" မငိုနဲ့လေကွာ... ကျန့် မောင် ရူးသွားတာ မြင်ချင်လို့လား " ။
အဲ့ဒီည....။
နောက်တစ်နေ့မနက်စောစောမှာ စစ်ပွဲအတွက် ရှေ့တန်းထွက်ရမယ့်အကြောင်း ပြောပြခဲ့တဲ့ အဲ့ဒီညက။ခွဲခွာရမှာမို့ ကျတဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို ခပ်ဖွဖွသုတ်ပေးရင်း မောင်က ခပ်တိုးတိုးဆိုတော့ သူ
မောင့်ကို ပိုလို့ တင်းကြပ်စွာ ပွေ့ဖက်ပစ်လိုက်တယ်။မောင့်ရဲ့ လက်ဖဝါးတစ်ဖက်က သူ့ရဲ့ ကျောပြင်ဆီ ခပ်ဖွဖွလေး ပုတ်ပြီး အငိုမတိတ်လေတဲ့ ကလေးငယ်တစ်ယောက်ကို ချော့နေသလိုမျိုး ဟန်ပြုတယ်။
" မောင့်ရဲ့ ကောင်လေးက တကယ် အငိုသန်တဲ့ ကလေးလေးပဲ "
ဖက်ထားရာက လွတ်ပြီး မျက်ရည်အဝိုင်းသားနဲ့ မျက်ခုံးတွေ ကျုံ့ရင်းကြည့်လာတဲ့ ရှောင်ကျန့်ကြောင့် မောင်ကပြုံးတယ်။ လူတစ်ယောက်က သူ သိပ်မြတ်နိုးရတဲ့ အရာတစ်ခုကို သဘောတကျ ကြည့်နေသလို ပုံစံမျိုးနဲ့လေ....။
" ဝမ်ရိပေါ်.... "
" ဗျာ "
ဝမ်ရိပေါ်....။
ဟုတ်တယ် အဲ့ဒါ မောင် ဆိုတဲ့ နာမ်စားကလေးရဲ့ ပိုင်ရှင်ဖြစ်တယ်။" ငါက ကလေးမဟုတ်ဘူး မင်းထက် ကြီးတယ် "
ရိပေါ်က သူ့ကိုဆို အမြဲ ကလေးတစ်ယောက်လိုမြင်တယ်။ ရှောင်ကျန့်ကတော့ မကျေမနပ်ဖြစ်နေကျသာပါပဲ။ တကယ်ဆို သူက ရိပေါ်ထက် အသက်အားဖြင့် ကြီးတယ်လေ။
" ဟုတ်ပါပြီ... လာ မောင့်ကိုထပ်ဖက်ထားပေးဦး "
စစ်မှုထမ်းတစ်ယောက်ဝတ်ရတဲ့ ယူနီဖောင်းဝတ်စုံအပြည့်နဲ့ ရိပေါ်က လှမ်းဆွဲပြီး နောက်တစ်ကြိမ် ထပ်ပွေ့ဖက်တယ်။ ခပ်တင်းတင်းပြန်ပွေ့ဖက်ရင်းပဲ လည်တိုင်နားဆီ မျက်နှာအပ်ထားတဲ့ ရှောင်ကျန့်ပါးပြင်တွေဆီမှာ မျက်ရည်စီးကြောင်းတွေ ရှိတယ်။
အဲ့ဒီညက နီယွန်ရောင်မီးရောင်တွေအောက် သူတို့ အကြာကြီး...တကယ့်ကို အကြာကြီး ပွေ့ဖက်ထားခဲ့တာ...။
.
.
.
." မောင်... "
ပြင်းရှတဲ့ အသက်ရှူသံတွေနဲ့ အိပ်ပျော်နေရာက လန့်နိုးလာခဲ့တဲ့ ရှောင်ကျန့်က ခုတင်ပေါ် ဇက်ခနဲထထိုင်မိတယ်။ သက်ပြင်းတစ်ချအပြီးမှာ သူ့ဆံပင်တွေ သူထိုးဖွပစ်လိုက်တယ်။
ESTÁS LEYENDO
1 9 7 9 [ Completed ]
Fanfic𝑊ℎ𝑒𝑛 𝑝𝑒𝑜𝑛𝑖𝑒𝑠 𝑏𝑙𝑜𝑜𝑚 𝑖𝑛 𝑡ℎ𝑖𝑠 𝑠𝑝𝑟𝑖𝑛𝑔 Start Date - 17.6.21 End Date - 19.6.21