Love Warning ep-9
Unicode under
Zawgyi
ဝမ်လုကျိုးတစ်ယောက် လက်ထဲကဓာတ်ပုံတွေကို ကြည့်ပြီးသွေးတက်နေရသည် ဝမ်ချင်ပြောတုန်းကမယုံဘဲ ရိပေါ်နောက်ကို လူလွှတ်စုံစမ်းခိုင်းထားတာ ရလဒ်က ငါသားမက်ရတော့မယ်ကိန်းဘဲ အိမ်း... ဘာလုပ်သင့်လည်း ပြောပြကြပါဦး ပရိတ်သတ်ကြီးတို့ ...ရုတ်တရက်ဆိုသလို အကြံပေါ်လာရတယ်
မန်းနီးရှိရင် ဘာမဆိုဖြစ်နိုင်တယ်လေ အဲ့ကောင်လေးကိုငွေနဲ့ပေါက်လိုက်ယုံဘဲပေါ့ ဒီလိုမှမရရင် နောက်တစ်နည်းပေါ့ ဒါပေမယ့် သူလုပ်ရင် မအောင်မြင်တာဘာမှမရှိဘူး ဝမ်ရိပေါ်ကိုတောင် တစ်ခေါက်ထဲနဲ့ အောင်မြင်ခဲ့တာပါကွ အဟင်း...
.
.
.
ရှောင်းကျန့်ကခု ကော်ဖီဆိုင်ရောက်နေတာဖြစ်သည် ဝမ်ceoကတွေ့ချင်တယ်ဆိုလို့ လာစောင့်နေရတာဖြစ်သည် စိတ်ထဲမှာတော့ ရိပေါ်လေးကိုလွမ်းနေရသည် မနက်ကတွေ့နေရတာ မဝသေးဘူးကို သူ့ဆီဖုန်းလှမ်းဆက်ပြီး ချိန်းတာကြောင့်
ရိပေါ်ကိုလည်း မသိစေနဲ့ဆိုလို့ မလှိမ့်တစ်ပတ်လုပ်ပြီး ထွက်လာရသည် တစ်ကယ်ဆို ရိပ်မိပါသည် သူ့ကို ဘာကြောင့်တွေ့ချင်ရသလည်းဆိုတာကို ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုင်နိုင်အောင် ကြိုးစားရမယ်လေ ဒါပြီးရင် ရိပေါ်လေးနဲ့တစ်သက်လုံး တူတူနေသွားလို့ ရပြီမဟုတ်လား သူတွေးနေတုန်းမှာဘဲ လူတစ်ယောက် သူ့ရှေ့ရောက်လာတာကြောင့် မော့ကြည့်မိလိုက်သည် ဟင်...ဒါ ဝမ်ရိပေါ်ကြီးမလား မဟုတ်ပါဘူး ရိပေါ်လေးက ဆံပင်ရှိပါတယ် ဒီလူကြီးက ကတုံးကြီး
ပြီးတော့ ဗိုက်ကြီးနဲ့ ငါ့ရိပေါ်လေးက ဆစ်ပက်တွေနဲ့ပါနော်
ဒီလို ပူပူကြီးမဟုတ်ဘူး ဗိုက် ဗိုက်
ဒါဆို ဒီရုပ်က ဝမ်ရိပေါ်ကြီးလာရင် ဖြစ်မယ့်ရုပ်ပေါ့ ခွီးးး သူမအောင့်နိုင်ဘဲ ရီမိသွားတယ် အသံကအပြင်ကိုပါထွက်သွားတာကြောင့် ကိုယ့်လိုဘဲ အကဲခတ်နေတဲ့လူကြီးက မျက်မှောင်ကျုံ့ကြည့်လာတယ် ဝါးဟားဟား ဝမ်ရိပေါ်ကြီး စိတ်ဆိုးတဲ့ရုပ်နဲ့ တစ်ရုပ်ထဲဘဲ သူလုံးဝမှ မအောင့်နိုင်တော့ ရီချင်တာကို အောင့်ထားရလို့ မျက်နှာကနီရဲနေပြီ မျက်ရည်စတွေပါ ထွက်နေပြီ လူကလည်း တုန်ချင်နေသည် ဟိုလူကြီးကတော့
သူ့ကြောက်လို့ တုန်ပြီး ငိုချင်နေတာလို့် ထင်နေတော့မည်
အမလေး ရှောင်းကျန့်လေးကို ကယ်ကြပါဦး
"ဟေ့ ကောင်လေး"
"ဗျာ ဗျာ"
အမလေး တော်ပါသေးတယ်.နောက်ဆုံးတော့ သူ စကားစပြောပြီလေ
"မင်းနံမယ်"
"ဗျာ အော် ဟုတ်"
ရှောင်းကျန့်နှာခေါင်းကို လက်နဲ့အုပ်ထားလိုက်သည်
"ဟေ့ နံမယ်လို့"
