Chapter - 5

11 0 0
                                    

unicode

⚜ ဘဝတစ်ခုရဲ့ အတိမ်အနက် အချစ် ⚜
⚜ အပိုင်း (၅) ⚜

ရန်ကုန်တက္ကသိုလ်ကြီး၏ အဓိပတိလမ်းမပေါ်မှာ နေလ နဲ့ ရင်ငွေ့ တူတူလာနေကြလေသည်။သူတို့ တစ်ယောက်ကို တစ်ယောက် မည်သည့်စကားမှမပြောကြပဲ တိတ်ဆိတ်စွာ အဆောင်သို့ လာခဲ့ကြလေသည်။

အဆောင်ထဲကို နေလ နဲ့ ရင်ငွေ့ ဝင်သွားကြလေသည်။ရင်ငွေ့ က သူ့ကျောပိုးအိတ်ကို ကုတင်ပေါ်တင်ထားလိုက်လေသည်။

" အော် ကိုနေလ ဒါဆို ကိုနေလ ပြန်တော့လေ ကျွန်တော်လည်း အဆောင်ရောက်နေပြီပဲ ''

" အေ ကိုပြန်တော့မယ် ''

နေလ ပြောပြီး ပြန်ဖို့ တံခါးဝသို့ လှည့်လိုက်လေသည်။ ရင်ငွေ့လည်း ကုတင်ပေါ်က သူ့ကျောပိုးအိတ်ထဲမှာ ပစ္စည်း များထုတ်နေလေသည်။

နေလက အပြင်မသွားပဲ ပြန်လှည့်လာကာ ရင်ငွေ့အနား သို့သွားလိုက်သည်။ရင်ငွေ့ ကုတင်ဘက်ကအလှည့်မှာ နေလရဲ့ နှုတ်ခမ်းနားကို ရင်ငွေ့ နဖူးလေးက ထိလျက်သား ဖြစ်သွားသည်။

ရင်ငွေ့ မျက်လုံးကလေး ပြူးသွားပြီး နေလနဲ့မျက်လုံးချင်း ကြည့်နေကြလေသည်။သူတို့ တစ်ယောက်ကို တစ်ယောက် စူးစိုက်စွာ ကြည့်နေကြလေသည်။အကြင်နာ အကြည့်တွေက တဖွားဖွားပေါ်နေလေ၏။

အချိန်ခဏအကြာ ရင်ငွေ့ နေလနဲ့ အကြည့်လွှဲကာ ရှက်၍ခေါင်းငုံ့ပြီး နေလကို ရင်ငွေ့ စကားတစ်ခွန်းပြောလိုက်လေသည်။

" ဒါနဲ့ ကို နေ     လက ဘာပြောမလို့ လှည့်    
လာတာလဲ ''

" အင်း ကိုဒီကပဲ ဇေယျ ကို စောင့်ရမလားလို့ ''

" ဗျာ! "

ရင်ငွေ့ အံ့သြထိန့်လန့်သွားလေသည်။

" ဘာလဲ စောင့်လို့မရဘူးလား မဟုတ်ပါဘူး
ရပါတယ်စောင့်ပါ ''

" ဒါဆို မိုးလည်း ချုပ်တော့မှာ ဆိုတော့ ရေချိုးပြီး စောင့်နေလိုက်တော့မယ် ''

" ဗျာ!  "

ရင်ငွေ့ နေလ နဲ့ ကြာကြာသာ နေရင် သူ ရင်တွေခုန်လွန်းလို့ ရင်အုံတွေပါ ပေါက်ထွက်မတတ် ခံစားနေရ၍ ရင်ငွေ့ အံသြသတ ဖြစ်လေသည်။

The hight & low love of a lifeWhere stories live. Discover now