Uni
"ဒါဘယ်လောက်လဲ"
သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့ပန်းချီတစ်ပုံကိုလက်ညိုးထိုးပြီးမေးလိုက်သည်။ ပြန်ဖြေခြင်းမရှိဘဲတိတ်ဆိတ်နေတာကိုကြည့်ရင်တော့ shockရသွားတဲ့ပုံပါပဲ။
"ဒါဘယ်လောက်လဲလို့.."
နောက်တစ်ကြိမ်လေသံမာမာနဲ့ထပ်မေးလိုက်တော့ခြေတစ်လှမ်းဆုတ်သွားတဲ့သူ့ရဲ့အချစ်ရဆုံးသူငယ်ချင်း တစ်ဖြစ်လည်း အတွင်းရေးမှူး Renjun။
"ဒီအတိုင်းပဲရပ်နေတော့မှာလား"
ပုံမှန်ဆိုတစ်ခါပြောမရရင်လှည့်တောင်မကြည့်တတ်တဲ့လူကဒီပန်းချီကားကိုမြင်ပြီးကလေးဆိုးလိုရစ်နေတာကိုလည်းအပြစ်မမြင်ရက်ပေ။ Renjunနဲ့ခင်လာတာ အလယ်တန်းကျောင်းပထမနှစ်ကတည်းကဆိုပေမယ့် Jaeminဒီလောက်ခေါင်းမာတာကိုသူတစ်ခါမှမတွေ့ဖူးသေး။
"Jaemin ဒါကရောင်းဖို့မဟုတ်ဘူးလေ"
"ဘယ်လောက်ပေးရင်ရမလဲ"
သူဘယ်လောက်ပြောပြောလက်လျှော့မယ့်ပုံမပေါ်တဲ့Jaeminကြောင့်သက်ပြင်းချမိသည်။
"ဘယ်လောက်ပေးနိုင်မလဲ"
ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် သူရောJaeminပါလှည့်ကြည့်မိသည်။ အနက်ရောင်suitနဲ့ beretကိုသေသေသတ်သတ်ဝတ်ဆင်ထားတဲ့ပုံကိုကြည့်ခြင်းအားဖြင့်သူတို့နဲ့အဆင့်အတန်းမကွာမှန်းသိသာသည်။ အရင်ကမြင်ဖူးသလိုရှိနေတဲ့မျက်နှာကြောင့်Jaeminကိုလှည့်ကြည့်မိပေမယ့်ဘာအရိပ်အယောင်မှပြန်မပြတာမလို့သူ့အတွေးတွေကိုသာရှင်းထုတ်လိုက်သည်။ Jaeminကိုတစ်ချက်သူ့ကိုတစ်ချက်နဲ့ ရိသဲ့သဲ့အပြုံးကိုသာဆင်မြန်းထားတဲ့လူကြောင့်လေထုကမကြာခင်စစ်ပွဲဖြစ်တော့မယ့်အလားတင်းမာနေလေသည်။
"ဒီပန်းချီကားကိုမင်းအမြဲလုပ်ခဲ့သလိုပိုက်ဆံနဲ့တန်ဖိုးဖြတ်လို့ရမယ်ထင်နေတာလား Na Jaemin"
နာမည်တစ်လုံးခြင်းစီကိုပီပီသသပြောလိုက်တဲ့သူကြောင့် Renjunခေါင်းသာရမ်းမိသည်။ အခုထိငြိမ်နေသေးတဲ့Jaeminက နှုတ်ခမ်းနှစ်လွှာကိုခပ်ဟဟဖွင့်ထားပြီးပြောဖို့စကားလုံးပျောက်နေသလို။