ဘူဘူ 😙09😒 Z&U

5.3K 652 21
                                    

"ဘူဘူ"

😙09😒
Zawgyi

အချစ်ဆိုတာ ...... ဘာရယ်လို့ပြောဖို့တော့ခက်သား။

ထားပါ ...... အချစ်အကြောင်းမစဉ်းစားတော့ဘူး။

ဘူဘူလေးအကြောင်းပဲစဉ်းစားမယ်။

ကျွန်တော်က ဘူဘူနဲ့ဒီတိုင်းလေးတစ်သက်လုံးအတူနေသွားချင်တာဗျ။

ကျွန်တော်နေချင်တယ်ဆိုပေမယ့်လည်း ဘူဘူက နေချင်မှဖြစ်မှာလေ။

"ဟူး ...... ရင်မောရပါတယ် ဘူဘူရေ။"

အစက ကျောင်းတွေပြီးလို့ အလုပ်နဲ့အကိုင်နဲ့အတည်တကျဖြစ်မှ ဘူဘူလေးကိုဖွင့်ပြောပြီးတစ်ခါတည်းတင်တောင်းမလို့။

အခုတော့ ကျောင်းတောင်းမတက်ရသေးဘူး ပါးဆွဲ ... နားဆွဲ...... ဟာတွေနဲ့ ဘယ်လိုစိတ်ချရပါ့မလဲ။

ငယ်ငယ်ကတော့ ဖတ်တီးလေး ဝတုတ်လေးဆိုပြီးသူများတွေက စကြ မခေါ်မပြောကြနဲ့ဆိုတော့ ဘူဘူလေးက ကျွန်တော့တစ်ယောက်တည်းအပိုင်ပေါ့။

ကြီးလာတော့မှ ဘယ်လိုမျက်နှာပွင့်လာလဲမသိဘူး ချစ်သူခင်သူတွေက ဘူဘူနားမှာများလာတယ်။

ဘူဘူက ဝတုတ်ကစ်လေးဆိုပေမယ့် အသားလေးကဖြူ မျက်နှာလေးက ကလေးမျက်နှာလေးနဲ့ ချစ်မွှေးပါတော့ ရိုရိုးချစ်တဲ့သူနဲ့ ဆန်းဆန်းချစ်တဲ့သူနဲ့ ချစ်တဲ့သူတွေကဝိုင်းဝိုင်းလည်နေတာ။

ကျွန်တော်ဘူဘူကို စိတ်မချတော့ဘူးဗျ။

အဲ့တော့ ကျွန်တော် ဖွင့်ပြောပြီး အဖြေပြန်တောင်းတော့မယ်။

ခက်တာက ဘူဘူကပြောထားတယ်မဟုတ်လား သူ့ကိုချီပြီးဖွင့်ပြောမှ အဖြေပြန်ပေးမှာတဲ့။

အဲ့တော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ် gym ကစားတော့မယ်လို့ပေါ့ ကြွက်သားတွေထွက်လာပြီး အားတွေရှိလာရင် ဘူဘူကိုချီနိုင်ပြီ။

" မေမေ......"

" ဘာတုန်း အသံကချွဲပျစ်နေတာပဲ ဘာတွေပူဆာမလို့တုန်း ဟမ် "

မေမေကတော့ ကျွန်တော့အကြောင်းသိသူပီပီ အရိပ်ပြတာနဲ့ အကောင်တန်းမြင်သည်။

ဘူဘူ (2021) {Complete}Where stories live. Discover now