Part-16

1.7K 184 38
                                    

Unicode,

(Namjoon Koreaကိုပြန်ရောက်တော့ အိမ်ကိုပြန်ပြီး ရေမိုးချိုးကာ အဝတ်အစားလဲပြီး အောက်ဆင်းလာသည်)

Yoongi-Boss လူစုခိုင်းထားလိုက်ရမလား

Namjoon-မလိုဘူး အတွင်းရေးမှုးMin ဒီကိစ္စကငါတစ်ယောက်တည်းလှုပ်ရှားမယ်
ဇောင်းကြွနေတဲ့အဲ့လူကို အမြစ်ကနေပြတ်အောင်ဆွဲနှုတ်ပစ်ရမယ်

Yoongi-ဖြစ်ပါ့မလားBoss သူကတော်တော်ယုတ်မာတာနော်

Namjoon-စိတ်မပူပါနဲ့အတွင်းရေးမှုးMin သူကလူစိတ်ရှိရင်တော့ လူလိုပြောရင်နားလည်မှာပါ အဲ့လိုမှမဟုတ်ဘဲ ခွေးစိတ်ပေါက်နေရင်တော့ ဟောင်လွန်းတဲ့ခွေးကိုရိုက်သတ်ခဲ့ရမှာဘဲ

Yoongi-ကျွန်တော့်ကိုတော့လိုက်ခွင့်ပြုပါBoss ကျွန်တော်Bossတို့ကိစ္စမှာဝင်မနှောက်ယှက်ပါဘူး Bossကိုစိတ်မချရုံလေးပါ

Namjoon-အဲ့တာဆိုလည်းကောင်းပြီလေ သွားကြရအောင်

Yoongi-ဟုတ်ကဲ့ပါBoss ကားအဆင်သင့်ပါဘဲ

...............................

(Namjoonအခုသွားတွေ့တဲ့လူကတော့ Choi
Je Hoon Namjoonအဒေါ်ရဲ့ယောက်ျား ထောင်ကျသွားတဲ့သူပေါ့

(သွားတွေ့တဲ့ကိစ္စကတော့ အဲ့လူကြီးနဲ့တွေ့မှသာလျှင်သိလိမ့်မည်)

(Choi Je Hoonပြန်လွတ်လာပြီဆိုတာကိုတော့ကြားပေမယ့် Namjoonတစ်ခါမှထိုသူနဲ့သွားမတွေ့ရသေး သွားတွေ့စရာလည်းမလိုပေ)

(ဒါပေမယ့် အခုဟာကမရှင်းမရှင်းဖြစ်နေတဲ့ကိစ္စလေးတွေရှိသေးလို့ အပြီးပြတ်သွားအောင် Namjoonသွားရှင်းရမည်)

......................

Seok Jin-Hobi yarr မြန်မြန်လုပ်ပါကွာ ၁၀နာရီထိုးတော့မယ် ပြီးရင်နေပူလာတော့မှာ နေလောင်လို့ငါ့အသားတွေမဲရင် မင်းဘဲLotionဝယ်ပေးရမှာနော်

Hoseok-×ျီးလား မင်းDaddyဆိုတဲ့အဖေကိုဝယ်ခိုင်းပါလားကွ

Seok Jin-အဟင့် မင်းပြောမှဘဲ Daddyကိုတောင်သတိရလာပြီ ဒီလူကြီးPhလည်းမဆက်ဘူး ဘာတွေများလုပ်နေလည်းမသိဘူး

(Seok Jinမျက်လုံးအိမ်မှာ မျက်ရည်တွေဝဲလာတာကြောင့် Hoseokတစ်ယောက်ပြာပြာသလဲလဲနှင့် သူ့Daddyကိုမေ့ပျောက်အောင်လုပ်ရအုန်းမည်)

Daddyရဲ့ကလေးဆိုးလေး(Completed)Where stories live. Discover now