Zawgyi
ဒီနေ့က သူနဲ့ကိုယ်မင်္ဂလာ နှစ်ပတ်လည်နေ့ သူဆိုတဲ့ မိဘသဘောမတူတဲ့ကြားထဲ က ယူထားရတဲ့ ယောကျာ်းက ကိုယ့်အပေါ် ချစ်ခင် နှစ်သက်ခြင်းအလျင်း မရှိခဲ့ ဘူး။ သုံးနှစ်ကျော်ကြာလို့ ယခု လေးနှစ်မြောက်မင်္ဂလာ နှစ်ပတ်လည်နေ့တွင်တောင် သူဟာ ဘယ်ဆီကိုသွားနေမှန်း ကိုယ်မသိ။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို ဘာဆိုဘာမှပေးမသိ။
ဒါဆိုဘာကြောင့် ယူထားရပါသနည်း။ မချစ်လျှင်ကွာရှင်းလိုက်ပါလားဟု တွေးကြမယ်ဆိုတာသိသည်။ ကိုယ်ကမှ မစွန့်လွှတ်နိုင်ပဲ သူဆိုသည်ကလည်း တာဝန်သိတက်မှုဟူသည့်အရာကြောင့်သာ မိမိအား ယူထားရခြင်းဖြစ်သည်။ မိဘတွေမှ သဘောမတူပဲ မယူလည်း ရသည်ဟုပြောသော်လည်းသူ၏ဂုဏ်သိက္ခာကို အရမ်းအလေးထားသော သူကတော့ အတင်းအကျပ်ကို လက်ထပ်ခဲ့သည်။ သူပြောတဲ့ သူ့ဂုဏ်သိက္ခာကြောင့် မိမိကို ယူခဲ့သော်လည်း လူကြားထဲတော့ မိမိသည် သူ့အမျိုးသားဟု ထုတ်ပြခြင်း မရှိခဲ့ဘူး။
အခုချိန်မှာ ဒါတွေတွေးနေလို့လည်း အကျိုးမရှိပါဘူး ညနေစာအတွက်ပြင်ဆင်ရအုံးမည်။ သူဆိုသည်မှာ မိမိကိုမချစ်ဟူပြောသော်လည်း အိမ်တွင်တော့ ထမင်းပုံမှန်စားလေ့ရှိသည်။ ဒီနေ့ တော့ သူကြိုက်တက်တဲ့ ချဉ်ပေါင်းဟင်းရည် နဲ့ ကြက်သားနှပ်လေး ပြီးတော့ ငပိရည် တို့စရာအစုံအလင်နဲ့ ကန်စွန်းရွက်ကြော်လေးကတစ်ခွက် ဒီလောက်ဆိုအဆင်ပြေပြီလေ။ ရေမိုးချိုးပြီး နှစ်ပတ်လည်နေ့အတွက် အိမ်အောက်ကမြေအောက်ခန်းမှာ လှောင်ထားသော ဝိုင်တစ်ပုလင်းယူပြီး ရေခဲစိမ်ထားလိုက်သည်။ ညအိပ်ဝတ်စုံ ပန်းရောင်ဖဲသား ဝမ်းဆက်ကိုထုတ်ဝတ်ထားသည်။ ဒီလောက်ဆိုအဆင်ပြေပါပြီလေ။ သူမချစ်လည်း ကိုယ်ချစ်သည် ထို့ကြောင့် ဒီညတော့ရင်ခုန်နေပါသည်။
သူ့အတွက် သူနဲ့မယူခင်ကိုယ်စုထားတဲ့အထဲက သူ့အတွက် နက်ကတိုင်ကလစ်လေးကို လက်ဆောင်ဝယ်ထားသည်။တီ !!တီ !!
ဟော သူလာပြီ အိမ်ရှေ့တံခါးမကြီး ကိုအပြေးသွားကာ ကားတံခါးဖွင့်ပေးလိုက်သည်။ ကိုယ်မဖွင့်ရင် သူကိုယ်တိုင်ဖွင့်နေရမှာ တစ်အိမ်လုံးသူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်းရှိတာလေ။
ဝူးကနဲ သူ့ကားဝင်သွားပြီးနောက် ကိုယ်လည်း ဆင်ဝင်အောက်အပြေးလေးသွားကာ သူ့ဆီက လက်တော့အိတ်လေးကူဆွဲပေးလိုက်သည်။
သူမျက်နှာကို ကြည့်မိတော့ ပင်ပန်းနေသယောင် ဘာတွေများဖြစ်လာလို့ပါလိမ့်။"အစ်ကို ဒီနေ့ ဘာနေ့လည်း မှတ်မိလားဟင် "
"အင်း ကိုယ်ရေချိုးလိုက်အုံးမယ် ကောင်လေး ပြီးရင် ထမင်းတူတူစားကြမယ် "
"ဟုတ် ကျွန်တော် ပြင်ထားလိုက်တော့မယ် အစ်ကို"
ထမင်းစား ခန်းသို့ဝင်ကာ အဆင်သင့် ခူးခတ်ပြင်ဆင်နေလိုက်သည်။ တစ်အောင့်အကြာ သူဆင်းလာသည်။
"ဒီနေ့ ဟင်းကောင်းသားပဲ ကိုယ်တော့ထမင်းမြိန်တော့မယ်"
VOCÊ ESTÁ LENDO
Miracle Meaing Of Love
Romanceမိဘသဘောတူလို့ လက်ထပ်ထားပြီး လေးနှစ်မြောက်တွင် ကွာရှင်းခဲ့သော ကောင်လေးနှစ်ယောက်...... ကွာရှင်းပြီးမှ စိတ်မချနိုင်ဖြစ်ခဲ့ကာ တဖြည်းဖြည်း ချစ်လာသော သူ ဘယ်သူ ကချစ်လာပြီး ?ဘယ်သူကစိမ်းကားသွားမလဲ? မိဘသဘောတူလို့ လက်ထပ်ထားပြီး လေးနှစ်မြောက်တွင် ကွာရှင်းခဲ့သ...