အချစ်ဦးမဟုတ်ခဲ့သည့်အချစ်ဦး

441 24 0
                                    



အကိုနဲ့ကျွန်တော် စသိခဲ့တာ ကျွန်တော် ဆယ်တန်းအောင်ပြီးတဲ့အချိန် တက္ကသိုလ်တတ်ခါနီး အင်တာနက်ဆိုင်မှာ လပ်လျားလပ်လျား အင်တာနက်သုံးဖို့ပြင်နေတဲ့အချိန်ပေါ့။ အဲ့ဒီအချိန်တုန်းက အကိုက တက္ကသိုလ်တစ်ခုရဲ့ ဖိုင်နယ်ကျောင်းသား။

အဲ့ဒီခေတ်က onlineမှာ chatting ထိုင်တယ်ပေါ့ဗျာ အဲ့ဒီလို ထိုင်ရင်း အကိုနဲ့ကျွန်တော်စသိခဲ့တယ်။ အကိုက အပေါင်းအသင်းသိပ်မရှိတဲ့သူ စကားပြောပုံထောင့်မကျိုးတဲ့သူ။ MIRCဆိုတဲ့ chat roomမှာ ယောက်ျားလေးချင်းဆို ဆက်ပြီး စကားမပြောဖြစ်ကြပေမဲ့ အကိုကတော့ မင်းရဲ့ gtalk accပေးဆိုပြီး တောင်းသွားခဲ့တဲ့သူပေါ့။

ဒီလိုနဲ့ အပတ်တိုင်း ကျွန်တော်တို့ onlineမှာ ဆုံကြတယ် အကိုက finalကျောင်းသားဆိုတော့ သိပ်ပြီး မအားလပ်တာများတယ် ဒါကြောင့် အကိုနဲ့ကျွန်တော် ကျောင်းပိတ်ရက်တွေမှာပဲ onlineမှာ ဆုံဖြစ်ကြတယ်။ အကိုက မြို့ကြီးတစ်မြို့မှာ အဆောင်နေကျောင်းတတ်နေပြီး ကျွန်တော်ကတော့ နယ်မြို့ကလေးတစ်မြို့က ဆယ်တန်းအောင်ပြီးကာစ ကျောင်းသားလေး။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ တစ်ပါတ်မှာ ရက်တစ်ရက် သတ်မှတ်ပြီး အဲ့ဒီရက်မှာ onlineမှာ ဆုံကြဖို့ သတ်မှတ်ခဲ့ကြတယ်။ အပါတ်တိုင်း အကိုပြောပြတဲ့ အကိုတို့ ယောက်ျားလေး အဆောင်က ရယ်စရာဖြစ်ရပ်တွေ ပြဿနာတွေ နားထောင်ပြီး ကျွန်တော့မှာ အပျင်းပြေရတယ်။ တစ်ခြားသူငယ်ချင်းတွေဆို typing ကြာတတ်ပေမဲ့ အကိုကတော့ ကျွန်တော် စကားပြောတာနဲ့ ချက်ချင်း typingရိုက်တတ်တယ်။ နောက်ကြတော့မှ သိရတာနဲ့ အဲ့ဒီအချိန်မှာ အကို့gtalk accမှာ စကားပြောရမယ့်သူက ကျွန်တော် တစ်ယောက်တည်းရှိပြီး အကိုက gameဆော့ဖို့ သပ်သပ် အင်တာနက်သုံးရင်း gtalk accဖွင့်ထားတတ်သူဆိုတာ သိလိုက်ရတယ်။

တဖြည်းဖြည်းနဲ့ ရင်းနှီးမှုတွေ တိုးလာတော့ အကိုက "မင်း ဖုန်းနံပါတ် ငါ့ကို ပေးမလား"ဆိုပြီးတောင်းတယ်။ အဲ့ဒီခေတ်က ဒီနေ့ခေတ်လို sim cardတွေ မပေါသေးတော့ ကျွန်တော့အိမ်မှာ ဖုန်းမရှိခဲ့ဘူး။ ကျွန်တော် စာရိုက်ရင်း အကို့ကိုပြောတယ် "ကျွန်တော့အိမ်မှာ ဖုန်းမရှိဘူး ဘယ်လိုလုပ်မလဲ"ဆိုတော့

ဝတ္ထုတိုစုစည်းမှုWhere stories live. Discover now