မနကါမိုးစင်စင်လင်းသွာသည်အထိသူအိပ်မ ပျော်ခဲ့ပါ။
ကြောက်စိတ်တချိုရှိနေခဲ့သလို၊ သိချင်စိတ်များကပိုနေခဲ့သည်။သူပြောလဲယုံမည်မဟုတ်သည့် အစ်ကိုတို့ကိုတော့မပြောဘဲနေနေခဲ့သလို အစ်ကိုတို့က သူကိုတခုခုထိန်ချန်ထားမှန်းသူသိပါသည်။
ခေါင်းကဒဏ်ရာကိစ္စကိုမေးတော့
*အသက်လုပြီးကယ်ခဲ့ရတဲ့မတော်တဆကဟု*အစ်ကို
ဟိုဆော့ပြောသည်။ဘယ်လိုလုပ်ပြီး မတော်တဆဖြစ်ရတာလဲဆိုတော့မဖြေပါ။"အစ်ကို ဒီနေ့ဆေးရုံဆင်းမယ်လေနော်"
ဂျောင်ဂုရော ၊အစ်ကိုဟိုဆော့ရော
ရောက်လာကာ
သူကိုဆေးရုံဆင်းရန်လုပ်ပေးနေကြသလို
မျက်နှာမလန်းတဲ့သူကိုဂျောင်ကုကမေးလာရှာသည်။
ဗိုက်ဆာလိုဟုသာထွက်ရာစကား
ပြောမိတော့ အကိုဟိုဆော့က လမ်းရောက်ရင်ဝယ်ကျွေးမယ်ပြောသလို
*မင်းကြိုက်မယ့်အိမ်မျိုးအစ်ကိုရလာခဲ့ပြိ*ဟုဆိုလာပြန်သည်။
ဆေးရုံအပေါက်ဝနားရောက်သည်အထိ အစ်ကိုဟိုဆော့က
မထွက်လာသေးမို့ သူနဲ့ဂျောင်ဂုစောင့်နေရင်းက ညကကိစ္စကိုဂျောင်ဂုကိုပြောသင်မပြောသင့်ချိန်နေမိသည်။"ဟို ဂျောင်ဂု ငါညကလေ"
"အစ်ကိုဟိုဆော့ကဘာလိုကြာနေရတာလဲ
အစ်ကိုကဗိုက်ဆာနေပြိကိုး အစ်ကို ဒီမှာခဏထိုင်နေလိုက်နော် ကျတော် အဆာပြေအောင်တခုခုဝယ်ခဲ့မယ်"ရတယ် ဂျောင်ဂု"
"ကျတော်ကမရတာ !!!
အစ်ကိုမျက်နှာမလန်းမဆန်းဖြစ်တာကို
ကျတော်မကြည့်နိုင်လို့ ဒီမှာဘဲနေနေနော် ကျတော်ဝယ်ပြိးတာနဲ့လာခဲ့မယ်"အခုတလော တည်တည်ငြိမ်ငြိမ်လေးဖြစ်နေတဲ့
ဂျောင်ဂုကိုသူအားကိုးချင်လာသလို၊
အရင်ကထက်အမှတ်တွေလဲပိုပေးမိနေပါသည်။
အခုလည်းသူကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်သွားနေသော ဂျောင်ဂုကို သူပြုံးပြီးကြည့်နေမိပြန်တယ်။
YOU ARE READING
Only...I See Him☑️ completed
Horror"ထာဝရမင်းဘေးအတူရှိနေမှာ။ ကိုယ်အသက်နဲ့ ခန္ဓာကိုယ်အတူမရှိခဲ့တော့ရင်တောင်..."