"အော် ဟုတ်ဟုတ်"
ထပ်အုပ်ထားလိုက်သည် ဒီလူကြီး အနံခံကောင်းလှချည်လား
ငါတောင်ဘာအနံ့မှ မရဘူး သူကငါနံမှာစိုးလို့တောင် သတိပေးလိုက်သေးတယ် မင်းတော်တယ် အမှတ် ၅၀ပေးလိုက်ပြီ ယောက်ခထီးကြီး
"ဟေ့ ကောင်လေး မင်းဘာလုပ်နေတာတုန်း ငါပြောနေတာ မကြားဘူးလား"
"ကြား.ကြားတယ်လေ နံမယ်ဆို"
"အေး ငါမေးနေတာ မဖြေဘဲ ဘာလို့ ပါးစပ်ကို အုပ်ထားတာလည်းဟ"
"ဦးလေးဘဲ နံမယ်ဆိုလို့ ကျတော် နှာခေါင်းအုပ်ပေးထားတာလေ ဘာဖြစ်လို့လဲ"
"ဟာကွာ ငါမေးတာ နာမည် နာမည် မင်းနာမည် မျိုးရိုးတွေဘာတွေကို မေးတာ"
"အော် ဟုတ်လား မသိဘူးလေ နံမှာစိုးလို့ သတိပေးတယ်ထင်လို့ပါ ဟီးဟီး"
"ရီပြမနေနဲ့ ပြော မင်းနာမည်"
"ဟို ရှောင်ရှောင်းကျန့်ပါ ရိပေါ်လေးကတော့ အချစ်လို့ခေါ်ပါတယ်ခဗျ ကျတော်ကတော့သူ့ကို မောင်လို့ခေါ်ပါတယ် အူယားတဲ့အခါကျရင် ရိပေါ်လေးလိုလည်းခေါ်ပါတယ်ဗျ ဘာလို့အူယားတာလည်ဆိုတော့ ချစ်လို့လေ သိတယ်မလား အချစ်ဆိုတာက မျက်မမြင်ဗျ အဲ ကျနော်ကျ အနီးမှုန်လေ ဒါပေမယ့် မျက်မှန်တပ်ထားတော့ ရိပေါ်လေးကို တမ်း မြင်တယ်လေ ဘာလို့လည်းဆိုတော့ သူကထင်း..ထင်း"
"ဟေ့ကောင်လေး မင်တော်တော့ နာမည်လေးမေးလိုက်တာ ရှည်လိုက်တဲ့စကားကြော ငါမတားရင် ဘယ်တော့မှ ပြတ်မလည်း မသိဘူး"
"မဟုတ်ပါဘူး ကျနော်ဘာလို့ စကားရှည်တာလည်းဆိုတော့"
"တော် တော် ငါလိုရင်းကိုဘဲ ပြောမယ် ငါနာ့မည်က ဝမ်လုကျိုး ဝမ်ရိပေါ်ရဲ့အဖေ"
"ဟာ ယောက်ခထီးကြီးပေါ့ ဒါဆို"
"ဘာ မင်း..မင်း အမလေး ငါသွေးတက်လိုက်တာ ရှင်းရှင်းပြောမယ်"
"ဟင်.ရှင်းရှင်းကဘယ်သူလည်း"
"ငါ့မိန်းမ ဟာ မှားလို့ ငါ့သားနဲ့ မင်းကို သဘောမတူဘူး အဲ့တော့လမ်းခွဲပေး ရှင်းလား"
"ဟင် ဦးလေး ကျတော်"
လုကျိုးတစ်ယောက် ဒီကောင်လေး ငြင်းတော့မယ်ဆိုတာ သိလို့ ကြိုထည့်လိုက်တဲ့ ပိုက်ဆံအိတ်တွေ ထုတ်ဖို့လုပ်နေတုန်းမှာဘဲ
"ကျတော် လက်ခံပါတယ် ဟင့် လမ်းခွဲပေးပါ့မယ် ရိပေါ်ကို"
"ဟင် မဟုတ်သေးဘူးလေ နေ..နေပါဦး"
"ဟင့်..ဦးလေး ဘာမှထပ်မပြောပါနဲ့ ကျနော်နားလည်ပါတယ်
ဖခင်တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူးဆိုတာကို ခုဘဲ လမ်းခွဲဖို့ လှမ်းပြောလိုက်ပါမယ်နော် ဒီမှာ ph.noကိုလည်း
blockလိုက်ပြီ သိလား တစ်ခြားဟာတွေကိုလည်း blockလိုက်ပါ့မယ်"
"မ..မဟုတ်ဘူးလေ မင်းကတန်းထွက်သွားရင် ဝမ်ရိပေါ်က ငါ့ကို အပြစ်လာတင်မှာပေါ့ တန်းမထွက်သွားနဲ့လေ ဖြည်းဖြည်းချင်းမှသွားလေ"
