ညကအိပ်ရေးဝဝအိပ်ပျော်သွားခဲ့တာမို့
ဆော့ဂျင်တယောကါ မနက်စောစော လန်းလန်းဆန်းဆန်းဖြင့်နိုးကြားနေကာ မြိုအနှံလျှောက်လည်ရန် ဆိုင်းပြင်းနေတော့သည်။
"အခုထိတော့ ပြန်မရောက်လာသေးဘူးတဲ့"
"ဟုတ်လား သူလာတဲ့အထိစောင့်ကြတာပေါကွာ
ဆော့ဂျင် အာ့မှာဘာဖြစ်နေတာလဲ "ကွတ်ပြစ်လေးမှာထိုင်နေတဲ့
အကိုတို့နှစ်ယောက်ကစကားပြောနေရင်း
သူကိုမြင်သွားလို လှမ်းမေးလာလေတော့
ကျောပိုးအိတ်လွယ်လျက်
ဖိနပ်ကိုပြီးအောင်စီးလိုက်ကာ။"ကျတော် ဟိုနားဒီးနားလျှောက်ကြည့်ချင်လိုပါ
ညက မှောင်နေလို ကောင်းကောင်း မမြင်ရခဲ့ဘူးလေ
အဘွားပြောတာ ဟိုဘက်မှာ ရေတံခွန်ရှိတယ်တဲ့
ပန်းတွေလဲစိုက်တဲ့နေရာရှိတယ်တဲ့ အာ့ဘက်သွားမလားလို့""မင်းတယောက်သွားရဲတယ်ပေါ့လေ!!"
"အင်းးး အစ်ကိုတို့မှမအားကြတာ
အာတာမို့ကျတော်က ဘယ်သူကိုမှ
အပူမကပ်ဘဲ ကိုယ်ပါကိုယ်သွားဖို့"မာန်လေးအပြည့်ဖြင့်သူပြောလိုက်လေတော့
အကိုကသူကိုမယုံသက္ခာကြည့်လာသလို ။"အခုကြမကြောက်တော့ဘူးပေါ့လေ
တခါမှမရောက်ဖူးတဲ့နေရာကိုသွားရမှာကိုလေ""မကြောကါပါဘူး ဒီကလူတွေကချစ်ဖိုါကောင်းကြပါတယ်
ကျတော်သွားပြိ တာ့တာ့"အကိုဆီက စကားပြန်တောင်မစောင့်တော့ဘဲ
ပိုင်ရှင်အဘွားဆီကငှားယူထားတဲ့
စက်ဘီးလေးကိုယူရင်းထိုနေရာမှထွက်လာခဲ့သည်။
အစ်ကိုရဲ့ လမ်းမပျောက်စေနဲ့ ဟုသောအသံကိုလှမ်းကြားလိုက်ပေမယ့် ခေါင်းသာငြိမ့်ပြမိလိုက်သည်။မြေသင်းနံ့လေးသင်းနေသော လမ်းလေးထက်
ဆော့ဂျင်သီချင်းလေး ညည်းရင်းစက်ဘီးစီး နေတုန်း
လေပြေလေးတွေတိုက်ခတ် လာတာမို့ ဆံပင်လေးတွေ
လွှင်သွားသည်မို့
သဘောတကျပြုံးလိုက်မိပြန်သည်။။။။။။။။။။။။။။
"ထပ်ပြိး ခင်ဗျားတို့ပါလား
သူဠေးမရှိသေးပါဘူးဆို"
YOU ARE READING
Only...I See Him☑️ completed
Terror"ထာဝရမင်းဘေးအတူရှိနေမှာ။ ကိုယ်အသက်နဲ့ ခန္ဓာကိုယ်အတူမရှိခဲ့တော့ရင်တောင်..."