4 ( Z )

716 150 3
                                    

" မားမားက သားကို လွမ်းနေတာ သားရဲ့ "

ပြောရင်းဖက်လာတဲ့ မားမားကို ရှောင်ကျန့် ပြန်လည်ထွေးပွေ့မိတယ်။ ပွေ့ဖက်နေရင်းပဲ အနောက်ဘက် ဧည့်ခန်းဆီက ခုံတစ်ခုမှာ ခြေထောက်တွေ ချိတ်ထိုင်ရင်း သတင်းစာတစ်စောင်ဖတ်နေတဲ့ ပါးပါးကို သူလှမ်းကြည့်တယ်။

တကယ်ဆို ရှောင်ကျန့်နဲ့ သူ့ရဲ့ အဖေဖြစ်သူကြား အခြေအနေတင်းမာမှုတချို့ရှိခဲ့တယ်။ ရှောင်းပါးပါးက ပီကင်းမြို့ရဲ့ မြို့စားမင်း ဖြစ်တဲ့အလျောက် ရှောင်ကျန့်ကို သူ့ရဲ့ခြေရာအတိုင်းနင်းဖို့ ဖိအားပေးခဲ့ပေမယ့် ရှောင်ကျန့် ငြင်းဆန်ခဲ့ရာကနေ တင်းမာမှုစတင်ခဲ့တာဖြစ်ပြီး နောက်ထပ်ကတော့ ရှောင်ကျန့်အနေနဲ့ ရိပေါ်ကို ချစ်သူအဖြစ် ရွေးချယ်ခဲ့လို့ပဲ။

" သားကျန့် ပိန်သွားလိုက်တာ... ထမင်းကော ပုံမှန်စားရဲ့လား "

ပါးလေးနှစ်ဖက်ကို ဖွဖွလေးလှမ်းကိုင်ပြီး မေးလာတဲ့ မားမားကို ခေါင်းငြိမ့်ပြတယ်။ သူ မားမားနဲ့ စကားတွေ အများကြီးပြောခဲ့ပေမယ့် ပါးပါးကတော့ တစ်ခွန်းမှ ဝင်ရောက်ပြောခဲ့ခြင်းမရှိ။

ခရီးပန်းလာတဲ့ ရှောင်ကျန့်က သူအရင်နေခဲ့တဲ့ အခန်းထဲရဲ့ အိပ်ရာပေါ်မှာ လဲလျောင်းနေတယ်။ သူ့ရဲ့ ရင်ဘတ်နေရာမှာတော့ ကြောင်လေးတစ်ကောင်ကို တင်ထားတယ်။

" ကြောင်လေးလား..ဝက်လေးလား ကျင်းကော်က"

ရင်ဘတ်ပေါ် ငြိမ်ငြိမ်လေးနေနေတဲ့ ကျင်းကော်ဆိုတဲ့ ကြောင်လေးကို ပွတ်သပ်ပေးပြီး စနောက်လိုက်တော့ သူ့ရဲ့လက်ဆီ ကျင်းကော်က ခေါင်းလေးတိုးပေးလာတာမို့ သူ့မှာ သဘောတကျ ပြုံးရတယ်။

" အချွဲလေး "

အိပ်ချင်စိတ်လဲ မရှိတော့တာကြောင့် ရှောင်ကျန့် မားမားတို့ရှိရာ အောက်ထပ်ဆီကို သာ ပြန်ဆင်းလာခဲ့ရင်း မားမားရှိနေလောက်မယ့် အခန်းဆီ သွားဖို့ တွေးတောလိုက်တယ်။

ကျန်းမာရေးမကောင်းတဲ့မားက သူ့မျက်နှာမြင်လိုက်ရတော့ ရောဂါတွေသက်သာသွားတဲ့အလားပဲ။ ရှောင်ကျန့် မထင်ထားသလို မီးဖိုခန်းထဲမှာ ညစာအတွက် အခုတည်းက ကြိုပြင်နေလေတယ်။

1 9 7 9 [ Completed ] Where stories live. Discover now