အပိုင်း(၃)အပိုငျး(၃)(Z+U)

37 4 2
                                    

Zawgyi code(uni below)

အိမ်ကနေထွက်လာပြီးနောက် သရက်ဖူး ဘယ်ကိုသွားလို့ဘယ်ကိုလာရမှန်း သေချာမသိသေး မိဘအိမ်ပြန်ရအောင်လည်း မိဘနှစ်ပါးစလုံးသည် နယ်မှာ...... အခြေကြီးအနေကြီးတွေ မဟုတ်သော်လည်း တောသူဠေး နယ်သူဠေး များဖြစ်ကြသည်။ အတော်ကြာကြာ လပ်ဂေ့တစ်လုံးနဲ့ လျှောက်သွားနေရင်းမှ အစ်ကိုနဲ့ယူတုန်းက မိဘနှစ်ပါးလက်ဖွဲ့ထားသော ကွန်ဒို တစ်လုံးရှိမှန်း သတိရမိသည်။

ကွန်ဒိုသွားမယ် ဟု စဉ်းစားပြီး ပျော်ရွှင်သွားသော သရက်ဖူးလေးသည် သူ၏အိမ်သော့မှာ အရင်ယောကျာ်းဟောင်းနှင့်သရက်ဖူး၏ အိမ်ခန်းထဲမှာ ကျန်ခဲ့လေသည်။ ဒီတစ်နေ့ တော့ မိုတယ်တွင် ငှါးနေမည်ဟုစဉ်းစားကာ တက္ကစီငှါးကာ အင်းယားလမ်းရှိ xxxx မိုတယ်သို့ ထွက်ခဲ့လေသည်။

မိုတယ်သို့ရောက်သော အခါတွင်တော့ အခန်းထဲ သို့ ဝင်ကာ ခုတင်ပေါ်သို့ လှဲလျောင်းလိုက်တော့သည်။

အရာအားလုံးငြိမ်သက်သွားတော့မှ အစ်ကိုနှင့် သူရဲ့ လမ်းခွဲခြင်းအား သတိတရနှင့် လွမ်းဆွေးမိလာတော့သည်။

လေးနှစ်လုံးလုံး အစ်ကိုရဲ့ အဖြည့်ခံအဖြစ်နေခဲ့သော်လည်း အစ်ကိုမျက်လုံးထဲမှာတော့ သူဟာ တာဝန်ယူထားရသော ညီလေးတစ်ယောက်အပြင်မပို။ ဘယ်လောက်များ ရင်နာစရာကောင်းပါလိမ့်။

ဒီတောအတွင်း သေချာ ဂရုစိုက်ခဲ့တဲ့ လိုတာထက်ကိုပိုနေခဲ့တဲ့ သူ့အပြုအမူ တွေကို အစ်ကိုဟာ မျက်ကွယ်ပြုခဲ့ဟန် တူသည်။

သရက်ဖူးဆိုတဲ့ သူဟာ မုဏ်းမြင့်မိုရ်ဦး ဆိုတဲ့ အစ်ကိုအတွက် ဘယ်လောက်များ ဘောင်မဝင်ခဲ့သလဲဆို သူ့မှာ ချစ်သူရှိနေခဲ့မှန်းတောင်မသိခဲ့ ရဘူး။

အကယ်၍ များ သိခဲ့ရင် သူ့အသေတ်သွားပါစေ သူအစ်ကိုနဲ့ လက်ထပ်ဖြစ်ခဲ့မှာမဟုတ် မဟုတ်ဘူး လက်ထပ် ဖြစ်စရာမလိုအောင်ကို သူလုပ်ခဲ့မှာ။ ဒါတွေကိုသိ နေလို့များ
ဒီလို ဖုံးကွယ်ထားခဲ့လေသလား။

"ဟင့်...ဟင်....အီး..ဟီး....အီး....!!!!"

အောင့်ထားမယ့် တူတူ ဒီနေ့တစ်ရက်တော့ သူဝအောင်ငို မည် ။ နောက်နေ့တွေက စလို့ သရက်ဖူး၏ ဘယ်သူ့မှ မပိုင်တဲ့ ကိုယ်ပိုင်ဘဝကို စတင်မည်။

"အီးဟီး....ဟင့်...အင့်...(sob). ..ဟင့်... !!!!"

ထိုနေ့ညက မိုတယ် xxxxရှိ အခန်း နံပါတ် (614) တွင် ကောင်လေးတစ်ယောက်ရဲ့ တအီအီ နှင့် ဝမ်းနည်းတကြီး ငိုနေသံကို သနားစဖွယ်ကြားရလိမ့်မည်ဖြစ်သည်။

တစ်ဖတ်သက် အချစ်တို့ မည်သည် ခံစားရမည် ဆိုသည်သာ ရှိသည်.........ပိုးဖလံမျိုး မီးကိုတိုးသည့် ချစ်ခြင်းအမျိုးအစားပါပေတကား....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညနေက ကောင်လေးထွက်သွားပြီးတည်း က မုဏ်းမြင့်မိုရ်ဦးသည် အိမ်ရှေ့ခန်းတွင် အသက်မရှိတဲ့ ကျောက်ရုပ်ထုအလား ထိုင်နေသည်။

Miracle Meaing Of LoveDonde viven las historias. Descúbrelo ahora