Unicodeဒီလူသေသွားပြီ မှန်းသိနေပေမယ့်လဲ ငါသူ့ကိုဆက်ထိုးမိနေတုန်းပဲ ။
သူ့ရဲ့သွားတွေကကျိုးပြီး တစ်မျက်နှာလုံးညိုမည်းဖူးယောင်နေတယ်။ မျက်လုံးတွေက ကျွတ်ထွက်မတတ်ပြူးနေပြီ ။သူ့ရဲ့သွားတွေက ပါးစပ်အပြင်ကိုထွက်ကျနေပြီး သူ့မျက်နှာကသွေးတွေက ငါ့ရဲ့လက်ကိုပေနေတယ်။
ငါ့ရဲ့ ခွဲစိတ်ခန်းသုံးလက်အိတ်ဖြူဖြူဟာ သွေးတွေနဲ့ညစ်ပေနေပြီး ကုတ်အင်္ကျီမှာလဲ တစ်ချို့ကစွန်းထင်းနေတယ်။
ဒါတောင် ငါဓားမသုံးခဲ့ဘူး။ ငါလုပ်နေကျအတိုင်း အလောင်းကိုမမှတ်မိတော့တဲ့အထိ ရုပ်ပျက်အောင်လုပ်ချင်ပေမယ့် သူကမလုပ်ရဘူးပြောတယ်။ ဒီတစ်ခေါက်အလုပ်ဟာ ရာဇဝတ်ဂိုဏ်းအချင်းချင်းမကျေနပ်လို့ လက်စားချေရတဲ့အလုပ် ဖြစ်တဲ့အတွက် ဘယ်သူသေသွားမှန်းဆိုတာ ပုံမပျက် သင်ခန်းစာပေးတဲ့အနေနဲ့ ထားပေးရမယ်တဲ့။
"ဒါပေါ့လေ.. သူတို့သဘောပဲ"
ငါဒီလူ နိုက်ကလပ်ထဲကထွက်လာဖို့ ၅နာရီလုံးလုံးစောင့်ခဲ့ရတဲ့အတွက် ဗိုက်ဆာနေတယ်။ဒီလူက အကောင်ကြီးတယ် အရပ်ကလဲ ၇ပေနီးပါးရှိတဲ့အတွက် တစ်ယောက်ချင်းသာယှဥ်ချရရင်ဘယ်သူမှ မယှဥ်ဝံ့မည့်လူမျိုး။
သူ့အတွက်တောင် ထိုသူကကိုင်တွယ်ရခက်ခဲခဲ့သည် ။ အငိုက်မိသွား၍ သူအုတ်နံရံသို့တစ်ခါကိုင်ပေါက်ခံလိုက်ရသေးသည် နံရိုးကျိုးသွားပြီလားမသိနိုင် ဘယ်ဘက်နံခြမ်းကအရမ်းအောင့်နေသည်။
တစ်ခြားဒဏ်ရာ အသေးအဖွဲများကခန္ဓာကိုယ် အနှံ့အပြားတွင် အစီအစဥ်မကျစွာရှိနေသော်လည်း ဂရုမစိုက်နိုင်။သူ့ရဲ့ကုသနိုင်စွမ်းကလူတွေနှင့်မတူ အလွန်မြန်သည် အသေးအဖွဲဒဏ်ရာ တွေကတစ်ရက် အတွင်း အကောင်းတိုင်းဖြစ်သွားကြလိမ့်မည်။
သွေးစွန်းနေသော လက်အိတ်နှင့် အပေါ်အင်္ကျီကိုချွတ်ကာ ထိုရုပ်ပျက်နေသောလူ၏အလောင်း ပေါ်တွင်ပစ်တင်လိုက်သည်။
"အာ.. မနက်၈နာရီထိုးပြီ"
အိမ်ပြန်မည် မနက်စာစားမည် ကော်ဖီတစ်ခွက်ဖျော်သောက်ပြီး တနေကုန်အနားယူမည်။
YOU ARE READING
Side Effects Of Toxicity
Science Fiction"မင်းကြက်သားကင်ဖူးတယ်မလား?ပါးပါးလေးလွှာပြီး Microwaveထဲထည့်လိုက်ရုံပဲလေ !" "ကင်ဖူးပေမယ့်အခုကျွန်တော့်ကိုဖမ်းထားရတဲ့ အကြောင်းကအဲ့ဒါနဲ့ဘာဆိုင်လို့လဲ???!!!" "ငါမင်းကိုကင်စားမလို့လေ လူသားဆိုတာက ကြက်သားထက်၃ဆလောက် အများကြီးအရသာရှိတာကို" ----- ဖတ်လိုက်ရတဲ့...