ကျောင်းဖွင့်ရက်တစ်ရက်
မနက် 7နာရီထိုးသော်ငြားလည်း အခုထိအိပ်မက်ကမ္ဘာထဲတွင်သာရှိသေးသော ကောင်လေးတစ်ယောက်ထိုစဉ်
'ဒုန်း' 'ဒုန်း' 'ဒုန်း''hyung ရေ hyung! Yoongi hyung!
ထတော့လေဗျာ'အခန်းတံခါးအား တဒုန်းဒုန်းထုကာhigh noteဖြင့်အော်နေသာ
Yoongi၏ တစ်ဦးတည်းသောသူငယ်ချင်းကောင်လေး
Yoongi အခန်းpasswordကိုတော့သိနေပြီးသားဖြစ်၍
အိပ်ခန်းရှေ့ကအော်နှိုးနေခြင်းပင်အိပ်ယာထက်ကYoongiမှာတော့
အိပ်မက်ထဲတွင် လိမ္မော်ခင်းထဲရောက်နေကာ လိမ္မော်သီးများကိုတစ်လုံးပြီးတစ်လုံးခူးစားနေလေသည်
ရုပ်တရက် မိမိနာမည်အားhigh noteဖြင့်အော်ခေါ်နေမှုကြောင့်
အိပ်ချင်မူးတူးဖြင့် လန့်နိုးလာကာ'ငါလိမ္မော်ခင်းထဲရောက်နေတာကို ဘယ်ကောင်လာနှောင့်ယှက်တာလဲဟ'ဟုတွေးနေစဉ်
'Yoongi hyung!ကျောင်းသွားရမှာမထသေးဘူးလား
ရေနဲ့ပက်ပြီးလာနှိုးရမလား'ထိုအခါမှYoongiလည်း နာရီကိုကမန်းကတန်းကြည့်မိတော့
လက်တံတိုလေးမှာ 7ဂဏန်းတွင်ရှိနေ၍
လက်ရှည်လေးမှာတော့ 3ဂဏန်းကိုညွှန်ပြနေသည်မှာ
Yoongiအား နောက်ကျနေပြီမြန်မြန်ထတော့ ဟုအသံတိတ်ပြောနေသလိုပင်ရေချိုးခန်းထဲအမြန်ဝင်ကာ ကျောင်းသွားရန်ပြင်ဆင်ရတော့သည်
အကုန်ပြင်ဆင်ပြီးချိန်မှာ 7:30ရှိပြီ
15မိနစ်နဲ့အပြီးပြင်ဆင်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုမှန်ထဲ ပြန်ကြည့်မိတော့
'အဟက် Min Yoongiတို့များဘယ်လိုနေနေချောနေရောဘဲ'
မှန်ထဲကမိမိကိုမိမိအမွှန်းတင်ပြီး လွယ်အိတ်ယူကာအခန်းထဲကထွက်အလာ
ဧည့်ခန်းကဆိုဖာပေါ်တွင် ထိုင်လျက်အိပ်ပျော်နေသောသူငယ်ချင်းလေး လက်ထဲမှာလည်းစာအုပ်ကကိုင်ထားသေးတယ်
ဧကန်န သူ့ကိုစောင့်ရင်းအိပ်ပျော်သွားတယ်ထင်ပါရဲ့
ကျောင်းချိန်နီးပြီမို့ Jiminအားနှိုးရန် အနားတိုးမိတော့
အနီးကပ်မြင်လိုက်ရတဲ့မျက်နှာချောချောလေး
အိပ်ပျော်နေသည်မို့ အနည်းငယ်စူထွက်နေတဲ့နှုတ်ခမ်းဖူးဖူးလေး
အမှန်အတိုင်းပြောရရင် Jiminဟာ တကယ်ကိုချောမောလွန်းပါသည်
ငယ်စဉ်ကတည်းကရှိခဲ့တဲ့ပါးဖောင်းဖောင်းလေးဟာလည်း
အခုထိတိုင် ချစ်ဖို့ကောင်းနေဆဲ