'Jiminခြေထောက်နာနေသေးလား'
ကျောင်းဆေးခန်းမှာပတ်တီးစည်းပြီးတဲ့ကောင်လေးကို အိမ်ပြန်ရန်ပြောတော့မပြန်ချင်သေးဘူးဆိုကာ ကျွန်တော့အိမ်ကိုဦးတည်လာလေတယ်
ဒါကြောင့်ဒီနေ့တော့အတန်းတက်ရန်မဖြစ်နိုင်တော့
အိမ်ကိုသာtaxiနဲ့ပြန်လာခဲ့ရသည်အိမ်ရောက်ပြီးအဝတ်အစားလဲကာ ကောင်လေးရှိတဲ့ဧည့်ခန်းဆီထွက်လာခဲ့တယ်
ဆိုဖာပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့ကောင်ငယ်လေးအား
သူ့ဘေးဝင်ထိုင်ရင်း ခြေထောက်အခြေအနေကိုမေးတော့'မနာတော့ပါဘူးhyung
မနက်ဖြန်ဆိုလမ်းလျှောက်လို့ရမယ်ထင်တယ်''အင်း လှုပ်လှုပ်ရှားရှားသိပ်မလုပ်နဲ့
အိမ်ပြန်ရင် မင်းအိမ်ကdriverကိုလာကြိုခိုင်းလိုက်''hyung ကျွန်တော်ခြေထောက်ကျိုးသွားတာမဟုတ်ဘူးနော်
ခြေဆစ်ဘဲလွဲသွားတာ'သူ့ကိုအနာသက်သာစေရန်ပြောတဲ့
ကျွန်တော့်အားပြန်လည်ချေပနေတဲ့ကောင်လေး'စေတနာနဲ့ပြောတာဟေ့
မကြိုက်ရင်လည်း မပြောဘူး''ဟာhyungကလည်း ကျွန်တော်ကအဲ့လိုပြောတာမဟုတ်ပါဘူး
အလကားသက်သက်hyungကစိတ်ပူနေလို့'စိတ်ပူတယ်
သူငယ်ချင်းလိုပါ
သူငယ်ချင်းမို့ စိတ်ပူမိတာပါ'.....'
'hyungစိတ်ဆိုးသွားတာလား'
'မဆိုးပါဘူး မင်းဗိုက်ဆာနေလား ဘာစားမလဲ'
'ဟီး pizzaစားမယ်'
'အင်း ခဏနေမှာလိုက်မယ်'
'ကျွန်တော့်hyungကချစ်ဖို့ကောင်းလိုက်တာ
ကျွန်တော်နဲ့အနေများလို့ထင်တယ်'သူစားချင်တာဝယ်ကျွေးလို့တဲ့
မျက်လုံးတွေကို လခြမ်းကွေးလေးတွေဖြစ်တဲ့အထိပြုံးပြနေတဲ့ကောင်လေးဟာ
ကျွန်တော့်ကိုချီးကျူးသလိုနဲ့ သူ့ကိုယ့်သူမြှောက်ပြောနေလေရဲ့'တော်ပါကွာ'
ကောင်လေးအား အလိုမကျသလိုပုံစံမျိုးနဲ့ပြောတော့
မူပိုင်အပြုံးလေးအားတဖန်ထုတ်ပြလာပြန်သည်
မင်းရဲ့အပြုံးတွေမြင်တိုင်း တစ်စတစ်စမြန်ဆန်လာတဲ့
ငါ့ရဲ့နှလုံးခုန်သံကိုဘယ်လိုထိန်းချုပ်ရမလဲကောင်လေး
အဲ့ဒီ့နည်းလမ်းကိုငါမသိပေမယ့်
အခုတော့ မင်းနားကနေအမြန်ထွက်သွားရမယ်
မဟုတ်ရင် အခြေအနေပိုဆိုးလိမ့်မယ်