Chapter - 7

6 0 0
                                    

unicode

⚜ ဘဝတစ်ခုရဲ့ အတိမ်အနက် အချစ် ⚜
⚜ အပိုင်း (၇) ⚜

ကန်တော်ကြီးမှာ

" မုန်းတယ် မုန်းတယ် ''

လို့ ပြောကာ ငိုပြီး နေလ ရင်ဘတ်ကို ရိုက်ပုတ်နေတဲ့ ရင်ငွေ့ တစ်ယောက် အရမ်းစိတ်မကောင်း ဖြစ်နေလေတယ်လေ။

" အဟင့်အဟင့် ''

လို့ ငိုရှုံ့ကာ ရင်ငွေ့ ကို နေလ သူ့ရင်ထဲ ဖွဖွလေး ဖက်ထားလိုက်တော့တယ်။ရင်ငွေ့ လည်း ငိုလို့ဝတော့ နေလ ရဲ့ ရင်ခွင်ထဲက ထွက်လာခဲ့လေသည်။

ထိုအခါ

နေလ က အားငယ်တဲ့ မျက်နှာလေးနဲ့ ရင်ငွေ့ ပုခုံးကို ကိုင်ကာ

" ရင်ငွေ့ ကိုယ် ငွေ့ လို့ပဲခေါ်မယ်နော် ကိုယ် ငွေ့ကို
လိမ်ပြီး ဖုန်းနဲ့ နောက်ယှက်နေတာ ငွေ့ ထင်သလို

မဟုတ်ဘူး ကိုယ် ငွေ့ဆီက ကိုယ်တိုင်တောင်းဖို့ ကိုယ် မဝံ့ရဲခဲလို့ ပြီးတော့ ငွေ့အနားအမြဲရှိချင်လို့

ခုလို လုပ်နေတာပါ ဘာပဲဖြစ်ဖြစ်ကိုယ် ငွေ့ နားလေးမှာ ကာကွယ်ပေးချင်တာပါ ကိုယ် လိမ်ပြီးထားခဲ့လို့

ကိုယ်တောင်းပန်ပါတယ် နော် ငွေ့ ''

ဟူ၍ မျက်ရည်ဝဲကာ ပြောလိုက်လေသည်။ နေလ လည်း အတော်ပင်ပန်းခဲ့မှာပေါ့။သူဖွင့်ပြောဖို့ အတော်ကြိုးစားခဲ့ရမှာပါပဲ။

" ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ဆီက ကိုယ်တိုင်တောင်းရင် ဘာဖြစ်မှာလဲ ကျွန်တော်ပေးမှာပေါ့ အခုတော့ ''

" ကိုယ် ကမှ ငွေ့ကို စတွေ့ကတည်းက သူငယ်ချင်းလိုမှ သဘောမထားခဲ့တာ ကိုယ် ဘယ်လိုတောင်းရဲ

မှာလဲ ကိုယ်လည်း အတော်လေး ပင်ပန်းခဲ့ရတယ် ငွေ့
ကိုယ်လည်း မင်းလိုပဲ ဆိုတာ သိလား ဒါမယ့် ကို

အများကြီးမပြောင်းလဲ နိုင်ခဲ့ဘူး

ဒါတွေပြောနေလည်း မထူးပါဘူးလေ ဟုတ်တယ်

တကယ်တော့ ကိုယ်ကပဲ မှားတာပါ ဟုတ်တယ် ကိုယ်မှားတာပါ ကိုယ်မှားတာ ကိုယ့်ကို

ရိုက်လိုက်ပါ လိမ်ညာတတ်တဲ့ ကိုယ့်ကို ရိုက်လိုက်ပါငွေ့ ရိုက်လိုက်ပါ ''

The hight & low love of a lifeWhere stories live. Discover now