Part-1 🌧️

19 3 2
                                    

ဒီအဖြစ်အပျက်တွေရဲ့အစက ကျောင်းသားတွေကို အနှောင့်အယှက်ပေးဆုံး မိုးရာသီရဲ့လတွေထဲကတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။
ညိုမှောင်နေသောကောင်းကင်မှာ တိမ်ဖြူဖြူတို့က ဟိုတစ်စဒီတစ်စ၊ တချက်ချက်ထွက်ပေါ်လာသော အဖြူရောင်အလင်းတန်း လျှပ်စီးနှင့်အတူ မိုးချုန်းသံတို့က မကြာခင်မိုးရွာတော့မည်ဆိုတာ အသိပေးနေလေရဲ့။
မြေနံ့သင်းနေသော လေပြည်ညှင်းရဲ့ရနံ့နဲ့အတူ တက္ကသိုလ်ကျောင်းဖွင့်ရက် ရောက်လာပြန်ပြီ။
      လွတ်လပ်ပေါ့ပါးသော မြင်ကွင်းများနှင့်အတူ ပျော်ရွှင်မြူးတူးနေသော တက္ကသိုလ်ကျောင်းသားများကို တွေ့ရတာ ပျော်စရာတော့အကောင်းသားနော်။
     "ဝေရေ ဝေ"
    တဝေတည်းဝေပြီး အော်ခေါ်ကာ ကျွန်တော့်ကိုပါ မမြင်၀င်တိုက်သွားသည်။အပေါင်းသင်းရှိတဲ့လူတွေများကျ ပတ်၀န်းကျင်ပါ ဂရုမစိုက်မိလောက်အောင် သူငယ်ချင်းကိုမြင်သည်နှင့် ပျော်နေကြသည်လား။၀င်တိုက်သွားသော ထိုလူခေါ်နေသော ဝေဆိုသောလူအား ကျွန်တော်တစ်ချက်လှမ်းကာကြည့်မိလိုက်ပါရဲ့။ရှပ်အကျီအဖြူ လက်ရှည်လေး‌ကို ခေါက်တင်ထားကာ ဂျင်းဘောင်းဘီအနက်လေးနဲ့ လိုက်ဖက်နေတဲ့လူ။ကပိုကရိုကျနေတဲ့ ကော်ဖီရောင်ဆံပင်ဝဲဝဲလေးတွေက ကလေးတစ်ယောက်လို သူမျက်နှာလေးနဲ့တော့ လိုက်သား။ဘယ်နှယ့်
"ဝေ"ဆိုလို့ မိန်းကလေးမှတ်တယ် ယောင်္ကျားလေးဖြစ်နေပါလား။ကျွန်တော်တချက်ပြုံးကာ ၀င်ရမဲ့အတန်းလိုက်ရှာပြီး အခန်းထဲရောက်လာခဲ့တယ်။သိပ်မကြာပါဘူး နားထဲဆူဆူကြားလို့ အခန်း၀င်ပေါက်ကို လှမ်းကြည့်လိုက်တာ စောနကကျွန်တော့်ကို ၀င်တိုက်သွားတဲ့ အဖွဲ့ပဲ။သူတို့နဲ့မှ တစ်ခန်းထဲကျရတယ်လို့ဗျာ နားတော့ညီးတော့မှာပဲ။ကျွန်တော်ကအေးဆေးနေတတ်တဲ့လူ၊အပေါင်းအသင်းဆိုတာလည်းမရှိသလောက်ပဲ၊ပတ်၀န်းကျင်တွေဆိုတာ ကျွန်တော့်အတွက် စိတ်ကူးထဲမှာတောင် အရေးမပါခဲ့ဘူး။
     "ကောင်း...မင်းအတန်းမင်းသွားတော့၊နောက်ကျနေပြီ"
        "ခဏလောက်ပါ ဝေရာ...မင်းအတန်းထဲကောင်မလေးတွေကို ကြည့်ပါရစေဦး"
      ‌ကျွန်တော့်ကို၀င်တိုက်တဲ့ တစ်ယောက်က အတန်းထဲကမဟုတ်ဘူးပဲ။ဒါဆိုသူတစ်ယောက်တည်းပဲပေါ့။နားစွင့်နေရာက သူတို့ဘက်ကို တစ်ချက်လှမ်းကြည့်မိပြန်တယ်။နှာတံချွန်ချွန် နှုတ်ခမ်းရဲရဲ ပါးဖောင်းလေးတွေက ဝေဆိုတဲ့နာမည်လေးနဲ့တော့ လိုက်ဖက်နေလိုက်တာ။တွေးရင်း ခေါင်းတချက်ခါမိလိုက်တယ်၊ဒီနေ့အဖို့တော့ ကျွန်တော်ပတ်၀န်းကျင်ကို စိတ်၀င်စားတာ လုံလောက်တာထက် ပိုခဲ့မိပြီ။

