၁၉၇၉ ခုနစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
အဲ့ဒီခေတ်အခါက တရုတ်နိုင်ငံရဲ့ မြို့တော် နန်ကင်းဟာ သိပ်စည်းကားနေတယ်။ ထောင့်ကျကျနဲ့ စနစ်တကျဖွဲ့ထားတဲ့ မကျဥ်းမကျယ်လမ်းတွေပေါ်မှာ လူတွေသွားလာနေကြတယ်။
လူကုန်ထံတွေချည်း စုစည်းနေတတ်တဲ့ ဝန်းကျင်မှာတော့ လမ်းတွေဆီမှာ သွားလာနေတဲ့ မော်တော်ကားတွေကို တွေ့နိုင်တယ်။ နန်ကင်းမြို့လည်နဲ့ ခပ်လှမ်းလှမ်းက စာသင်ကျောင်းဆီမှာ ရယ်မောသံတွေ ပြည့်နှက်နေတယ်။
သိပ်မနောက်ကျသေးတဲ့ မနက်ခင်းအချိန်မှာ အပြစ်ကင်းစင်လေတဲ့ ကလေးငယ်တွေရဲ့ အဲ့ဒီရယ်မောသံတွေကြား ရှောင်ကျန့်ရှိနေတယ်။ နေရောင်ကျရောက်နေတဲ့ ပြတင်းဘေးက စားပွဲတစ်ခုမှ ထိုင်နေရင်း ဝိုင်းဖွဲ့ရယ်နေတဲ့ ကလေးတစ်ဖွဲ့ကို လှမ်းကြည့်ပြီး သူ ပြုံးမိသေးတယ်။
ဒါက နန်ကင်းမြို့စွန်းနားက မထင်မရှားမူလတန်းကျောင်းတစ်ကျောင်းသာမို့ ကျောင်းသားအများကြီးရှိမနေဘူး။ တကယ်ဆို ရှောင်ကျန့် ဆိုတဲ့သူက မြို့ထဲက တိုက်ခန်းတစ်ခုမှာ နေထိုင်တာဖြစ်ပြီး ဒီစာသင်ကျောင်းမှာ ဆရာအဖြစ်ရှိနေခဲ့တာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းကပင်။
ကလေးတွေ အတွက် နားချိန်ဖြစ်တာမို့ ဆော့ကစားနေတဲ့ ကလေးတွေရဲ့ အသံက အနည်းငယ်တော့ ဆူညံတယ်။ လက်ထဲက ကိုင်လက်စ ဖောင်တိန်နဲ့ ဖွင့်ထားပြီးနှင့်တဲ့ မှတ်စုစာအုပ်ဆီက စာမျက်နှာတစ်ခုပေါ်မှာ ရှောင်ကျန့် စာတချို့ကို ချရေးလိုက်တယ်။
" ဒီနေ့လဲ ကျွန်တော် မောင့်ကို လွမ်းရပါတယ်... "
မှင်အနက်ရောင်နဲ့ စာလုံးတချို့က
စာမျက်နှာပေါ် နေရာယူပြီးတဲ့နောက် သူ သက်ပြင်းတစ်ချက်ချမိတယ်။ မကြာခင် ပြန်စတင်ရတော့မယ့် စာသင်ချိန်ကြောင့် သင်ရိုးတန်းစာအုပ်ကို အံ့ဆွဲထဲက ထုတ်ယူနေဆဲမှာပဲ အခန်းအဝင်ဝနားက အသံတစ်ခုကို ကြားလိုက်ရတာမို့ ရှောင်ကျန့် လှမ်းကြည့်လိုက်မိတယ်။" ဆရာရှောင်းရေ...စာလာတယ် "
" ဒီချိန်ကျောင်းမှာပဲ ရှိမယ်ဆိုတာသိလို့ ကျွန်တော် ဒီပဲ လာပို့လိုက်တာ "
ပုံမှန်အတိုင်း ခပ်ကျယ်ကျယ်လျှောက်တတ်တဲ့ ရှောင်ကျန့်ရဲ့ ခြေလှမ်းတွေက အဲ့ဒီစာပို့သမားကောင်လေးဆီ အရောက်မှာပဲ ထပ်ပြောလာခြင်းဖြစ်တယ်။ ကမ်းပေးလာတဲ့ စာအိတ်ကို လှမ်းယူပြီး ကျေးဇူးတင်ကြောင်းပြောတယ်။ လှည့်ပြန်သွားတဲ့ စာပို့သမားလေးကတော့ သူ့စက်ဘီး သူတွန်းရင်း
ရှောင်ကျန့်ကို နှုတ်ဆက်သွားခဲ့သေးတယ်။စာသင်ခန်းထဲ ရှောင်ကျန့်ပြန်အရောက်မှာ စာသင်ချိန်ပြန်စပြီမို့ ကလေးတွေက စာအုပ်ကိုယ်စီနဲ့ သူ့နေရာနဲ့သူ ရှိနေကြပြီ။ ရှောင်ကျန့်ရဲ့ သွန်သင်မှုတွေနောက် တကယ်ကို လိမ္မာနေတဲ့ ကလေးတွေမို့ ချီးကျူးစရာအတော်ကို ကောင်းသား။
" မနေ့က သင်ခဲ့တဲ့စာတွေ ဆရာ ပြန်မေးမှာနော်...
