( Zawgyi )
စနေ တနင်္ဂနွေ ပိတ်ရက်တို့ကုန်သွားပြီမို့ ဒီနေ့ KyungSoo ကျောင်းပြန်တက်ရတော့မည် ။ သူ့ရဲ့ပိတ်ရက်တွေက ထူးထူးခြားခြားတွေ သိပ်မရှိ ။ အိမ်မှာပဲနေပြီး ဝယ်ထားတဲ့စာအုပ်တွေ ဖတ်ရင်ဖတ် ။ မဖတ်ရင် tv ကလာတဲ့ အစီအစဉ်တချို့ကို ကြည့်ပြီးသာ သူ့ပိတ်ရက်တွေကို ကုန်ဆုံးလေ့ရှိသည် ။ အရင်လို JongDae နဲ့ BaekHyun ကိုခေါ်ချင်တိုင်း ခေါ်နေလို့တော့ မရတော့ဘူး ။ ကျွန်တော်အားတဲ့အချိန်တွေမှာ သူတို့အလုပ်တွေနဲ့သူတို့ မအားကြ ။ BaekHyun ကအခုတလော နာမည်ကြီးမင်းသား မင်းသမီးတချို့ပါဝင်မယ့် ဇာတ်ကားတစ်ခုမှာ ပါဝင်ရဖို့ ပြင်ဆင်နေတာနဲ့ အလုပ်ရှုပ်နေတယ်လို့ပြောတယ် ။ JongDae ကလည်း သူတို့ကုမ္ပဏီက အဖွဲ့သစ်တစ်ဖွဲ့ကို စင်တင်ပေးတော့မှာမို့ အဲ့အဖွဲ့ကို အသံလေ့ကျင့်မှုတွေ လုပ်ပေးနေရတာမို့ သူလည်းမအား ။ ဒီတော့ KyungSoo ရဲ့ပိတ်ရက်တွေက အိပ်ယာထဲမှာ လူးလိမ့်ပြီးကုန်သွားခဲ့ရတာတွေပဲ များနေသည် ။
KyungSoo သူ့ရဲ့အရှေ့ကျနေတဲ့ ဆံပင်တချို့ကို ဂျယ်နဲ့အသာထောင် ၊ ရေမွှေးဆွတ်ပြီး မှန်ထဲပေါ်နေတဲ့ ကိုယ့်ပုံကိုယ်ကျေနပ်အောင် သေချာကြည့်နေလိုက်သည် ။
" ဒီကျန်နေတဲ့ ကျောင်းရက်တွေအတွင်း ငါ့ကို အဖော်လုပ်ပေးမယ့် သူငယ်ချင်းအသစ် တစ်ယောက်ပေါ်လာရင် သိပ်ကောင်းမှာပါပဲ "
KyungSoo သက်ပြင်းတစ်ချက်ချလိုက်ပြီး ကုတင်ပေါ်က လွယ်အိတ်ကို ဆွဲပြီးအောက်ထပ်ကို ဆင်းလာခဲ့လိုက်သည် ။ အောက်ရောက်လို့ ထမင်းစားခန်းထဲသွားတော့ ထမင်းစားပွဲမှာ အသင့်ရောက်နေပြီ ဖြစ်တဲ့ အဖေနဲ့ ကိုကို ကိုတွေ့လိုက်ရသည် ။ ကိုကို့ဘေးနားက ခုံမှာဝင်ထိုင်ရင်း
" အဖေ ကောင်းသောမနက်ခင်းပါ.. ညက ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား? "
" ကောင်းပါတယ် .. မင်းအကိုကြီးက အဖေ့အလုပ်တွေ ဝိုင်းကူလုပ်ပေးတော့ အရင်လို သိပ်မပင်ပန်းတော့ဘူးကွ.. သားတွေမွေးထားရကျိုး နပ်ပြီထင်ပါတယ်ကွာ .. ဟား ဟား ဟား "
အဖေ့ရဲ့သဘောတကျ ရယ်နေတဲ့အသံကနေ ကိုကို့မျက်နှာကို တချက်လှမ်းကြည့်တော့ ကိုကိုက မျက်ခုံးတစ်ဖက်မြှောက် နှုတ်ခမ်းကို တစ်ခြမ်းပဲပြုံးပြရင်း * တွေ့တယ်မလား * ဆိုတဲ့သဘောနဲ့ လုပ်ပြနေတဲ့ ကိုကို့မျက်နှာကြီးကို တွေ့လိုက်ရသည် ။ မျက်စောင်းကို ပိတ်ထိုးပစ်လိုက်ရင်း အရှေ့ပြန်လှည့်ကာ မေမေလာချပေးတဲ့ ပေါင်မုန့်မီးကင်ကို စားဖို့ကိုင်လိုက်သည် ။
ŞİMDİ OKUDUĞUN
ULTERIOR ( Zawgyi + Unicode )
Hayran KurguMain Character - Kim JongIn & Doh KyungSoo