"ဘူဘူ"
😙01😒 ZAWGYI
ဘူဘူ တစ်ယောက် အာလူးကြော်ဗူးကြီးထဲက အာလူးကြော်တွေယူပြီး တကျွတ်ကျွတ်မြည်အောင်ဝါးရင်း ကာတွန်းကားကြည့်နေစဉ် ……
" အား ...... "
ဘူဘူလေးသည် သူ့ဗိုက်ကို အတင်းဖက်လာတဲ့လက်တစ်စုံကြောင့် ပြဲလန်အောင်အော်နေတော့သည်။
" မေမေရေ …… ချီချီ သားကို လာဖက်နေပြန်ပြီ "
အနားမှာမရှိတဲ့ မေမေကို လှမ်းတိုင်နေတဲ့ဘူဘူက အစားကတော့မပျက်။
" ဘူဘူ မင်းပိန်သွားသလိုပဲ "
" ချီချီ ငါ့ကိုလာမစနဲ့နော် ငါ့မှာနည်းနည်းစားတာကို ဗိုက်ကပူပူလာပါတယ်ဆို သွားစမ်းကွာ ဖယ်စမ်း "
" ဖယ်ပေးဘူး မင်းကိုဖက်ပြီး ကာတွန်းကားကြည့်ရတာ အရသာရှိတယ် "
ချက်ချင်းအောက်နှုတ်ခမ်းကိုကိုက်ပြီး နောက်ဖက်ကို မျက်လုံးလန်ကြည့်လိုက်တဲ့ဘူဘူ။ နှုတ်ကလည်း
" အရသာရှိရအောင် ငါက စားစရာလား " ဆိုပြီးရန်တွေ့နေသည်။
" အား ...... လုပ်ပြန်ပြီ "
နောက်ထပ် ခပ်စူးစူးအသံက ဘူဘူဆီကထပ်ထွက်လာပြန်သည်။
ဘူဘူရဲ့ ဗိုက်သားဖြူဖြူဖွေးဖွေးလေးတွေကို လက်နဲ့ဆွဲညှစ်ပြီးဆော့နေတဲ့ ချီချီက ဘူဘူ့စကားကို ဒီဘက်နားကဝင် ဟိုဘက်နားထွက်လုပ်နေသည်။
" အိကျိအိကျိနဲ့ကွာ ကိုင်လို့ကောင်းလိုက်တာ "
ချီချီမှာ ဘူဘူကို ကလိရင်း သဘောကျနေစဉ်
" ချီချီရေ ဘူဘူကိုစနေပြန်ပြီလား "
ဘူဘူမေမေ အန်တီမီးက ဘူဘူဘေးမှာဝင်ထိုင်ကာ ရယ်ရင်းပြောလာသည်။
" အန်တီမီး … ကျွန်တော့အိမ်က ဖက်လုံးနဲ့ဘူဘူနဲ့လဲမယ် ပေးပါလား "
" ဟာ...... မေမေ မလဲနဲ့နော် "
" ဘာလို့လဲ ဘူဘူရဲ့ ချီချီက သားကိုချစ်လို့တောင်းတာကို "
" ဘူဘူမှ သူ့ကိုမချစ်တာကို "
ပါးစပ်ထဲမုန့်အပြည့်နဲ့ဘူဘူက နှုတ်ခမ်းကိုမရရအောင်စူပြီး ပြောလာသည်မို့ ချီချီတစ်ယောက်အသည်းယားကာ ဘူဘူနှုတ်ခမ်းကို့ လက်ညိုးနဲ့လက်မကိုသုံးပြီး ညှစ်လိုက်ပြန်သည်။
YOU ARE READING
ဘူဘူ (2021) {Complete}
Romanceဗိုက်ကလေးပူပူ 😘 ချက်ကလေးကစူစူ 😘 ကျွန်တော့ကောင်လေး 😘 ဘူဘူ Myanmar BL Fiction (Own Creation) Start Date - 16.06.2021 // 00:51AM (Wed) End Date - 29.07.2021 // 08:52PM (Thu) Written by G-Fourteen Thanks for reading ❤️