Part-2 🌈

7 2 0
                                    

    Rainbow 🌈မိုးရွာပြီးကာစမှာ ထွက်ပေါ်လာတတ်တဲ့ သက်တန့်လေးတွေဟာ လူသားတွေအတွက် သဘာ၀ရဲ့အလှအပတွေထဲက တခုသာဖြစ်မယ်ဆိုရင် "ဝေ"ဆိုတဲ့စာလုံးလေးဟာလည်း ကျွန်တော့်သဘာ၀ရဲ့
အလှပဆုံးအရာလေး တစ်ခုပါပဲ။

☔☔☔☔☔☔☔☔☔☔☔🌧️

    တစ်ယောက်တည်း စာကြည့်တိုက်ထဲမှာ
စာဖတ်နေစဉ် အနောက်ကတစ်ယောက်ယောက် လာထိသဖြင့် လှည့်ကြည့်လိုက်ရာ သွားဖြူဖြူလေးတွေရှိသမျှ
အကုန်ပေါ်အောင် အတင်းပြုံးပြကာ မျက်လုံးပြူးပြူးလေးနဲ့ ကျွန်တော့်ကိုငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်။

       "ဟီး...တစ်ယောက်တည်း စာဖတ်နေပြန်ပြီနော် မပျင်းဘူးလားဟင် "

      ပြောရင်း ကျွန်တော့်ဘေးနားက ခုံကိုဆွဲယူကာ ၀င်ထိုင်လိုက်သည်။

      "ကျွန်တော်ကတော့ ပျင်းနေတာဗျာ
ဒီနေ့ ဟိုကောင် ကောင်းကလည်း ကျောင်းမလာဘူး၊ကျွန်တော်တစ်ယောက်တည်းဗျ
အပျင်းပြေအောင် စကားပြောမဲ့လူရှာရင်း စာကြည့်တိုက်ထဲ ရောက်လာတော့ ဒီကကိုတွေ့လိုက်တာပဲ ပျော်လိုက်တာဗျာ ကျွန်တော်စကားပြောဖော်ရပြီ "

     လူတွေနဲ့ရှုတ်ရှုတ်မနေချင်လို့ စာကြည့်တိုက်ထဲ စာလာဖတ်နေပါတယ်ဆိုမှ
သာလိကလေးနဲ့မှ တိုးရတယ်လို့။စကားပြောဖော် ရှာတာကလည်း စာကြည့်တိုက်ထဲထိတောင် ရောက်တယ်။ပျော်နေလိုက်တာ ပြူးနေတဲ့မျက်လုံးလေးတွေ ပိတ်သွားအောင် ပြုံးနေတဲ့အထိပဲ။ဘယ်သူကသူ့ကို စကားပြန်ပြောပေးမယ်ပြောလို့လဲ။

      "ဒီက နာမည်က ခေတ်နေသစ်နော်၊ကျွန်တော် ဘယ်လိုခေါ်ရင်ကောင်းမလဲ၊အပြည့်အစုံခေါ်ရင်ကျ မရင်းနှီးသလိုပဲ၊နေသစ်ကလည်း သိပ်မကောင်းဘူး၊ကျွန်တော့်နာမည်လိုပဲ ခေတ်လို့အဖျားဆွတ် ခေါ်မယ်လေ၊နာမည်လေးက လှတယ်ဗျာ ခေတ် "

    စကားပြန်မပြောလည်း တစ်ယောက်တည်းပြောတတ်တာပဲလား။လူကိုများ နာမည်တောင်အဖျားဆွတ်ခေါ်လို့။

     "ဟေ့...ခေတ် ငါ့ကိုစကားပြန်ပြောဦးလေကွာ တစ်ယောက်တည်းပြောရတာ အာညောင်းတယ်ကွ "

      တော်သေးတာပေါ့၊အာညောင်းတတ်သေးလို့။ရောက်ကတည်းက သူတစ်ယောက်တည်းပြောနေတာ။

    "ခေတ် စာဖတ်နေတာ အနှောင့်အယှက်ဖြစ်သွားလို့လား ငါတစ်ယောက်တည်း ဖြစ်နေလို့ပါကွာ.."

     ပြောရင်း မျက်နှာလေး ညိုးကျသွားလိုက်တာ ငိုတော့မဲ့အတိုင်း။ဒီလိုကျတော့ ကျွန်တော်လည်း မသိချင်ယောင် ဆက်ဆောင်လို့ မရတော့ဘူးမလား။

    "ဝေလွင်သာ‌နော် မင်းနာမည် "

   ကျွန်တော်ပြောတော့ ငုံနေတဲ့ခေါင်းလေးဆတ်ခနဲထောင်လာပြီး မျက်လုံးပြူးပြူးလေးတွေ အရောင်ကတဖျက်ဖျက်။

      "ခေတ်က နာမည်မှတ်မိသားပဲ၊ ငါ့ကိုစကားပြန်မပြောတော့ ဟိုတခါထဲက ၀မ်းနည်းနေတာ "

    " အော် "
     
      ဒီလိုကြားရတော့လည်း ကျွန်တော်စိတ်မကောင်း၊သူလေးက ၀မ်းနည်းနေတာတဲ့လား
ကျွန်တော်ပတ်၀န်းကျင်ကို လျစ်လျူရှုတာများသွားတယ်ထင်ပါရဲ့။

    "ဒါတောင် မင်းကငါ့ကို စကားလာပြောသေးတယ်နော် "

     "ခေတ် ပျင်းနေမယ်ထင်လို့ပါဗျာ "

     အံ့မယ် စောနကပြောတော့ ပျင်းနေတာသူပါဆို။

    "ဟုပါပြီ...မင်းကိုရော ငါဘယ်လိုခေါ်ရမလဲ"

    "သူငယ်ချင်းတွေ ခေါ်သလိုပဲ ဝေလို့ခေါ်လေဗျာ "
  
      ဝေတဲ့လား ကျွန်တော်ကတော့ အဲ့လိုမခေါ်ချင်ဘူး၊ကျွန်တော်တစ်ယောက်တည်းက ခေါ်ရမဲ့အသုံးအနှုန်းလေးနဲ့ပဲ မင်းကိုခေါ်ချင်တာ
ဥပမာ "လွင်" လွင်ပြင်ကျယ်ကြီးထဲ ရောက်သွားသလို လွတ်လပ်မှုတွေပေးတဲ့ လွင်။

      "ကျွန်တော်တို့ ကန်တင်းမှာ စကားပြောရအောင်လေ ဒီမှာပြောလို့သိပ်မကောင်းဘူး၊
သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် ကျွန်တော် ဝေကပဲ ၀ယ်ကျွေးပါရစေ "

     ထိုနေ့ကမှတ်မှတ်ရရ ကောင်းကင်မှာ အရမ်းလှတဲ့သက်တန့်ကြီး တစ်ခုပေါ်လာခဲ့သည်။ကျွန်တော်တို့ ထိုသက်တန့်ကြီးကို ကြည့်ကာစကားတွေ အများကြီးပြောဖြစ်ခဲ့ကြ‌သေးသည်။အမှန်တိုင်း​ပြောရမယ်ဆို သာလိကာလေးတစ်ယောက်တည်း အများကြီးပြောခဲ့တာပါ။ကျွန်တော်ကတော့ နားထောင်သူပေါ့။
☔☔☔☔☔☔☔☔☔☔☔☔🌧️

    

   

Gone 💫☁️Where stories live. Discover now