Chapter - 5

294 38 7
                                    

( Unicode )

ဒီနေ့ ကျောင်းပြန်ဖွင့်တဲ့ရက်မို့ KyungSoo တစ်ယောက် ‌ကျောင်းကိုလာနေတဲ့ ခြေလှမ်းတွေက လေးကန်နေသည်။ ကျောင်းပိတ်ရက်နှစ်ရက်ကိုသာ ကျော်လာခဲ့တာ တကယ်ကျောင်းနှစ်ရက် ပိတ်ခဲ့တာလားလို့တောင် ကိုယ့်ဘာသာ မနည်းပြန်စဉ်းစားနေရသည်။ ပိတ်ရက်မှာ Project အတွက်စာတွေပဲ ရှာလိုက် ရေးလိုက်နဲ့ ပြင်ဆင်နေရ‌တော့ ‌ကောင်းကောင်းတောင် မနားလိုက်ရ ။

အဲ့ဒါကြောင့် လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ KyungSoo တစ်ယောက် ကျောင်းကို လာနေရခြင်းဖြစ်သည်။ တကယ်က Project အတွက် အခုချိန်မှာ ပင်ပန်းနေတယ်ဆိုပေမယ့် နောက်ပိုင်း deadline နားရောက်ခါနီးမှ ကမန်းကတမ်း ပြင်ဆင်ရတာက ပိုဆိုးသည်။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ‌စောစောအပြီးသတ်နိုင်တော့ အေးအေးဆေးဆေး နေလို့ရတာပေါ့ဆိုပြီးပဲ ဖြည့်တွေးလိုက်သည်။ မဟုတ်လည်း Project ကိုအေးဆေးပါဆိုပြီး အချိန်ဆွဲလုပ်နေရင်းနဲ့ ဝုန်းကနဲ နှစ်ဝက်စာမေးပွဲနဲ့တိုက်သွားတဲ့အချိန်သာ ဖြစ်လို့ကတော့ ဆက်တောင်မစဉ်းစားချင်တော့။ စဉ်းစားရုံနဲ့တင် အသက်ရှုကြပ်ပြီး ပင်ပန်းချင်လာတယ် ။

တော်သေးတာက ဒီတစ်ခေါက် project အတွက် အဖွဲ့ဖြစ်တဲ့ တခြားသူတွေထဲလည်း စာမလုပ်ချင်တဲ့သူမပါလို့သာ ပိုတော်တော့သည်။ Project စတာ တစ်ပတ်ကျော်လောက်ပဲ ရှိသေးပေမယ့် သူတို့ တင်ပြမယ့် အကြောင်းအရာတွေကို ဘာတွေထည့်မယ် ဘယ်လိုတင်ပြမယ်ဆိုတာတွေကို အကြမ်းဖျင်း လုပ်ပြီးပြီဖြစ်နေသည်။

KyungSoo ကျောင်း Project တွေလုပ်လာတဲ့တစ်လျှောက် ဒီတစ်ခေါက်လိုမျိုး မြန်မြန်ဆန်ဆန်ပြီးနိုင်တဲ့ အခြေအနေမျိုးနဲ့ တစ်ခါမှ မကြုံခဲ့ဖူး။ အဲ့ဒါကြောင့် အနည်းဆုံးတော့ အရင်နှစ်တွေထက်စာရင် အများကြီး အဆင်ပြေပါသေးတယ်လို့ တွေးမိသည်။

KyungSoo ကျောင်းရောက်ခါနီး ကျောင်းနားက coffee ဆိုင်လေးကိုတွေ့တော့ coffee တစ်ခွက်လောက် ဝင်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျောင်းရောက်ပြီး အခန်းထဲဝင်တာနဲ့ စာတန်းသင်ရမှာဆိုတော့ လေးလံထိုင်းမှိုင်းနေတာနဲ့ သင်တဲ့စာတွေကို လိုက်မမှတ်နိုင်ဘဲ နေမှာစိုးလို့ စိတ်ကြည်သွားအောင် coffee သောက်ဖို့လုပ်လိုက်သည်။ Ice Americano တစ်ခွက်မှာထားလိုက်ပြီး order အခေါ်ကိုစောင့်နေလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 20, 2021 ⏰

Add this story to your Library to get notified about new parts!

ULTERIOR ( Zawgyi + Unicode ) Where stories live. Discover now