Zawgyi :
အသံတိတ်ငိုကြွေးရခြင်းတွေရဲ့ ဆိုးကျိုးတွေဟာ နောက်တစ်နေ့မနက်ခင်းကို အင်မတန်ဒုက္ခပေး၏။
အောင့်ကိုက်နေတဲ့ မျက်ရိုးတွေကိုလက်မနဲ့လက်ညိုးကို အသုံးပြုကာ ဖိလိုက်ရင်း ကျိန်းစပ်နေတဲ့မျက်ဝန်းတွေကိုအားတင်းဖွင့်လိုက်သည်။
နစ်ဝင်နေတဲ့စောင်ပုံထဲကနေထပြီး ရေသောက်ရန် အောက်ထပ်ကထမင်းစားခန်းဆီဆင်းလာရင်းကြည့်မိတော့ မနေ့က လီဆာသောင်းကျန်းထားသမျှအရာတစ်ခုမှ မရှိပဲ ပြောင်ရှင်းနေပြန်သည်။
ရေသောက်ပြီး အခန်းထဲပြန်ဝင်လာခဲ့သည့်လီဆာက ရေချိုးခန်းထဲဝင်ကာ ရေချိုးအ၀တ်လဲပြီး မှန်တင်ခုံရှေ့လာခဲ့သည်။
ထွေထွေထူးထူး ပြင်ဆင်မနေတတ်တဲ့လီဆာက အနည်းငယ်ပြင်ဆင်ပြီး ပြန်ထမယ်အပြုမှာ မှန်တင်ခုံပေါ်မှာတင်ထားတဲ့ ကားသော့တစ်ချောင်း ကဒ်တစ်ကဒ်နဲ့ စာရွက်တစ်ရွက်
စာရွက်ကိုယူကာ ဖတ်ကြည့်တော့ မွေးနေ့လက်ဆောင်အနေနဲ့ မုန့်ဖိုးနဲ့ ကားအသစ်တစ်စီးစီစဉ်ပေးပြီး လီဆာမလိုချင်ခဲ့တဲ့ကိုယ်ပိုင်driver ကိုဖယ်ရှားပေးထားသည့်အကြောင်းအရာအပြင် တစ်ခြားမရှိ ...
စာအဆုံးထိဖတ်ပြီးချိန်မှာ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း အလျဉ်းမရှိတဲ့ အဓိပ္ပါယ်မဲ့တဲ့ အပြုံးမမည်တဲ့ အပြုံးတစ်ခုကိုသာ လီဆာပြုံးနေမိသည်။
မုန့်ဖိုးနဲ့ ကားသော့ကိုယူကာ ကျောင်းကိုကိုယ်တိုင်ကားမောင်းသွားတဲ့လီဆာဟာ ဘ၀မှာလွတ်လပ်မှုတစ်ချို့ရနေပေမဲ့လဲ စိတ်ထဲတွင် ဗလာအတိ
အဆင့်1 ကျောင်းသူပီပီ စာကြည့်တိုက်မှာသာအချိန်ကုန်တတ်တဲ့ လီဆာဟာ ခါတိုင်းနဲ့မတူပဲ လူများနေတဲ့ စာကြည့်တိုက်မှာ လိုအပ်သည့်စာအုပ်ကိုသာငှားကာ တိတ်ဆိတ်ငြိမ်သက်တဲ့ တစ်နေရာမှာသာ စာဖတ်ရင်းအချိန်ကုန်ခဲ့သည်။
ရုတ်တရပ်မြည်လာတဲ့ဖုန်းသံက လီဆာရဲ့စာလုပ်နေခြင်းကိုရပ်တန့်သွားစေသည်။
" ပြောပါ အဖေ "
" ဒီနေ့ညနေ အဖေ့ပါတနာမိတ်ဆွေမိသားစုနဲ့ညအတူစားမှာမလို့ ပြီးရင် Message ပို့လိုက်မဲ့ Hotel ကိုလာခဲ့လိုက်နော် "
YOU ARE READING
Precious
RomanceUnicode : တန်ဖိုးအကြီးဆုံးလို့ဆိုရလောက်အောင် ငွေကြေးနဲ့ တိုင်းတာလို့မရတဲ့အထိ တန်ဖိုးရှိတဲ့ဖြစ်တည်မှုမျိုး.... Zawgyi : တန်ဖိုးအကြီးဆုံးလို့ဆိုရလောက်အောင် ငွေကြေးနဲ့ တိုင်းတာလို့မရတဲ့အထိ တန်ဖိုးရှိတဲ့ဖြစ်တည်မှုမျိုး....