Unicode Ver:
သာယာတဲ့မနက်ခင်း...ငှက်ကလေးတွေရဲ့တေးသီသံများနှင့်ပြည့်စုံလျက် စိတ်ချမ်းသာမှု အပေါင်းကိုဆောင်ကျဉ်းပေးသော ကောင်းကင်ကြီး...မြင်ရသူအပေါင်းရင်ထဲအေးချမ်းနိုင်သော်လည်း မအေးချမ်းနိုင်သူမှာ Kim Taehyung...ဟူသော အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားလေး....စာတော်ပီး Section-A ကနေမဆင်း အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်..Kim Seokjin နှင့် Park Jimin တို့သည်လည်း တစ်တန်းတည်းပင်...ဒီနေ့ လပတ်စာမေးပွဲဖြေထားတာ အမှတ်စာရင်းနှင့် အဆင့်တွေထွက်မည်လေ...
ထမင်းစားခန်းမှာ မိသားစုတွေ မနက်စာစားနေရင်း....
Tae's Mom-သားလေး ဘာလို့လက်တွေတုန်နေတာလဲ ဖြေးဖြေးစားလေ
Tae's Dad-စာမေးပွဲ အဆင့်အတွက် စိတ်လှုပ်ရှားနေတာလား ငါ့သား
Tae-ဟုတ်တယ် ဖေဖေ သားကြောက်နေတာ
Tae's Dad-ဘာကြောက်စရာရှိလို့လဲ ငါ့သားကတော်ပီးသားပဲဟာ
Tae-တော်တာက ဟုတ်တယ်...ဟိုဘက်အိမ်ကအကောင်စုတ်ထက် အမှတ်မများမှာစိုးလို့
Tae's Mom- Jk လေးလား သားရယ် သူငယ်ချင်းအချင်းချင်း သင့်မြတ်အောင်နေကြပါလားကွယ် ကောင်လေးက ရည်ရည်မွန်မွန်လေးပါကွဲ့ body structure ကလည်း ကျစ်လစ်နေရော ပြောစရာကိုမရှိ သားလို ဗိုက်ပူလေးလည်းမဟုတ် အမိုက်စားနော်...
Tae-မေမေ!! သားကအဲ့တစ်ခုပဲ ယှဉ်လို့မရတာ ကျန်တာတော့ ယှဉ်လို့ရစေရမယ် တော်ပီ စားလို့လည်းမဝင်ေတာ့ဘူး ရင်တွေတုန်နေလို့ သားသွားတော့မယ်
Tae's Dad-ဖေဖေ လိုက်ပို့မယ်လေ လမ်းကြုံတာပဲ
Tae-ဟုတ် ဖေဖေ
Tae's Mom-ဂရုစိုက်ကြနော်...
Tae's Dad & Tae- Nae .......
At Jk's sight,,,,
Jk တစ်ယောက် ထမင်းကို အမြန်အမြန် အတင်းထိုးထည့်နေသည်...
Jk's Mom-ဟဲ့သား ဖြေးဖြေးစားလေ ဘယ်လိုဖြစ်လို့လောနေတာလဲ
Jk-မေမေ ဟိုဘက်အိမ်က ကားထွက်သံမကြားဘူးလား
Jk's Mom-ကြားတယ်လေ
Jk-အက်ဒါ ဟိုအသေးလေး ကျောင်းသွားတာ ဒီနေ့ အမှတ်တွေလည်းထွက်မှာ သားကျောင်းနောက်ကျနေရင်လည်း သူ့ကိုရှုံ့မှာပေါ့

ESTÁS LEYENDO
Competitors(Completed)
De Todoသူငယ်ချင်း....ဒါပေမဲ့ ပြိုင်ဖက်... Taekook(Unicode+Zawgi) Start date-26.6.2021 End date-12.10.2021