော့ စားစရာမျှသာအသုံးဝင်လေသည်။
လူသားစားချင်သော အာသီသကဘယ်ကနေစ၍ပေါ်လာမှန်းမသိသော်လည်း သူ့ရဲ့အတိတ်ကတော့မှတ်မမိနိုင်လောက်အောင် ၀ေ၀ါးနေလေသည်။
ပေါက်ကွဲမှုတစ်ခုမှာ သူသတိမေ့သွားသည်ဟူ၍သာ မှတ်မိပြီး ကျန်တာတွေအားလုံးက မရှင်းမလင်းပင်။
သူနိုးလာတော့ ပလက်ဖောင်းတစ်ခုပေါ်မှာဖြစ်ပြီး ဘေးတွင်တော့ ကြောင်ဖြူရုပ်လေးတစ်ရုပ်သာရှိသည်။
ထိုနေရာကသူ့ရဲ့ဘဝအစဟုသာ ပြောရလိမ့်မည်။
ထိုအချိန်မှစ၍ လူသားကိုသာ စားလို့ရပြီ့ ကျန်သည့်စားစရာဘာမဆိုကို စားနိုင်သော်လည်း ပါးစပ်မလိုက်။
YOU ARE READING
Side Effects Of Toxicity
Fiksi Ilmiah"မင်းကြက်သားကင်ဖူးတယ်မလား?ပါးပါးလေးလွှာပြီး Microwaveထဲထည့်လိုက်ရုံပဲလေ !" "ကင်ဖူးပေမယ့်အခုကျွန်တော့်ကိုဖမ်းထားရတဲ့ အကြောင်းကအဲ့ဒါနဲ့ဘာဆိုင်လို့လဲ???!!!" "ငါမင်းကိုကင်စားမလို့လေ လူသားဆိုတာက ကြက်သားထက်၃ဆလောက် အများကြီးအရသာရှိတာကို" ----- ဖတ်လိုက်ရတဲ့...