Intro ☔

20 3 0
                                    

ကလေးငယ်လေးများ၏ ရယ်မောသံများ၊
မိဘများ၏ ဆူသံမပီမပြင်လေးများ၊
မိန်းမငယ်လေးများ၏ ခပ်ချွဲချွဲအသံ လွင်လွင်လေးများ၊ ဖုန်းကင်မရာမှ ထွက်လာသော အလင်းတန်း ဓာတ်ပုံရိုက်သံတချပ်ချပ်များ....ကမ္ဘာကြီးဟာ သူနည်းသူ့ဟန်နဲ့ လည်ပတ်နေတာပါပဲ။ ဒါဆို ကျွန်တော့်ရဲ့ကမ္ဘာကြီးကရော.......နည်းမျိုးစုံနဲ့ လည်ပတ်နေသော
ဒီကမ္ဘာကြီးထဲမှ တစ်နေရာဖြစ်သော၊လူအများစိတ်အပန်းဖြေရာ စိတ်ပျော်ရွှင်ရာ ကစားကွင်းလိုနေရာရဲ့ ခုံတန်းတစ်ခုမှာထိုင်ရင်း သာယာကြည်နူးမှုလို့ လူအများသတ်မှတ်ထားသော အရာများကိုမြင်တွေ့နေရတာတောင် ကျွန်‌ေတာ့်ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်မှုဆိုတာကို ဘာလို့မခံစားလာရသလဲ..။ "မုန်းတယ်....ဒီလိုခံစားမှု အထီးကျန်မှုတွေကို တကယ်မုန်းတယ်"စိတ်ထဲမှရွတ်ဆိုလိုက်ရင်း .......
လှပစွာလူအများကြား ခေါင်းမော့ရင်ကော့
မျက်နှာချင်းဆုံကာ ပျော်ရွှင်နေသော
ကျွန်‌ေတာ့်ကိုယ်ကျွန်တော် ပုံ‌ဖော်ကြည့်လိုက်တယ်။
ဘယ်လောက်များလှလိုက်မလဲ
"စိတ်ကူးတွေသာ လက်တွေ့ဖြစ်ခဲ့ရင်..........."

Gone 💫☁️Where stories live. Discover now