သူငယ်ချင်းဆိုတဲ့ စကားလေးကိုကြားတာနဲ့
ခင်များတို့ ဘယ်သူ့ကိုပြေးမြင်မိလဲ
ကျွန်တော်ကတော့ ပါးဖောင်းဖောင်းလေးနဲ့
ဲ့ချစ်စရာကောင်လေးတစ်ယောက်ကိုမြင်မိတယ်
ချစ်စရာကောင်းတယ်ဆိုပေမယ့် သူကအကျင့်တော့မကောင်းဘူး
ဘယ်လိုမကောင်းလဲဆိုအအိပ်မက်တဲ့ကျွန်တော့်ကို မနက်စောစော အခန်းတံခါး ပြုတ်ထွက်မတတ်ထုပြီး လာနိုးတတ်တာမျိုး
သူစားချင်တာရှိရင် ကလေးတစ်ယောက်လို
မရမက ပူဆာတတ်မျိုးအတန်းလစ်ချင်ပြီဆိုရင်လည်း ကျွန်တော်ကသူ့ရဲ့လုပ်ကြံဇာတ်တွေမှာ ပါဝင်ပေးရတာမျိုး
အဲ့လိုသူ့ရဲ့ဆိုးနွဲ့မှုတွေကို ကျွန်တော်စိတ်ညစ်လားဆိုတော့
ဟင့်အင်း စိတ်မညစ်ပါဘူး
နည်းနည်းလေးတောင် သဘောကျသလားလို့
ဘာလို့ဆိုသူ့ရဲ့အနိုင်ကျင့်မှုတွေဟာ
ကလေးဆန်သည်ကိုးဘယ်လိုဘဲသူကျွန်တော့်အပေါ်အနိုင်ယူပါစေ
ကျွန်တော့်အတွက် သူငယ်ချင်းဆိုပြီးခေါင်းစဉ်တပ်စရာလူဆိုလို့
ထိုကောင်လေးတစ်ယောက်တည်းသာရှိသည်
သူ့ကတော့ ကျွန်တော့်လိုမဟုတ်
ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အပြုံးချိုတဲ့ကောင်လေးကို
သူငယ်ချင်းလုပ်ချင်သူတွေပုံလို့
အေးလေ...ကျွန်တော့်လိုတစ်ကောင်ကြွက်မှမဟုတ်ဘဲ
တခါတလေ သူနဲ့စကားများလို့
' ငါနဲ့စကားလာမပြောနဲ့ မင်းအပေါင်းအသင်းတွေနဲ့သွားပြော'
လို့အော်မိလိုက်ရင် ကျွန်တော့်ကို ကြည့်ပြီးပြုံးတယ်ဆိုရုံလေးပြုံးကာ
' hyungက ကျွန်တော့်ကိုအူတိုနေတာလား
hyungကကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ
အဲ့တာကြောင့် စိတ်မဆိုးပါနဲ့' ဆိုပြီးကျွန်တော့်ကိုနှစ်သိမ့်တတ်သေးတာဒါနဲ့လေ
သူနဲ့ကျွန်တော် ဘယ်လိုစတွေ့လည်းသိလား
ကျွန်တော်တို့ အဖြစ်အပျက်ကမှတ်တမ်းတင်ထားလောက်အောင်တော့
ထူးဆန်းမနေပါဘူးအဲ့တုန်းက ကျွန်တော်အသက်က 15နှစ်
Seoulကိုစပြောင်းပြောင်းလာချင်းပေါ့
နေရာအသစ်မို့ ကလေးပီပီလျှောက်သွားချင်မိတာကြောင့်
စက်ဘီးလေးစီးပြီး ပတ်ဝန်းကျင်ကိုလေ့လာနေမိတုန်း
အကျီအဝါရောင်နဲ့ကောင်လေးတစ်ယောက် ကြောင်တစ်ကောင်ကိုလိုက်ဖမ်းရင်း
ကျွန်တော့်စက်ဘီးနဲ့တိုက်မိပါလေရော
တိုက်မိတယ်သာဆိုတယ် အရှိန်တော့မပြင်းပါဘူး
အဲ့တာကို အနှီကောင်လေးက တိုက်မိတဲ့နေရာမှာတင်ထိုင်ငိုလေရဲ့
