Chapter - 8 (A)

4 0 0
                                    

unicode

⚜ ဘဝတစ်ခုရဲ့ အတိမ်အနက် အချစ် ⚜
⚜ အပိုင်း (၈) က ⚜

ရန်ကုန်တက္ကသိုလ် သစ်ပုတ်ပင်ကြီးအောက်

နေလ နဲ့ ရင်ငွေ့ နှစ်ဦးသား ဖက်ကာ သစ်ပုတ်ပင်အောက် ထိုင်နေသည်မှာ အလွန်ကြည်နူးလှပေတယ်။

နေလ ရဲ့ ရင်ခွင်ထဲ ရင်ငွေ့တစ်ယောက် ခိုကာ စိတ်ချလက်ချမေးစက်နေလေတယ်။နေလ ကလည်း ရင်ငွေ့ ကို ဖက်ကာ ရင်ငွေ့ခေါင်းလေးကို ဖွဖွလေးကိုင်ကာထားသည်။

ရင်ခွင်ကြားထဲမှ ရင်ငွေ့ အသံတစ်ခု။

" ကိုယ် ကိုယ်က ဘယ်လိုလူစားလဲဟင် ငွေ့ကို ပြောပြလို့ရမလားဟင် ''

" ငွေ့ ကိုယ့် ကို ကိုယ်လို့မခေါ်ပါနဲ့လား ''

" ဘာဖြစ်လို့လဲ ကိုယ်ကလည်း ''

" ကိုယ် မသိဘူး ငွေ့က ကိုယ်လို့ ခေါ်တော့ စိတ်ထဲတစ်မျိုးကြီးမို့ ကိုနေ လို့ပဲ ခေါ်ပါလား ''

" အင်း ဒါဆိုလည် ကိုနေ့ သဘောပါပဲ ကိုနေ ''

" အင်း အာ့မို့ ချစ်ဖို့ကောင်းတာ ငွေ့ သိချင်ရင် ကိုယ်ပြောပြမယ် ကိုယ်ရဲ့ ပထမတစ်ချက်က ကိုယ် က

ငွေ့ထက် ကြီးတယ် အာ့ဆိုတော့ ခုနတုန်းကလို ကိုယ် လို့ခေါ်တာက ကိုယ့်ကို မရို​သေသလိုပဲ

အာ့မို့ ကိုယ်က ကိုနေလို့ ခေါ်ခိုင်းတာ ပြီးတော့ ကိုယ်က လိမ်တာမကြိုက်ဘူး စကားပြောပြီဆိုလည်း

ကိုက သေချာပြောတယ် စကားတစ်ခုကို အမျိုးမျိုးမပြောဘူး ''

" အင်း ငွေ့ လည်း လိမ်ရင်မကြိုက်ဘူး ငွေ့က စိတ်တိုစိတ်ကောက်လွယ်တယ် ''

" ကိုယ်လည်း ဘာထူးလဲ ကိုယ်က
ငွေ့ထက် ပိုဆိုးသေးတယ် ကိုယ်က
တနင်္ဂနွေသားလေ ''

" ဟာ ဟုတ်လား ငွေ့လည်း တနင်္ဂနွေသားပဲ ''

" အင်း ဟုတ်ပါပြီလေ မွတ် ''

နေလ က ရင်ငွေ့ နဖူးလေးကို ဖွဖွလေးနမ်းလိုက်လေသည်။

" ဟာ ဘာလုပ်တာလဲ ကျောင်းမှာ တခြားသူတွေ ရှိသေးတယ်လေ ''

" ရှိတော့ရော ကိုယ်က ဘာကို ဂရုစိုက်ရမှာလဲ ငွေ့ရယ် ဘာမှမဖြစ်ဘူး ''

The hight & low love of a lifeWhere stories live. Discover now