"အဲ့လိုဆို ရိပေါ်နားကနေ မထွက်နိုင်ဘဲ လောဘကြီးနေမိမှာမလို့ပါ ခုဘဲသွားလိုက်ပါတော့မယ် နှုတ်ဆက်ပါတယ်
ဦးလေး"
"ဟာ.ဟေ့ နေပါဦး"
ငါဘာမှတောင် မပေးရသေးဘူးလေ တားကြပါဦးဟ သူ့ကို
ထိုအချိန်မှာဘဲ ဆိုင်တံခါးက ဝုန်းကနဲ့ ပွင့်လာပြီး ဝမ်ရိပေါ်ဆိုင်ထဲကို ရောက်လာတယ် လုကျိုး ဘုရားတလိုက်မိတယ် သူမသိအောင် လုပ်ပါတယ်ဆိုမှ ဘယ်ကရောက်လာတာတုန်း သူက ဆိုင်ပေါက်ရောက်ခါနီး ရှောင်းကျန့်ကို ပြန်ဆွဲခေါ်လာပြီးတော့ သူ့နားပြန်ရောက်လာတယ် ဟိုကောင်လေးကတော့ ရုန်းနေပေမယ့် မရဘူးထင်ပါရဲ့ မျက်ရည်တွေနဲ့ သနားစရာလေး အယ် ငါသူတို့ချစ်ခြင်းကိုခွဲမိပြီလား မဖြစ်ဘူး သဘောတူကြောင်း အမြန်ပြောရမယ်
"ပါး ပါးအချစ်ကို ဘာတွေပြောလိုက်တာလည်း ကျတော်သိတယ်နော် ကျတော့်အချစ်ရေးကို ပါးဝင်မစွက်ဖတ်နဲ့"
"ရိပေါ် ကိုယ့်ပါးပါးကို အဲ့လို မပြောရဘူးလေ"
အမလေး သမက်လေးကလိမ်မာလိုက်တာ အရိုင်းစိုင်းကောင်နဲ့များကွာပါ့ ငါဘာလို့စိတ်စောပြီး သဘောမတူခဲ့တာပါလိမ့်
"ကော ပါးလုပ်လို့ ကျနော်တို့ ဝေးတော့မလို့လေ သိလားအဲ့တာကို ဟမ်"
"ဟာ နေကြပါဦး မဟုတ်ပါဘူးသူက ငါပြောတာဆုံးအောင်နားမထောင်ဘဲထွက်သွားတာတာလေ"
"ပါးက ဘာတွေထပ်ပြောဦးမလို့လည်း ကျနော့်ယုန်လေးကို
ကျနော့်ယုန်လေးက အသည်းငယ်တယ်ဗျ သိလား"
"အေး သိပါတယ်ကွာ ငါကသဘောတူတယ်လို့ပြောမလို့ကို"
"ဘာ ပါးတကယ်ပြောတာလား"
"ဒါပေါ့ကွ"
"ဟို ဦးလေးသဘောမတူလည်း ရိပေါ်က ကျနော့်ကို အဖြေမပေးသေးဘူးလေ တကယ်ချစ်တာမှမဟုတ်တာ လမ်းခွဲကြပါစို့ ရိပေါ်ရာ ကောတို့်ကမဖြစ်နိုင်ဘူးလေ"
"ဘာလို့် မဖြစ်နိုင်ရမှာ"
"ရိပေါ်လေးက ကောကို မချစ်..ချစ်"
"ချစ်တယ်လို့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ကို ချစ်တယ်လို့ အရမ်းချစ်တာ ဖွင့်ပြောဖို့လုပ်နေတုန်းမှာကို ပါးဝင်မွှေလိုက်လို့် အခမ်းအနားနဲ့ပါ ဖွင့်ပြောဖို့လုပ်ထားတာကို ခုတော့"
..အာ..အာ..အာ..
ကျီးကန်းတွေ ခေါင်းပေါ်က ဖြတ်သွားသလို ဝမ်လုကျိုးခံစားလိုက်ရတယ် ငါရှိနေမှန်းရော သတိရကြသေးရဲ့လား စိတ်တိုတိုနဲ့ ဘေးက ဘာကြီးမှန်းမသိတဲ့ဟာကို ကောက်ကိုင်လိုက်မိတယ် အချောင်းကြီး ဘာချောင်းကြီးလည်း ..ဟာကွာ
ထီးဘဲ...

YOU ARE READING
Love Warning (Haitus)
Fanfictionငါ့ခွက်ကဖြောင့်တယ်တဲ့ xiao zhan ငါဖြောင့်တာက ဘော်ဒီလို့ wang yibo