ခဏ စာပြန်ကြည့်ထား "သူ့ စကားကြောင့် " ဟုတ်ကဲ့ " ဆိုတဲ့ စကားသံပြိုင်ထွက်လာပြီးသွားတဲ့နောက် ရှောင်ကျန့် စားပွဲမှာ ပြန်ဝင်ထိုင်လိုက်တယ်။ လက်ထဲက စာအိတ်ကို အဖောက်မှာ သူ့ရဲ့လက်တွေက အနည်းငယ်တုန်ရင်သွားကြသလိုပဲ။
ခေါက်ရိုးညီညီလေး ခေါက်ထားတဲ့ စာလွှာကို ဖွင့်မိတော့ သူလွမ်းမိတဲ့ အငွေ့အသက်တချို့ကို ခံစားမိတယ်။ စာထဲက ခပ်ချွန်ချွန်လက်ရေးနဲ့ ရေးထားတဲ့ စာလုံးတွေကို မြင်တော့ ရှောင်ကျန့် သဘောတကျပြုံးမိတော့တာပဲ။
ကျန့်...
မောင် အဆင်ပြေနေတာမို့ မောင့်ကို စိတ်မပူပါနဲ့
ကျန်းမာရေးဂရုစိုက်ပြီး မောင် ပြန်လာမှာကို စောင့်နေပေးပါ။
မောင် မင်းကို လွမ်းတယ် နောက်ပြီး ချစ်တယ် ။သူ အဲ့ဒီစာကြောင်းတစ်ကြောင်းဆီကို အခါခါဖတ်မိတယ်။မျက်လွှာတွေထဲ ဝေ့တတ်လာတဲ့ မျက်ရည်စတွေကို လက်နဲ့ သုတ်ပစ်ပြီး ပြန်ခေါက်သိမ်းထားတဲ့ စာကို မှတ်စုစာအုပ်ကြားထဲ ညှပ်ရင်း
ဘာကိုမှ မတွေးဘဲ စာသင်တာကိုပဲ အာရုံစိုက်ဖို့ အသက်ဝဝတစ်ချက် ရှူပစ်လိုက်ရတယ်။အလွမ်းဓာတ်နဲ့ ဖြတ်သန်းရတဲ့ နေ့တွေ့မို့ ရှောင်ကျန့်အတွက် ခက်ခက်ခဲခဲပဲ။ မောင့်ဆီက စာလာတဲ့ နေ့တွေမှာ အလွမ်းဟာ ပိုလို့ထိရှပါတယ်...။
YOU ARE READING
1 9 7 9 [ Completed ]
Fanfiction𝑊ℎ𝑒𝑛 𝑝𝑒𝑜𝑛𝑖𝑒𝑠 𝑏𝑙𝑜𝑜𝑚 𝑖𝑛 𝑡ℎ𝑖𝑠 𝑠𝑝𝑟𝑖𝑛𝑔 Start Date - 17.6.21 End Date - 19.6.21