"ကော!!"
"အမလေး ဘုရား ဘုရား ရိပေါ်လေးနဲ့ငါနဲ့ညား"
"ကော.ရှောင်းကျန့် အဲ့တာဘာလုပ်နေတာလည်း ဟမ်!"
"ဘာလုပ်လို့လည်း ကျန်းချန်နဲ့စကားပြောနေတာလေ"
"စကားပြောတာလက်ပါစရာလိုလို့လား"
"ဟ မင်းကဘာတုန်း ငါ့သူငယ်ချင်းကိုဘလိုင်းကြီးလာအော်နေရအောင် မင်းကသူ့လင်မလို့လား"
"ဟုတ်တယ် ကောပြောပြလိုက်လေ"
"ဟုတ်တယ် ကျန်းချန် ရိပေါ်လေးနဲ့ငါနဲ့တွဲနေပြီ"
"ဘာရယ် ဒါဆိုခုနက မင်းပြောတာတကယ်ကြီးပေါ့ စနေတာမှတ်တာလေ ငါက"
"အားအားယားယား ကောကခင်ဗျားကိုစဖို့အချိန်ရှိမနေဘူး ရှင်းလား"
"အောင်မာ မင်း မလောက်လေးမလောက်စားကများ ငါ့သူငယ်ချင်းနဲ့ငါအချိန်တွေမှပေါနေတာ အမြဲတမ်းတွေ့နေရတာ"
"ခုအဲ့အချိန်တွေမရှိတော့ဘူး ဘာလို့လည်းဆိုတော့ ကောကသူ့အချိန်တွေကိုကျတော့ကို အကုန်ပေးလိုက်ပြီ ဟုတ်တယ်မလား ကော"
"ဟမ်..ဟုတ်တယ်ဟုတ်တယ်"
ရှောင်းကျန့်မှာကြားထဲကနေမအူမလည်လေးနဲ့ခေါင်းသာငြိမ့်ပြလိုက်ရတယ် တကယ်လည်းဟုတ်နေတာဘဲလေ သူ့အချိန်တွေအကုန်ကရိပေါ်လေးအပိုင် အချိန်တင်မဟုတ်ဘူး သူ့ရဲ့အရာရာက မောက့်အပိုင် ဟီဟီ
"ကြားတယ်မလား လာ ကော သွားမယ်"
"အင်း အင်းသွားမယ်"
ရိပေါ်နဲ့ရှောင်းကျန့်အခြေနေက ဟိုရက်က ရှောင်းကျန့်ကနမ်းနည်းသင်ပေးလိုက်ထဲက အများကြီးပိုကောင်းလာတယ်
အူယားလိုဆိုပြီးဆွဲဆွဲနမ်းတာကတော့တစ်ပိုင်းပေါ့
ဒါပေမယ့်လည်း ရှောင်းကျန့်လေးတို့ကကျေနပ်ပါတယ် အဲ့ထက်အဆင့်တက်ချင်ပမယ့်ရိပေါ်လေးအဆင်သင့်မဖြစ်သေးမှာဆိုးလို့ မတက်သေးပါဘူး ဒါဟာဖယောင်းတိုင်တစ်ယောက်ရဲ့ မှန်ကန်သောသစ္စာ
(ဖယောင်းတိုင်=ဆီမီး=ဆဲမဲ=ဘုရားစူးအပေါ်ကလူ)
ဒါပေါ့ ယူတို့ထင်တဲ့အတိုင်းဘဲ ရိပေါ်လေးကိုဒီကကောကောကအရင်နမ်းတာလေ အဲ့တော့ဦးသူယူစနစ်ပေါ့
"ကောလို့"
"ပြောရိပေါ်လေး"
"မေ့သွားတာလား လူတွေမရှိရင်မောင်လို့ခေါ်ရမယ်လေ"
"ဒါပေမယ့်ငါမခေါ်တတ်ဘူး တစ်မျိုးကြီးဘဲ"
"မခေါ်ချင်တာလား ပြော"
