Final

38 3 8
                                    

7 years later,

အခုချိန်ဆို မင်းဘာတွေများလုပ်နေမလဲကောင်လေး
ဘယ်နေရာမှာဘယ်သူနဲ့အတူရှိနေမလဲ
မင်းရဲ့အတွေးတွေထဲမှာရော ဘယ်သူကများနေရာယူထားသလဲ
ကျန်းမာရေးလည်းဂရုစိုက်ပါကောင်လေး
ရာသီဥတုကအေးလွန်းနေတာမို့ နွေးနွေးထွေးထွေးရောရှိပါရဲ့လား
မင်းရွေးချယ်ခဲ့တဲ့လမ်းမှာမင်းပျော်နေပါစေကောင်လေး
ငါကတော့ တစ်ယောက်တည်းဘဲ
မင်းငါ့အနားမှာမရှိရင် ငါကအမြဲတစ်ယောက်တည်းပါဘဲ
ငါတို့ရဲ့အရင်ကအမှတ်တရတွေအကြောင်းပြန်တွေးမိရင်
ငါမင်းကိုပိုပြီးသတိရလာတယ် ပိုပြီးတွေ့ချင်လာတယ်

ငါ့ရဲ့တစ်နေ့တာဟာ မင်းကိုသတိရခြင်းတွေနဲ့သာ
ပြည့်နှက်နေတယ်
မင်းသာသိနိုင်မယ်ဆို အဖြူရောင်နှင်းစက်တို့အား အမှာစကားပါးချင်ပါတယ်
ငါမင်းကိုသေလောက်အောင်လွမ်းနေမိတဲ့အကြောင်း

'အရမ်းလွမ်းတယ် Park Jimin!!!!!!!'

လွမ်းတာတွေများလျော့သွားမလားလို့
မင်းကိုလွမ်းကြောင်းအကျယ်ကြီးအော်ပြောလိုက်တယ်
အဝေးတစ်နေရာက မင်းများကြားနိုင်မလား

'ကြားတယ် ကြားတယ်
အဲ့လောက်အော်ပြောဖို့မလိုဘူး Min Yoongishi'

'ဟင် ကလေး
ဘယ်တုန်းကပြန်ရောက်တာလဲ'

'အခုဘဲရောက်တာ
ရောက်ရောက်ချင်း အမောကိုမပြေဘူး
မရှက်ဘူးလားဟမ် ဝရံတာထွက်ပြီးအော်နေတာ
တကယ်ဘဲ Jungkook weddingရှိလို့
Busanလေးခဏသွားပါတယ်
သေသွားတာကျနေတာဘဲ
လွမ်းဖျားလွမ်းနာကျနေလိုက်တာ'

'အချစ်ကလည်း
ကိုယ်တို့weddingပြီးတာတောင်မကြာသေးဘူး
အချစ်ကBusanကိုတစ်ယောက်တည်းသွားတာလေ
ကိုယ်ကအချစ်နဲ့ခဏလေးတောင်ခွဲချင်တာမဟုတ်ဘူး
လွမ်းတာပေါ့'

အနောက်ကသိုင်းဖက်ကာ
သူ့ကိုလွမ်းကြောင်းချွဲနွဲ့ပြီးပြောလိုက်တော့
မျက်စောင်းလေးထိုးကာတစ်ဖက်လှည့်သွားတဲ့အချစ်ကလေး

'အချစ်ပင်ပန်းတယ်မလား
နားလိုက်ဦးလေနော်
ကိုယ်သံပုရာရည်ဖျော်ပေးမယ်'

'မသောက်ဘူး
ရေအရင်ချိုးမယ်'

'အင်းပါ
အကြာကြီးမချိုးနဲ့နော်
အေးတယ်'

You've reached the end of published parts.

⏰ Last updated: Jun 24, 2021 ⏰

Add this story to your Library to get notified about new parts!

Friends Where stories live. Discover now