ကျွန်တော်လည်း နည်းနည်းတော့ကြောင်သွားတာပေါ့
အဲ့တာနဲ့စက်ဘီးပေါ်ကဆင်းပြီး' ဒီမှာ ဘာဖြစ်သွားသေးလဲ'
'ဟင့် နာတယ် ခြေထောက်နာတယ် ဟင့်'
'အဲ့တာဆို ငါ့အိမ်လိုက်ခဲ့ပါလား
အိမ်ရောက်ရင် ငါ့အမေဆေးလိမ်းပေးလိမ့်မယ်''မင်း အိမ်ကဘယ်မှာလဲsob* '
'ငါ့အိမ်က ရှေ့နားဆိုရောက်ပြီ
လာစက်ဘီးပေါ်တက်'ဒီလိုနဲ့ဘဲ
ကျွန်တော်တို့နှစ်ယောက်ကို ကံကြမ္မာကဆုံစည်းစေခဲ့တယ်
သူ့အကြောင်း ကိုယ့်အကြောင်းပိုသိလာတဲ့အလျောက်
ရင်းနှီးမှုကလည်းပိုတိုးလာခဲ့တယ်ကျွန်တော်တို့ကသက်တူရွယ်တူတွေတော့မဟုတ်
ဒီကောင်လေးက ကျွန်တော့်ထက်1နှစ်ငယ်သည်
အဲ့တာကြောင့် ကျွန်တော့်ကို 'hyung'လို့သာခေါ်လေ့ရှိသည်
ကျွန်တော်ကကျောင်းတစ်နှစ်နောက်ကျထားတာကြောင့်
အတန်းတော့အတူတူပင်အဖေနဲ့အမေကလည်း သူ့ကိုသားတစ်ယောက်လိုချစ်ကြတယ်လေ
ချစ်ဆို သူကအချွဲတော်သည်ကိုး
အမေ့ကိုဆို ageyoတွေထုတ်ထုတ်သုံးပြီး သူစားချင်တာတွေချက်ကျွေးခိုင်းတာအခုတော့ကျွန်တော့်မိဘတွေလည်းမရှိကြတော့ပါဘူး
ကျွန်တော် 19နှစ်မှာ ကျွန်တော့်အဖေက ကင်ဆာနဲ့ဆုံးသွားခဲ့တယ်
သိပ်မကြာပါဘူး အမေလည်းအဖေ့စိတ်နဲ့ဘဲဆုံးသွားတယ်
ဒါကတော့ ကျွန်တော်တစ်ကောင်ကြွက်ဖြစ်နေရခြင်းရဲ့အကြောင်းအရင်းပေါ့~smoot like butter~~~~
Phone ringtoneသံကြောင့် contact nameကို ကြည့်လိုက်တော့
*Jiminie*ကိုယ့်အကြောင်းကိုယ်ပြန်တွေးနေတာနဲ့ဘဲ
ဘယ်နာရီထိုးပြီလဲတောင်မသိ
ကောင်လေးနဲ့gameဆော့ဖို့ချိန်းထားသည်လေ
နောက်ကျနေလို့phဆက်တာထင်တယ်'hello'
'Yoongi hyung! gameဆော့ပါမယ်ဆို ဘာလို့gameဆိုင်ရောက်မလာသေးတာလဲ
ဘာလဲ အိပ်နေတာလား''မဟုတ်ပါဘူးကွာ မင်းကလည်း
လာပြီ လာပြီ အခုထွက်လာပြီ''ပြီးရော
မြန်မြန်လာနော် မဟုတ်ရင်ကြက်ကြော်ဝယ်ကျွေးရမယ်
ဒါဘဲ'*တီ*
သူပြောချင်တာပြောပြီးphချသွားတဲ့ကောင်လေး
မြန်မြန်gameဆိုင်သွားရမယ်
မဟုတ်ရင် အစားကြီးတဲ့ကောင်ကို ကြက်ကြော်ဝယ်ကျွေးရလို့
ကိုယ့်ရှိတဲ့ပိုက်ဆံလေးပြောင်လေးဦးမယ်ထို့နောက် Yoongiလည်း
သူ့သူငယ်ချင်းလေးရှိရာ gameဆိုင်ဆီသို့....._______________________Friends_______
First timeရေးတာမို့ ကြိုးစားပြီးရေးထားပါတယ်readerတစ်ယောက်ချင်းစီကို ချစ်ခင်လေးစားလျက်
보라해💜💜💜🌨️눈