original author : Taelink
Tags : Fluff
Link : https://www.asianfanfics.com/story/view/1467838/6/date-101-part-2-endSeungwan ဒီနေ့ မနက် 7နာရီခွဲစိတ်ခန်း ဝင်စရာရှိတာကြောင့် ဆေးခန်းကို စောစောလာဖြစ်ခဲ့တယ်
" Morning Dahyun "
ဒီနေ့ ခွဲစိတ်မှုမှာ အကူအဖြစ်ပါဝင်ပေးမယ့် အလုပ်သင်လေး Dahyun ကို နှုတ်ဆက်လိုက်တယ်
" Morning ပါ Doctor
Doctor အတွက် Delivery ရောက်နေပါပြီ ဟိုမှာပါ "
" ဟမ်?"
Seungwan လဲ Dahyun ညွှန်ပြတဲ့ ခုံဆီသွားကြည့်လိုက်တော့ မနက်ခင်းအဆာပြေတရုတ်အစားအစာတစ်မျိုးကိုတွေ့လိုက်ရတယ်
" ဒါဘယ်သူပို့လိုက်တာလဲ Dahyun "
" Bae Irene လို့ပြောပါတယ် Dr."
" ဘာရယ် "
"Deli သမားက အဲ့လိုပြောပြီးပို့သွားတာပဲ ဒေါက်တာ"
" တကယ်ပဲ သူလား
ပြောလို့မရဘူး ဟိုYerim ဆိုတဲ့ဟာမကလဲ အားအားယားယား Prank လုပ်ချင်လုပ်နေမှာ "အထုပ်ကို ပတ်ထားတဲ့ ပလတ်စတစ်အစကိုခွါလိုက်တော့ အထဲမှာ ကတ်တစ်ခုထွက်ကျလာတယ်
" ခွဲစိတ်မှုမလုပ်ခင် မနက်စာကို
စားဖြစ်အောင် စားလိုက်နော်
-ရှင့်ရဲ့ Irene "ရှင့်ရဲ့ ဘာ? Wendyလဲ ဖုန်းချက်ချင်းထုတ်ပြီး Irene ဆီစာပို့ဖို့လုပ်လိုက်တယ်
To: 078xxxxxx
ကျွန်မဒီနေ့ ဆေးခန်းကိုစောစောလာမယ့်အကြောင်း ရှင်ဘယ်လိုသိနေရတာလဲ
ဘယ်လောက်မှမကြာလိုက်ဘူး Reply တစ်ခုပြန်လာတယ်
From: 078xxxxxx
ကျွန်မနည်း ကျွန်မဟန်တွေရှိတာပေါ့
To : 078xxxxxx
စေတနာကိုပဲ လက်ခံလိုက်ပါ့မယ် ဒါမျိုးတွေ ထပ်လုပ်မပေးပါနဲ့တော့
From : ရှင့်ရဲ့?
မရဘူး လုပ်မှာပဲ
ဆယ်နှစ်နာရီဆယ်မိနစ်လောက်ကြရင် ဆေးခန်းကိုလာခဲ့မယ်
နေ့လည်စာအတူစားကြတာပေါ့
YOU ARE READING
Wan & Only //Wenrene [ Trans Fanfics ]
FanficTranslated Wenrene one shots from asian fanfic website. ©️All rights reserved to the rightful owners.