☔☔☔☔☔☔☔☔☔☔🌧️

      "ဒီမှာဗျ.....ဘောပင်ပြုတ်ကျခဲ့လို့"

အနောက်ကခေါ်သံကြားလို့ လှမ်းကြည့်လိုက်တာ ဟိုတနေ့က ဝေဆိုတဲ့တစ်ယောက်ပဲ၊
ဒီနေ့တော့ သူငယ်ချင်းဆိုသူမပါဘူးထင်တယ် သူတစ်ယောက်တည်း။တွေးနေရင်းမှ
ကမ်းပေးနေတဲ့ ဘောပင်လေးကို လှမ်းယူလိုက်တယ်။

     "ကျွန်တော့်နာမည် ဝေလွင်သာပါ၊သူငယ်ချင်းတွေကတော့ ဝေလို့ခေါ်ကြတယ်။ကျွန်တော်ကတော့ အဲ့လိုခေါ်တာ မကြိုက်ပါဘူး မိန်းကလေးနာမည်နဲ့တူလို့"
 
   နှာခေါင်းလေး တချက်ရှုံကာ ဆက်ပြောလာတယ်။

       "ဒီကနာမည်ရော ဘယ်လိုခေါ်လဲဟင်၊
ကျွန်တော်သတိထားမိသလောက် အမြဲတစ်ယောက်တည်းပဲနော်၊စာအုပ်ပဲဖတ်နေတယ် သူငယ်ချင်းမရှိဘူးလားဟင်..."
       
        "ဟီး....သူငယ်ချင်းမရှိရင် ကျွန်တော်နဲ့ပေါင်းမလား၊စာအုပ်ဖတ်တာကပျင်းစရာကြီး
ကျွန်တော်ဆို ဒီကလိုစာအုပ်လိုက်ကြီးဖတ်ဖို့ မပြောနဲ့ နှစ်ကြောင်းလောက်ပဲ ဖတ်ရင်ကို
အိပ်ချင်လာတာ ဟဲဟဲ"

     သူတစ်ယောက်တည်းပြောလိုက်ရီလိုက်၊ စကားလည်းတော်တော်များများဗျာ၊ဒီလိုလူလေးနဲ့သာ အပေါင်းအသင်းလုပ်လို့ကတော့ ကျွန်တော်နားတွေညီးရချည်ရဲ့။

       "ကျေးဇူး ...ကိုယ့်နာမည် ခေတ်နေသစ်"
      
       ပြောပြီးကျွန်တော် လှည့်ထွက်ခဲ့တယ်။အပေါင်းအသင်းဆိုတာ ကျွန်တော့်ဘ၀အတွက် ဘယ်တော့မှဖြစ်တည်လာမဲ့ အရာမဟုတ်လို့ တကူးတကပြန်ပြောမနေခဲ့တော့ပါဘူး။သာလိကာလေးကတော့ မျက်လုံးလေးကလည်ကလည်နဲ့ ကျန်ခဲ့လေရဲ့။

Gone 💫☁️Where stories live. Discover now