3

3.3K 611 1
                                    

သံလမ်းပေါ်က မီးရထားတွဲတွေက ရပ်တန့်နေလျက်သာ ဖြစ်သေးတယ်။ ရထားတွဲတွေတိုင်းမှာ လူတွေရှိပေမယ့် ရှောင်ကျန့် ထိုင်နေတဲ့ အတွဲဆီမှာတော့ လူအနည်းငယ်သာ ရှိနေတယ်။ လက်ထဲက စာအုပ်ကိုသာ အာရုံစိုက်ဖတ်နေတဲ့ ရှောင်ကျန့်က ပီကင်းမြို့ကနေ နန်ကင်းမြို့ဆီ ပြန်ရန်ဖြစ်တယ်။

ရထားက မကြာခင်ထွက်တော့မယ့်အကြောင်း ကြေညာချက်အပြီးမှာ စကားသံတွေနဲ့ ရထားတွဲပေါ် ပြေးတတ်လာကြတဲ့ လူတချို့ရဲ့အသံကို ရှောင်ကျန့်ကြားမိလိုက်တယ်။

ဘာရယ်မဟုတ် လှမ်းကြည့်မိတော့ စစ်ယူနီဖောင်းတွေနဲ့ ကောင်လေးတချို့ကိုမြင်တယ်။ လွယ်အိတ်ကိုယ်စီနဲ့မို့ ပီကင်းစစ်သင်တန်းကျောင်းက အားလပ်ရက်ရလို့ ထွက်လာကြတဲ့ သင်တန်းသားတွေ ဖြစ်လိမ့်မယ်လို့ ရှောင်ကျန့် သူ့ဖာသာ ထင်ကြေးပေးလိုက်တယ်။

မီးရထားက တချောက်ချောက်အသံပြုရင်း စတင်ထွက်ခွာလာခဲ့တယ်။ရှောင်ကျန့်က ပြီးဖို့လိုသေးတဲ့ စာအုပ်ကို ပိတ်လိုက်ပြီး ပြတင်းအပြင်ဘက်က မြင်ကွင်းတွေကို လှမ်းငေးတယ်။ ပြေးလွှားနေတဲ့ မြင်ကွင်းက သိပ်တော့ မရှင်းလင်း။

ခုနက သူမြင်ခဲ့ရတဲ့ ကောင်လေးတစ်ဖွဲ့ရဲ့ စကားသံတွေကို ​ရထားသံကြား တစ်ချက်တစ်ချက် သူကြားမိသေးတယ်။ နောက်တစ်ကြိမ် ပြန်ကြည့်မိတဲ့အခါမှာတော့ အဖွဲ့ထဲက ကောင်လေးတစ်ယောက်နဲ့ ရှောင်ကျန့် အကြည့်ချင်းဆုံတယ်။

အခြားကောင်လေးတွေက ပြုံးရယ်ပြီးစကားပြောနေကြပေမယ့် အဲ့ဒီကောင်လေးကတော့ ခပ်တည်တည်ပုံစံနဲ့သာဖြစ်တယ်။ ရှောင်ကျန့်မြင်နေရတဲ့ မျက်ဝန်းတွေဆီမှာ ဆောင်းထားတဲ့ ဦးထုပ်ရဲ့အရိပ်တချို့ကျနေတယ်။

အဲ့ဒီကောင်လေးက သူ့ကို ဘယ်ချိန်ကတည်းက ကြည့်နေခဲ့လဲ သူမသိဘူး။ အနည်းငယ်ပြုံးပြရင်းသာ ရှောင်ကျန့်ကပဲ အကြည့်တွေ စလွှဲပစ်ခဲ့တာ။

ပိတ်ထားခဲ့တဲ့ စာအုပ်ကိုသာ ရှောင်ကျန့် ပြန်ဖွင့်ဖတ်နေလိုက်တယ်။ သူ နောက်ထပ်အခါတွေ ကြည့်မိပြန်တဲ့အခါ ကောင်လေးက သူ့ဆီကြည့်နေဆဲသာဖြစ်တယ်။

1 9 7 9 [ Completed ] Where stories live. Discover now