Part-14🧡

3K 270 21
                                    

Unicode Ver:

ဒီလိုနဲ့ ထယ်ယောင်းတို့အုပ်စုလည်းသင်တန်းတက်လာကြတာ အချိန်တောင်အတော်ကြာခဲ့ပြီ။ သူတို့ရဲ့ Uni တက်ဖို့ အမှတ်တွေနဲ့ မှီမမှီကို ဒီညသိရတော့မည်...
သင်တန်းကလည်းနောက်ဆုံးရက်...သင်တန်းပြီးတော့...

Sam-သားတို့ ကိုယ်လိုချင်တဲ့ဘာသာကိုရပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေကွာ ဒီညကံကောင်းပါစေ ဘယ့်နှယ်လဲ စိတ်တွေ လှုပ်ရှားနေကြလား

  Hoseok-လှုပ်ရှားတာပေါ့ ဆရာရယ် သရဲအိမ်ထဲ ဝင်ရတော့မဲ့အတိုင်းပဲ

Yoongi-ဟုတ်တယ်ဆရာရေ ကျွန်တော့်လို အားတိုင်းအိပ်ချင်တဲ့သူတောင် ဒီနေ့ထူးထူးဆန်းဆန်း လန်းဆန်းတက်ကြွနေတာ

Joon-ရင်ထဲမှာဖိုးသိုးဖက်သတ်နဲ့ ခြေတွေလက်တွေအေး

Jimin-ကျွန်တော်ကတော့ပြန်ရောက်တာနဲ့ စားတော့မယ်ဗျို့ အစားနဲ့ပါးစပ်မပြတ်ရင် စိတ်လှုပ်ရှားတာသက်သာတယ်

Jin-ဟူးးးသေးတောင်ပေါက်ချင်လာသလိုပဲဗျာ

Tae-သားကတော့ အိမ်ရောက်ရင် အမေတို့ကိုမျက်နှာချိုသွေးရမယ် ဒါမှ မှန်းထားတာ မရရင်လည်း အဆူမခံရအောင်လို့

Jk-မင်းအကြံအကောင်းဆုံးပဲ ငါလည်းလုပ်ကမယ် အယ်ဆရာ ဒါနဲ့ ဆရာ့သမီးလည်းမတွေ့ပါလား

Sam-ဟုတ်တယ် သူ့အဘွားဆီသွားတယ် ညမှပြန်လာမှာ

Hoseok-ဟာ ဒါဆို ကြောက်စိတ်ပြေအောင်ကြည့်ဖို့ မျက်နှာလေးတောင်မမြင်ရတော့ဘူးပေါ့

Sam-မင်းနော် ငါ့သမီးကိုမထိတထိနဲ့ ဘာဖြစ်

Hoseok-လွမ်းဖျားလွမ်းနာကျနေလို့ပါဆရာရယ်

Sam-ဘာကွ

All-ဘာမှ မဟုတ်ဘူး ပြေးပြီဆရာရေ...

ဒီနေ့တော့ ထယ်ယောင်းအိမ်မှာစုပြီး ရလဒ်ကိုစောင့်ကြည့်ဖို့တိုင်ပင်ထားကြသည်..
ထယ်ယောင်းတို့အိမ်ရောက်သွားတည်းက စားတဲ့သူကစား လမ်းလျှောက်တဲ့သူကလျှောက်နဲ့ ပြာယာခတ်နေကြလေသည်...

Tae's Dad-သားတို့ရယ် စိတ်အေးအေးထားကြပါ ငြိမ်ငြိမ်ထိုင် အစောကြီးရှိသေးတာကို

Competitors(Completed)Tempat cerita menjadi hidup. Temukan sekarang