"ဘူဘူ"
😙13😒
Zawgyiမိုးလင်းခါနီးမှ အိပ်ပျော်သွားသော်လည်း နိုးနေကျပုံမှန်ချိန်ရောက်တော့ မျက်လုံးတွေက အလိုအလျောက်ပွင့်လာခဲ့တယ်။
ဘေးတစ်စောင်းအနေအထားနဲ့ ကျွန်တော့ရင်ဘက်ကို မျက်နှာအပ်ပြီး အိပ်မောကျနေဆဲဖြစ်တဲ့ ဘူဘူလေးရဲ့ပါးတစ်ခြမ်းကို အသဲယားစွာနမ်းရှိုက်ရင်း အားမလိုအားမရဖြင့် စူထွက်နေတဲ့နှုတ်ခမ်းကို ခဏတာဖိကပ်လို့ အသားယူခဲ့မိသည်။
ဗိုက်ပူပူလေးကြောင့် အပေါ်လှန်တက်နေတဲ့ အကျီစလေးကိုဆွဲချပေးရင်း ဘူဘူနှာခေါင်းလေးကို အသည်းတယားဆွဲညစ်မိတော့ အင်း...... အဲ...... အသံပြုကာ ဆက်အိပ်နေလေသည်။
ရေချိုးမျက်နှာသစ် သွားတိုက်ပြီးတော့ ဘူဘူ့အကျီတစ်ထည်ထုတ်ယူဝတ်လိုက်သည်။ အကျီင်္က ခန္ဓာကိုယ်ပေါ်မှာ ပွယောင်းယောင်းဖြစ်နေသော်လည်း စတိုင်ကတော့မိနေဆဲဖြစ်သည်။
ဘေဘီမိုင်းအနံ့သင်းသင်းလေးကြောင့် ကျိတ်ရယ်မိသေးသည်။ ဘူဘူဟာ ခုထိ ကလေးပေါင်ဒါတွေသုံးနေဆဲဖြစ်သည်။
ဘူဘူနိုးလာလို့ သူ့အကျီင်္ယူဝတ်ထားတာမြင်ရင် ကျွန်တော့ကို ကျောကွဲအောင်ရိုက်မှာသေချာသည်။
မီးဖိုခန်းထဲဝင်တော့ အသီအရွက်တစ်ချို့တွေ့သော်လည်း ထမင်းဟင်းချက်ရမှာပျင်းတာကြောင့် ခေါက်ဆွဲသုံးထုတ်ယူပြီး ရေနွေးအိုးအရင်တည်ထားလိုက်သည်။
ရေနွေးဆူတော့ အရင်ဆုံးကော်ဖီတစ်ခွက်ဖျော်ရသည်။ ကျွန်တော်ဆိုသည်မှာလည်း မိုးလင်းလို့အိပ်ရာကနိးလာလျှင် ကော်ဖီတစ်ခွက်အရင်သောက်ရမှစိတ်ကျေနပ်တာမျိုး။
ပရီးမီးယား တစ်ထုပ်ဖောက်ပြီး ကော်ဖီတစ်ခွက်ကိုအရင်ဖျော်လိုက်သည်။ ထို့နောက် ကော်ဖီခွက်နှုတ်ခမ်းနား နှုတ်ခမ်းဖျားလေးတေ့ကာ အနည်းငယ်နွေးရုံလောက် မှုတ်ပြီး တစ်ငုံ, ငုံလိုက်တော့သည်။
ပြီးကာမှ ခေါက်ဆွဲပြုတ်ဖို့ပြင်ဆင်လိုက်သည်။
အငွေ့တထောင်းထောင်းနဲ့ ခေါက်ဆွဲပြုတ်နှစ်ပန်းကန်က ကြက်ဥတစ်လုံးစီဖြင့် ဆွဲဆောင်လို့နေသည်။
YOU ARE READING
ဘူဘူ (2021) {Complete}
Romanceဗိုက်ကလေးပူပူ 😘 ချက်ကလေးကစူစူ 😘 ကျွန်တော့ကောင်လေး 😘 ဘူဘူ Myanmar BL Fiction (Own Creation) Start Date - 16.06.2021 // 00:51AM (Wed) End Date - 29.07.2021 // 08:52PM (Thu) Written by G-Fourteen Thanks for reading ❤️