Original Author : snsdtwinkle
Tag: Fluff
Link: https://www.asianfanfics.com/story/view/840664/act-naturalSub Title : Naturally
ကျောင်းရဲ့ ကန်တင်းမှာ Seungwan တစ်ယောက် သူ့ရဲ့ Crush Bae Joohyun ပီဇာစားနေတာကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိထပ်ခိုးကြည့်လိုက်မိတယ်
နတ်ဘုရားမတစ်ပါး လိုလှတဲ့ Joohyun ကိုပဲ ခိုးကြည့်နေမိရင်း သူအခုထိ ဘာမှစားဖို့ သတိမရသေးပါ
Seungwan စဥ်းစားမိတယ်
ကန်တင်းမှာရှိတဲ့တခြားလူတွေက ဘယ်လိုများ သူတို့စားစရာရှိတာကို စိတ်ဖြောင့်ဖြောင့်နဲ့စားနေနိုင်ကြရတာလဲဒီမှာ နတ်ဘုရားမတပါးထိုင်နေတာကို မတွေ့ကြတာလား မျက်စိမပါကြတာလား
Seungwan ဖြင့်သူတို့ကို အံ့သြလွန်းလို့ပါ" အဲ့မှာ ကြည့်နေလိုက် "
သူ့အခန်းဖော်သူငယ်ချင်း Kang Seulgi က သူ့ရှေ့ခုံမှာထိုင်လိုက်ရင်း သူ့ကို အမြင်ကတ်တဲ့အသံနဲ့ပြောတယ်
" နင့်ဖာသာ အလှအပတရားမခံစားတတ်တာနဲ့ပဲ ငါ့ရဲ့ ကြည်နူးစရာအချိန်လေးကို မနှောက်ယှက်ပါနဲ့ Kang Seulgi "
Seulgi က ဘာမှပြန်မပြောပေမယ့် အာလူးချောင်းကြော်တွေကိုစားရင်း သူ့ကို သနားစရာသတ္တဝါတစ်ကောင်လိုပဲ ပြန်ကြည့်နေတော့တယ်။
_____
" ဟဲ့ Son ထတော့ ငါတို့နောက်ကြနေပြီ သွားမယ်"
Seulgi က Seungwan ရဲ့ အိပ်ခန်းရှေ့ကနေအော်နေတယ်
သူတို့ အခု ပါတီတစ်ခုသွားမလို့ပါ
Seulgi က ပါတီမှာ မုန့်တွေကုန်သွားမှာ စိုးရိမ်နေတာမို့လို့ Seungwan ကို လောနေတာပါSeulgi က သူ့ရဲ့ လက်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အခုလဲ ရှိမနေတဲ့ ကိုယ်ပျောက်နာရီကို ငုံ့ကြည့်ရင်း
" Son Seungwan နင်နောက် ဆယ်စက္ကန့်နေလို့မှ ထွက်မလာရင် ငါ့ဖာသာပဲ သွားတော့မှာနော်"
" အေးပါဟဲ့ ပြီးပါပြီ ငါလာမှပဲ ပါတီက စ ရမှာကြနေတာပဲ "
Seungwan က အခန်းထဲက ထွက်လာရင်း ပြောလိုက်တော့
Seulgi က မျက်နှာကိုရွဲ့ပြတယ်
Seungwan နဲ့ Seulgi တို့နှစ်ယောက် အဆောင်ကနေထွက်လာပြီး Party ကို လမ်းလျှောက်လာခဲ့တယ်
![](https://img.wattpad.com/cover/273577692-288-k698367.jpg)
YOU ARE READING
Wan & Only //Wenrene [ Trans Fanfics ]
FanfictionTranslated Wenrene one shots from asian fanfic website. ©️All rights reserved to the rightful owners.