"မဟုတ်ဘူးလေ ကောကရိပေါ်လေးကိုစချစ်ထဲက ကလေးလေးလို့မြင်ပြီး ရိပေါ်လေးလို့ဘဲခေါ်လာတာလေ အဲ့ကျ မောင်လို့ကျတစ်မျိုးကြီး ပြီးတော့ မောင်ဆိုတာကလူတိုင်းခေါ်ကြတယ်လေ သူတို့ရည်းစားတွေကို ရိပေါ်ကိုလည်းမောင်လို့ခေါ်ချင်ခေါ်လို့ရတယ်လေ ဒါပေမယ့် ကောခေါ်တဲ့ရိပေါ်လေးဆိုတာကကျတော့ကောတစ်ယောက်တည်းခေါ်လို့ရမယ့်နာမည် တစ်ခြား ဘယ်သူမှခေါ်ခွင့်မရှိဘူး ခေါ်လို့လည်းမရဘူး ကောကခွင့်မပြုဘူး ဒါကြောင့် ရိပေါ်လေးလို့ဘဲခေါ်မယ်လေနော်"
"အား သေပါပြီကောရာ ချစ်ဖို့ကောင်းလိုက်တာ ခေါ်ခေါ်ရတယ် တစ်ခုတော့ပြောပြမယ် အရင်က ကိုယ်တစ်ခြားသူတွေနဲ့တွဲဖူးပေမယ့် ဘယ်သူ့ကိုမှမောင်လို့မခေါ်ခိုင်းပါဘူး ကောရဲ့ အခေါ်လည်းမခံဘူး ကောနဲ့တွေ့မှ ဒီကောင်ကကွေးချင်သွားတာပါ ဒါပေမယ့် ကိုယ့်စိတ်ကိုသေချာနားလည်အောင်လုပ်ချင်သေးလို ကိုယ့်အချိန်နည်းနည်းယူနေတာပါ ကိုယ့်ကိုနားလည်ပေးပါနော် အချစ် ခနလေးဘဲ တကယ်ကိုခနလေးပါဘဲ ကိုယ်သေချာတဲ့အဖြေပေးမှာပါ"
"အင်း ရတယ် ရိပေါ်လေးဆိုရင် ကောကဘယ်လောက်ဖြစ်ဖြစ်စောင့်နိုင်တယ် ရိပေါ်လေးမလို့ ဝမ်ရိပေါ်ဖြစ်နေလို့ကိုစောင့်မှာ ဟုတ်ပြီလား အင်း စိတ်ပေါက်ရင်တော့မောင်လို့ခေါ်မယ်လေနော် ရလား"
"ရတယ်ရတယ် ကောစိတ်ကြိုက် ကောသဘောဘဲ ကောရဲ့မောင်လို့ခေါ်လိုက်ကွာ"
"ဟီးဟီး စကားတွေတက်နေလိုက်တာ အရမ်းချစ်ဖို့ကောင်းတာဘဲ"
"အွန်း ကောအတွက်ဘဲ limited editionနော် အုန်းလီးဖော်ယူဘဲ ပေါပေးတာ"
"အင်းပါ ဟုတ်ပါပြီ ခုတော့ဗိုက်ဆာနေပြီ သွားရအောင်"
"ဟုတ်ပြီ သွားမယ် လာ"
လက်ဆွဲပြီးထွက်သွားကြတဲ့၂ယောက်ကတော့ သူတို့ကိုချောင်းကြည့်နေတဲ့မျက်လုံးတစ်စုံကိုရော ကင်မရာကိုရော မမြင်သွားကြပါလေ ရှေ့ဆက်လျှောက်ရမယ့်လမ်းဟာကြမ်းတမ်းနေမလား ချောမွေ့နေမလားဆိုတာကို ဘယ်သူသိနိုင်ပါ့မလည်း
.
.
.
1356 words
6.7.2021 Ah Shoon
ကြိုက်ကြရဲ့လား vote and com plz
Luv u all💚❤

ESTÁS LEYENDO
Love Warning (Haitus)
Fanficငါ့ခွက်ကဖြောင့်တယ်တဲ့ xiao zhan ငါဖြောင့်တာက ဘော်ဒီလို့ wang yibo