( Zawgyi )
(灬º‿º灬)♡
~~~~~~~~~~~
တက်လာတဲ့ noti bar က စာကြောင်းလေးတစ်ကြောင်းကို ကြောင်ကြည့်ရင်း KyungSoo စာပြန်ဖို့ကို တော်တော်တွေဝေနေမိသည် ။JongIn - " KyungSoo shi..? စကားတောင် ပြန်မပြောဘူးနော်.. : - ( "
ဒုတိယမြောက်စာကြောင်း တက်လာတော့မှ KyungSoo သူ့လက်မနှစ်ချောင်းကို ခပ်သွက်သွက် အလုပ်ပေးမိသည် ။
KyungSoo - " မဟုတ်ပါဘူး.. နံပါတ်အစိမ်းဆိုတော့ ခဏကြောင်သွားတာ XD "
JongIn - " မသိပါဘူး.. ကျွန်တော့်ကိုများ စကားပြန်မပြောချင်ဘူးလားလို့ "
KyungSoo - " မဟုတ်ပါဘူး.. အဲ့လိုစိတ်မရှိပါဘူး "
JongIn - " မနက်ဖြန် projet အတွက်တွေ့ဖို့က အတန်းတွေ ပြီးတာနဲ့ coffee ဆိုင်မှာတွေ့ကြမှာနော် "
KyungSoo - " ဟုတ်တယ် "
KyungSoo JongIn နဲ့ chatroom ကိုပဲဖွင့်ထားရင်း ဟိုဖက်ကဘာထပ်ပြောအုံးမလဲ စောင့်နေလိုက်သည် ။ တော်တော်လေး ကြာတဲ့အထိ ဘာစာမှထပ်မပို့တော့ KyungSoo internet ပိတ်ပြီး အိပ်ဖို့လုပ်တုန်း...
JongIn - " KyungSoo shi.. အိပ်ချင်နေပြီလား? "
ထပ်တက်လာတဲ့စာကြောင့် KyungSoo ဖုန်းကို ပြန်ကိုင်ရင်း
KyungSoo - " ဟုတ်.. အခု အိပ်တော့မလို့ "
JongIn - " အာ... ဟုတ် ဟုတ်.. အဲ့ဒါဆိုလည်း goodnight နော် "
KyungSoo - " ဟုတ်.. JongIn လည်း goodnight ပါ "
JongIn - " ဟုတ် "
JongIn ဆီက reply ပြန်ရပြီးတာနဲ့ KyungSoo ဖုန်းကိုပိတ်ပြီး အိပ်ပျော်ဖို့အတွက် ကြိုးစားလိုက်တော့သည် ။
----------------------
KyungSoo သူ့အတန်းချိန်တွေ အားလုံးပြီးတာနဲ့ ချိန်းထားတဲ့ coffee ဆိုင်ဆီ ထွက်လာခဲ့လိုက်သည် ။ ဆိုင်ဆီရောက်တော့ ကောင်တာဆီ အရင်သွားပြီး Latte တစ်ခွက်မှာကာ ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည် ။ ဆိုင်လေးက သိပ်တော့မဆိုး ။ အထပ်နှစ်ထပ်ရှိပြီး ဆိုင်အရောင်ကိုတော့ အညိုဖျော့ဖျော့နဲ့ အညိုရောင်ရင့်ရင့်ကို လိုက်ဖက်ညီစွာ စပ်ဟက်ထားသည် ။ ဆိုင်ထဲကို ကြည့်နေရင်းနဲ့ ပြတင်းမှန်အကြီးကြီးရဲ့နားက နှစ်ခုံဆက်စားပွဲတစ်ခုမှာ ထိုင်နေတဲ့ လူတစ်ယောက်ဆီ အကြည့်ကရောက်သွားသည် ။