Part-12

2.4K 216 56
                                    

Unicode,

(Namjoon နိုးလာတော့ ခါတိုင်းနဲ့မတူ သူ့နှာခေါင်းဝမှာ ကလေးပေါင်ဒါအနံ့သင်းသင်းလေးကိုဦးစွာရှုရှိုက်မိသည်)

(အနံ့လေးကသင်းသင်းလေးနဲ့ နှစ်လိုဖွယ်ကောင်းတာကြောင့် ရင်ခွင်ထဲကအကောင်ပေါက်လေးကိုပိုတိုးလို့ဖက်ရင်း ထိုကောင်လေးဆီမှထွက်လာတဲ့ကိုယ်သင်းနံ့လေးကို
ပိုတိုးလို့ရှုရှိုက်နေသည်)

(Seok Jinကိုမျက်နှာချင်းဆိုင် ရင်ခွင်ထဲထည့်ပြီးဖက်ထားတာကြောင့် ပန်းရောင်သန်းနေတဲ့ပါးလေးနဲ့ ဆူထွက်နေတဲ့နှုတ်ခမ်းလေးကြောင့် ထိုကောင်လေးကပိုပြီးတော့ပင်ချစ်စရာကောင်းနေသည်)

(ထိုပါးလေးနှစ်ဖက်ကိုဆွဲညစ်လိုက်တော့ နှုတ်ခမ်းလုံးလုံးလေးကပိုပြီးတော့ပင် ဆူထွက်လာသည်)

Seok Jin-အင်း....Daddy အိပ်ချင်သေးတယ်

Namjoon-အိပ်လေကလေးရဲ့ အိပ် အိပ်
ညကပင်ပန်းထားတယ်မလား

Seok Jin-ခင်ဗျားက ဟိုနားလိုက်ကိုင်ဒီနားလိုက်ကိုင်နဲ့ ကျွန်တော်ကဘယ်လိုအိပ်ရတော့မှာလည်း

Namjoon-Daddyကလေးလေးကအရမ်းချစ်ဖို့ကောင်းနေတာကိုဗျ ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေတာလည်းကလေးရဲ့ အဲ့တာကလေးအပြစ်ဘဲ

Seok Jin-အောင်မယ် အပြစ်ဘဲရှိရသေး
ဒါကတော့ အာနည်းချက်တစ်ခုလိုတောင်ဖြစ်နေပါပြီ ဟီးဟီး

Namjoon-ဟုတ်ပါပြီအချောလေးရဲ့ အခုတော့ရေချိုးတော့နော် ပြီးရင်ဦးနဲ့ ကလေးနဲ့Shoppingထွက်ကြမယ်လေ

Seok Jin-ဟေး....ပျော်စရာကြီး Hobiကိုလှမ်းခေါ်လိုက်ရမလား မဖြစ်သေးဘူး Hobiက Daddyနဲ့ငါနဲ့ကိုတွဲမြင်ရင် အထင်လွဲသွားလိမ့်မယ် ဒါပေမယ့်လည်း

Namjoon-ဘာလည်း ကလေးကအဲ့ကောင်လေးကိုကြိုက်နေတာလား

Seok Jin-ဟာ...ဘယ်ကသာ Hobiနဲ့ကလေးနဲ့ကသူငယ်ချင်းတွေပါ Bibiကလေဘယ်သူ့ကိုကြိုက်နေတာလည်းသိလား

Namjoon-မသိဘူးလေကလေးရဲ့ ဘယ်သူ့ကိုကြိုက်နေတာလည်း

Seok Jin-သိချင်လား

Namjoon-သိချင်တယ်

Seok Jin-ဟွန့်...သိပ်စပ်စုတာဘဲ မပြောဘူးဗျို့ ရေသွားချိုးတော့မယ်

Daddyရဲ့ကလေးဆိုးလေး(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