Original Author : YoungBaby
Tag : Fluff
Link : https://www.asianfanfics.com/story/view/1443524/1/loopy-loveခွဲစိတ်ခန်းတံခါးကနေ ဆရာဝန်ထွက်လာတာနဲ့ Joohyun ထိုင်နေရာက ထပြီး ဆရာဝန်ဆီသွားလိုက်တယ်
" ခွဲစိတ်မှု အောင်မြင်တယ်မလား ဆရာ သူအဆင်ပြေရဲ့လား "
သူက တရစပ်မေးလိုက်တေ့ ဆရာဝန်ကနွေးနွေးထွေးထွေးပြုံးပြရင်း" အဆင်ပြေပါတယ်ခင်ဗျာ
ခင်များမိန်းမရဲ့ ခွဲစိတ်မှုက တစ်ရာ ရာခိုင်နှုန်းကို အောင်မြင်ပါတယ်ဗျာ
နောက် တစ်နာရီလောက်နေရင်တောင် အိမ်ပြန်ချင် ပြန်လို့ရပါပြီ"
အခုလို ကြားလိုက်ရမှပဲ Joohyun သက်ပြင်းချနိုင်တော့တယ်
" အခု ကျွန်မသူ့ကို ဝင်တွေ့လို့ရပြီလားရှင့် "
Joohyun ဆရာဝန်ကိုမေးလိုက်တော့ ဆရာဝန်က
" ရတာတော့ရပါပြီ
ဒါပေမယ့် တစ်ခု သတိပေးပါရစေ
သူကိုခွဲစိတ်ခန်းမှာပေးခဲ့ရတဲ့ မေ့ဆေးရဲ့ အကျိုး သက်ရောက်မှုက နည်းနည်း ကျန်ဦးမှာမို့လို့
သူ့အနေနဲ့ သတိမရသေးတာတွေ ကြောင်တောင်တောင် ဖြစ်နေတာမျိုးတွေဖြစ်နေနိုင်တာမို့လို့ တအားကြီး ဖိအားမပေးပါနဲ့ဦး
ဒါလဲ တစ်နာရီလောက်ပါပဲ
ပြီးရင် အရင်က ခင်ဗျားမိန်းမပဲ ပြန်ဖြစ်သွားမှာပါ " လို့ ခွဲစိတ်ဆရာဝန်က ဟာသနှောရင်းဖြေတယ်
_____
Wendy အခုလုပ်ခဲ့တဲ့ အူပိုင်းဆိုင်ရာခွဲစိတ်မှုက Major surgery တစ်ခုတော့မဟုတ်ပါဘူး
Joohyun လဲ အရမ်းနားမလည်ပေမယ့် Wendy ခွဲစိတ်ပြီးရင် အဆင်ပြေသွားမယ်လို့ပဲသိထားတာပါ
ဒါပေမယ့်လဲ အသက် နှစ်ဆယ့်ငါးနှစ်အရွယ် ကြင်စဦး စုံတွဲဆိုတော့ အဲ့လို သိထားပြီးတာတောင် Joohyun သည်းသည်းလှုပ်စိတ်ပူနေတုန်းပါပဲ
Wendy ခွဲစိတ်ခန်းထဲရှိနေခဲ့တဲ့ တစ်လျှောက်လုံးလဲ Joohyun စိတ်အေးအေးမနေခဲ့ရပါဘူး
တစ်ခုခုများချွတ်ချော်သွားရင်လို့တွေးပြီး ဘုရားကိုနားပူအောင်ဆုတေင်းနေခဲ့တာပါ
YOU ARE READING
Wan & Only //Wenrene [ Trans Fanfics ]
FanficTranslated Wenrene one shots from asian fanfic website. ©️All rights reserved to the rightful owners.