14

1.3K 210 44
                                    

‌ညနေစောင်းဘက်ရောက်လာသည်နှင့်
လေအေးတွေစတင်တိုက်ခတ်လာနေလေပြီ။
သို့ပေမယ့် စကားတရစပ်ပြောနေတဲ့

ပေါက်စနဲ့အတူ ပန်းခင်းထဲလမ်းလျှောက်နေခဲ့ရတာမို့ သူတကိုယ်နွေးထွေးမူတွေကိုခံစားနေခဲ့သည်။

ပေါက်စပြောတဲ့ ထွေရာလေးပါး ကိစ္စတွေနဲ့
သူမြို့အကြောင်း ၊ဒီမြို့လေးအကြောင်းကို
ပြောပြနေတာမို့ သူမှာ စကားဖြတ်ပြောခွင့်တောင်မရပါပဲ ၊
နားထောင်းခြင်းနဲ့ ခေါင်းငြိမ့်ခေါင်းခါကိုသာ
ပြုနေခဲ့ရသည်။

တခါတခါ ဆူထွက်လာတဲ့ နှုတ်ခမ်းလေးကို
ငေးပြီ မှင်သက်မိသွားရပြန်သည်။

"သိလား ဦး ကျတော်လေ ဒီမြို့လေးကိုသိပ်ချစ်တာပဲ ၊ ဒီမြို့လေးက
ရူခင်းတွေသိပ်လှသလို ၊ အရမ်းကိုအေးချမ်းတာပဲ ၊
ပန်းဆိုင်မှာပဲ တွေ့ရတက်တဲ့ ပန်းတွေကို စိုက်ခင်းလိုက်ရှိနေတာကိုလည်း အရမ်းသဘောကျတယါ ၊ တီဗီတွေထဲမှာပဲမြင်ရတက်တဲ့ တောင်တန်းတွေ မြူခိုးတွေ ၊
စမ်းချောင်းလေးတွေ ၊ ရေတံခွန်တွေကိုလည်း လက်တွေ့မြင်တွေရလို အရမ်းလည်းမိုက်တယ်~~
ဝတ္တုတွေမှာပဲဖတ်ဖူးတဲ့
ရာသီဉတုအနေအထားတွေကိုလည်း
လက်တွေ့ ခံစားရတော့ wow တကယ်ကိုချစ်မိသွားပြီ ဒီမြို့လေးကို ။ နောက်ပြီး
ဒီမြို့က စားစရာတွေကိုရော~~  ဟီး ဟီး
အားလုံး အားလုံးကို !!!ချစ်တယ် ၊
သဘောကျတယ် "

"ဒါဆို ကိုယ်ကိုရော!!'

ဒီအချိန်သူရုတ်တရက်‌မေးလိုက်တဲ့ မေးခွန်းကြောင့် လက်ဟန်ခြေဟန်တွေဖြင့်ပြောပြနေတဲ့
ပေါက်စရဲ့အမူအယာတွေရပ်သွားသလို
ကြောင်တောင်တောင်လေးဖြင့် ပြန်မော့ကြည့်လာသည်။

ဘာမှပြန်မဖြေဘူးအထင်နဲ့ သူစကားလမ်းကြောင်းပြောင်းမည်ပြင်တုန်း။

"သေချာပေါက်
သ သဘောကျတာပေါ့ အဟမ်း!!

တကယ်ကြီးပြန်ဖြေလာတဲ့ပေါက်စက
နားရွက်လေးတွေပါ နီရဲနေပြန်တော့ သူစကားကိုဆက်မိတော့သညါ။

"အာလောက်တောင် သဘောကျတာတွေအများကြီးရှိနေတဲ့နေရာကနေ
မပြနါဘဲနေခဲ့လိုက်ပါလား "

Only...I See Him☑️ completedWhere stories live. Discover now