အပိုင်း(၂)အပိုငျး(၂)(Z+U)

40 6 2
                                    

Zawgyi

မိုးကြိုးပစ်သွားသလိုပဲ.........

ခေါင်းထဲဗလာကျင်းကာ ကြောင်သာကြည့်မိနေတော့သည့် သရက်ဖူးလေး.....

"သရက်ဖူး....သရက်ဖူး...."

ကျွန်တော့်အား ကြောင်ကြည့်ကာ ကျောက်ရုပ်တစ်ရုပ်ရုပ်လိုငြိမ်သက်သွားတဲ့ သရက်ဖူး......ခေါ်သည်လည်းမထူးတော့.....

ထို့နောက် အသိဝင်လာသလို မျက်ဝန်းဝိုင်းဝိုင်းတစ်စုံစာ မှိတ်သွားပြီးနောက် မျက်ရည်များစီးကာ ကျလာလေသည်။
မကောင်းတဲ့ ကျွန်တော့်ကြောင့် အပြစ်မရှိတဲ့ဒီကလေးဟာ ခံစားရပေါင်းများပြီ.....

သက်ပြင်းတစ်ရှိုက်ချလို့ အစ်ကိုလက်ထဲက ကျွန်တော့်လက်ကို ဆွဲထုတ်ကာ...ကျလာသောမျက်ရည်အား သုတ်ဖယ်လိုက်သည်.....

"အစ်ကို ကွာရှင်းချင်ပြီဆိုလဲ ကွာရှင်းကြတာပေါ့.....
ပြီးတော့ အခုကွာရှင်းတဲ့ကိစ္စမှာလည်း ကျွန်တော့ဆန္ဒမပါခဲ့လို.....လက်ထပ်တုန်းကလည်း အတင်းအကျပ်လက်ထပ်ခဲ့တာအစ်ကိုပါ....အခုအစ်ကို့ဆီက ဘာကြောင့်ကွာရှင်းချင်တာလဲပြောပြပါ....အကြောင်းအရင်းသေချာလို့ရှိရင် ကျွန်တော် အခုချက်ချင်းလတ်မှတ်ထိုးပေးမယ်...ပြီးတော့ဒီနေ့တွင်းချင်းပဲ ကျွန်တော် အိမ်ပေါ်ကဆင်းပေးမယ်...."

သရက်ဖူး ရဲ့ပြတ်သားသော စကားများကြောင့် ကိုယ့်ကိုမလုံမလဲဖြစ်မိသည်။

"နေ့တွင်းချင်း ဆင်းစရာမလိုပါဘူး...ကောင်လေးရဲ့ ဖြေးဖြေးလုပ်လည်းရပါတယ်....."

"ဟက်....ဟုတ်ပါပြီ"
ခနဲ့တဲ့တဲ့ ရယ်ကာပြောလာသည်။

"အကြောင်းအရင်းကတော့ ပညာတော်သင်သွားနေတဲ့ ကိုယ့်ချစ်သူ ပြန်လာလို့ပါ.....သူ့ကို ကိုယ်ချစ်တယ်...."

"အစ်ကို့ကိုကျွန်တော် လက်မထပ်ဘူးပြောတုန်းက သက်ဆိုင်သူမရှိသလို ဘာလို့အတင်းပဲယူမယ်ပြောခဲ့တာလဲ!!!!!!လူယုတ်မာရဲ့!!!!!''

"အား!!! ခင်ဗျားကို ကျုပ်သတ်ချင်လာပြီ"

ဒုန်း ခွမ်း ဝုန်း....

ရုတ်တရက် စကားပြောရင်း ထဖောက်လာသော သရက်ဖူး အနားမှာ ရှိသမျှ ပစ္စည်းတွေကို ဆွဲယူ လွှင့်ပစ်ကာ ဒေါသဖြေနေသော်လည်း မပြေနိုင်။

ရင်ဘတ်ထဲက မွန်းကျပ်မှုနဲ့အတူ ယူကြုံးမရဖြစ်မှုတွေ ကိုယ့်ဘက် အဆင်ပြေပြီထင်ခဲ့ကာမှ လုပ်ရက်လေခြင်း။

နာကျင်လာသောနှလုံးသားနဲ့ စို့နင်လာသောကြောင့် ဒူးထောက်ထိုင်ချကာ အော်ငိုနေသော သရက်ဖူး။

ဘာကြောင့်များ ကံကြမ္မာက သူ့ကို မျက်နှာသာမပေးရသနည်း။

ပေါက်ကွဲနေသော သရက်ဖူးကိုကြည့်ရင်း မုန်းမြင့်မိုရ်ဦး
တစ်ယောက် စိတ်ညစ်လာရသည်။ ကိုယ်မှားမှန်းသိပေမယ့် ဖြစ်ခဲ့တုန်းက လည်း ကိုယ့်အတွက် တာဝန်ယူခြင်းဆိုသည့်အရာကစိုးမိုးနေခဲ့သည်။

Miracle Meaing Of LoveWhere stories live. Discover now